စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန်* အများအကျိုးပြုခြင်းဖြင့်ပျော်ရွှင်မှုရပါစေ...။ (မည်သူမဆို မျှဝေယူနိုင်ပါသည်- ရွှေအိမ်စည်)

ပင်မစာမျက်နှာ

ဗဟုသုတ

ဘုရားသမိုင်း

တရားဒါန

ပညာရေး

ကျန်းမာရေး

နည်းပညာ

ကဗျာများ

စီးပွား/စီမံ

ဘလော့ပိုစ်များ

ဟင်းချက်နည်း

ထူးခြားဆန်းပြား

mp3 သီချင်းများ

ဟာသလွင်ပြင်


စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန

Friday 5 September 2014

၂၀၀၈ အခြေခံဥပဒေ ဆန္ဒခံယူပွဲ ကျင်းပရေးကော်မရှင်၏ လူဦးရေ စာရင်း ခြောက်သန်းကျော် ပိုနေခြင်းအပေါ် မေးခွန်းထုတ်

၂၀၀၈ အခြေခံဥပဒေ ဆန္ဒခံယူပွဲတွင် ထုတ်ပြန်ခဲ့သည့် လူဦးရေ ၅၇ သန်းနှင့် ၂၀၁၄ ခုနှစ် သြဂုတ်လ ၃၀ ရက်တွင် ဗဟိုသန်းခေါင်စာရင်း ကော်မတီမှ ထုတ်ပြန်သည့် လူဦးရေ ၅၁ ဒသမ ၄ သန်း တို့အကြား ၆ သန်း ကျော် ကွာဟနေခြင်းနှင့် ပတ်သက်၍ မေးခွန်းထုတ် ဝေဖန်မှုများ ထွက်ပေါ်လျက်ရှိသည်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆန္ဒခံယူပွဲတွင် မြန်မာနိုင်ငံရှိ လူဦးရေ ၅၇ သန်းကျော်အနက် ဆန္ဒမဲပေးခွင့်ရှိသူ ဦးရေမှာ ၂၇ သန်းကျော် ရှိပြီး ဖွဲ့စည်းပုံ အခြေခံ ဥပဒေမူကြမ်းကို အတည်ပြုပေးရန် ထောက်ခံသည့် ရာခိုင်နှုန်း မှာ ၉၂ ဒသမ ၄၈ ရာခိုင်နှုန်း ဖြစ်ကြောင်း ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ကျင်းပရေး ကော်မရှင်က ၂၀၀၈ ခုနှစ် မေ လ ၂၆ရက်တွင် ထုတ်ပြန် ကြေညာခဲ့သည်။

““အခု သန်းခေါင်စာရင်း ကောက်ယူမှုပေါ်မှာ အခြေခံပြီး ထုတ်ပြန်တဲ့ စာရင်းအမှန်နဲ့ အများဆုံး နီးစပ် နိုင်ပါတယ်။ UNFPA အပါအ၀င် နိုင်ငံတကာရဲ့ အကူအညီနဲ့ ထောက်ပံ့ထားတဲ့ စာရင်းဆိုတဲ့ အတွက်ကြောင့် ပေါ့။ စာရင်းဇယားတွေနဲ့ ပတ်သက်လို့က အရင်တုန်းက ခန့်မှန်းစာရင်းနဲ့ပဲ လုပ်နေကြတော့ အုပ်ချုပ်ရေး ယန္တရားပိုင်းက အလုပ်မလုပ်တဲ့ သဘောပေါ့။ လူကြီး အလိုကျ ကိန်းဂဏန်းတွေကို လိုသလို ပြောင်းလဲ တာတွေပေါ့။ ဘယ်တုန်းကမှ စာရင်းဇယားတွေဟာ မမှန်ကန်ခဲ့ဘူး။ အောက်ခြေက တင်လိုက်တဲ့ စာရင်းတွေက အလယ်လောက် ရောက်ရင် လိုအပ်သလို ပြောင်းလဲလိုက်တဲ့ အခြေအနေ တွေကြောင့်ပေါ့””ဟု နိုင်ငံရေး လေ့လာ သုံးသပ်သူ ဒေါက်တာသောင်းထွန်းက သုံးသပ် ပြောကြားခဲ့သည်။

ယင်းကဲ့သို့ စာရင်းဇယား ကွာဟမှုများနှင့် ပတ်သက်၍ UNFPA မှ Technical Team Adviser ဖြစ်သူ မစ္စတာ ဖရက်ဒရစ်က ““ဒါနဲ့ ပတ်သက်လို့တော့ UNFPA မှာ ဖြေနိုင်ခြင်းမရှိဘူး။ ၁၉၈၃က အချက်အလက်တွေပေါ်မှာ အခြေခံပြီး ၂ ရာခိုင်နှုန်း တိုးတာနဲ့ တွက်ရင် ၂၀၁၀ မှာ ၅၉ ဒသမ ၇ သန်း ရှိရမှာ၊ ၅၇ သန်း ဆိုတာက ဘယ်အပေါ်မှာ အခြေခံပြီး တွက်တယ် ဆိုတာကတော့ သက်ဆိုင်ရာ ကော်မရှင်ကိုပဲ မေးခွန်း ထုတ်စရာ ဖြစ်နေတယ်””ဟု ပြောသည်။

မြန်မာနိုင်ငံတွင် သန်းခေါင်စာရင်း ကောက်ယူရာ၌ ရှေ့ပြေးစာရင်းတွင် စာရင်း မကောက်ယူနိုင်သည့် ကချင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့၏ ခန့်မှန်းလူဦးရေကို ထည့်သွင်းထားပြီး နိုင်ငံရပ်ခြားသို့ သွားရောက် နေထိုင် အလုပ်လုပ်ကိုင်နေသူများနှင့် ပညာတော်သင် သွားရောက်နေသူများ စာရင်းကို ၂၀၁၅ ခုနှစ် မေလတွင် ထုတ်ပြန်မည့် ပင်မအစီရင်ခံစာ ထုတ်ပြန်ချိန်တွင် အသေးစိတ် ထည့်သွင်း ထုတ်ပြန် သွားမည်ဖြစ်ကြောင်း သြဂုတ်လ ၃၀ ရက်တွင် ကန်တော်ကြီးပဲလေ့စ် ဟိုတယ်၌ ပြုလုပ်သော သန်းခေါင်စာရင်း ရှေ့ပြေး ရလဒ်ဆိုင်ရာ သတင်းစာ ရှင်းလင်းပွဲတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာန ၀န်ကြီးဦးခင်ရီက ပြောကြားခဲ့သည်။

ယင်းကဲ့သို့ ဗဟိုသန်းခေါင်စာရင်း ကော်မတီမှ ရှေ့ပြေးလူဦးရေစာရင်း ထုတ်ပြန်လိုက်ခြင်းကြောင့် သန်း ၆၀ ကို အခြေခံ၍ တွက်ချက်ထားသော စာရင်းများတွင် လွဲချော်မှုများ ရှိနိုင်ကြောင်းကို ရခိုင်အမျိုးသားပါတီမှ ဒုတိယ အဖွဲ့ ခေါင်းဆောင် ဒေါက်တာအေးမောင်က ““ပြီးခဲ့တဲ့ ကောက်ခံတဲ့ စာရင်းတွေ ထက်စာရင် လက်ရှိဦးခင်ရီတို့ ကောက်တဲ့ စာရင်းက ယုံကြည်နိုင်ဖွယ် အရှိဆုံးစာရင်း ဇယားလို့တော့ ပြောလို့ရတယ်။ စာရင်းဇယား ကောက်တယ်ဆိုတာ သုံးတဲ့နေရာပေါ်မှာ မူတည်တာပဲလေ။ ရွေးကောက်ပွဲအတွက် ဆိုရင်လည်း စစ်မှန်တဲ့ ရွေးကောက်ပွဲ ဖြစ်အောင်၊ မဲပေးပိုင်ခွင့် အပြည့်အ၀ရအောင် လိုလားပါတယ်။ ဒီလိုကွာဟမှုတွေကို ပြောမယ်ဆိုရင် ကိုယ့်ပေါင် ကိုယ်လှန်ထောင်းသလို ဖြစ်နေတာပေါ့။ ၂၀၀၈ ဖွဲ့စည်းပုံကို မဲပေးစဉ်ကလည်း ကျွန်တော်တို့ ကိုယ်တိုင် ကန့်ကွက်ခဲ့တာလည်း ရှိပါတယ်။ ဒါပေမဲ့ အဲဒီ မဲဆန္ဒနယ်က အကုန်လုံး ထောက်ခံပါတယ် ဆိုတာမျိုးလည်း ဖြစ်သွား တာပေါ့။ မောင်တောနယ် အခြေအနေအရ ဆိုရင်တော့ ဒီအရင်က ယုံရခက်တယ်။ ပြန်စိစစ်ကြည့်ရင်တော့ သိနိုင်ပါတယ်””ဟု ပြောကြားခဲ့သည်။

၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံ၏ လူဦးရေမှာ ၆၀ ဒသမ ၉၈သန်းရှိကြောင်း အမျိုးသား စီမံကိန်းနှင့် စီးပွးရေး ဖွံ့ဖြိုး တိုးတက်မှု ၀န်ကြီးဌာနမှ ထုတ်ပြန်ထားပြီး ၂၀၁၄ ခုနှစ် မတ်လ ၃၁ ရက်မှ ဧပြီလ ၁၀ရက်အထိ သန်းခေါင်စာရင်း ကောက်ယူခဲ့သော စာရင်းများအရ သန်းခေါင်စာရင်း ကောက် ယူနိုင်မှု မရှိသော ဒေသများ အပါအ၀င် မြန်မာနိုင်ငံ၌ လူဦးရေ (၅၁၄၁၉၄၂၀) ရှိကြောင်း ဗဟိုသန်းခေါင်စာရင်း ကော်မတီမှ ထုတ်ပြန် ထားသည်။

သဉ္ဇာဆွေ

မြန်မာသံတော်ဆင့်သတင်းဌာန - www.facebook.com/myanmarherald

0 comments:

Post a Comment

.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙အကြောင်းအမျိုးကြောင့်ဆက်သွယ်လိုလျှင်.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙

foxyform