စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန်* အများအကျိုးပြုခြင်းဖြင့်ပျော်ရွှင်မှုရပါစေ...။ (မည်သူမဆို မျှဝေယူနိုင်ပါသည်- ရွှေအိမ်စည်)

ပင်မစာမျက်နှာ

ဗဟုသုတ

ဘုရားသမိုင်း

တရားဒါန

ပညာရေး

ကျန်းမာရေး

နည်းပညာ

ကဗျာများ

စီးပွား/စီမံ

ဘလော့ပိုစ်များ

ဟင်းချက်နည်း

ထူးခြားဆန်းပြား

mp3 သီချင်းများ

ဟာသလွင်ပြင်

စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန

Tuesday 9 September 2014

ရှောင်ကြဉ်ထိုက်သော ပုဂ္ဂိုလ် (၁၅)ယောက်

ရှောင်ကြဉ်ထိုက်သော ပုဂ္ဂိုလ် (၁၅)ယောက်
==============================
၁။ ယုတ်မာသောအလိုဖြင့် မိမိမှာ ထင်ရှားမရှိသော ဂုဏ်ကျေးဇူးကို တောင့်တသော ပုဂ္ဂိုလ်
၂။ မိမိကိုယ်ကိုချီးမွမ်း၍ သူတစ်ပါးကို ရှုတ်ချတတ်သော ပုဂ္ဂိုလ်
၃။ အမျက်ဒေါသ နှိပ်စက်သော ပုဂ္ဂိုလ်
၎။ အမျက်ထွက်ခြင်းဖြင့် ရန်ငြိုးဖွဲ့သော ပုဂ္ဂိုလ်
၅။ အကြိမ်များစွာ အမျက်ထွက်သော ပုဂ္ဂိုလ်
၆။ ဒေါသပါသော အသံဖြင့်စကားဆိုသော ပုဂ္ဂိုလ်
၇။ ဆိုဆုံးမသောသူကို ဆန့်ကျင်သောသဘောဖြင့် စကားဆိုသော ပုဂ္ဂိုလ်
၈။ ဆိုဆုံးမသောသူကို ပြန်လှန်ပြောဆိုအပြစ်တင်သော ပုဂ္ဂိုလ်
၉။ ဆိုဆုံးမသောအခါ အတင်းအဖျင်းပြော၍ ဖုံးကွယ်ပြီး ပြင်ပသို့ ထိုစကားကို ရောက်စေသော ပုဂ္ဂိုလ်
၁၀။ ဆိုဆုံးမသောအခါ ပြေပြေပြစ်ပြစ် လည်လည်ပတ်ပတ် မပြောဆိုနိုင်သော ပုဂ္ဂိုလ်
၁၁။ သူတစ်ပါး၏ ဂုဏ်ကိုချေဖျက်ပြီး ပြိုင်ဆိုင်ချင်သော ပုဂ္ဂိုလ်
၁၂။ သူတစ်ပါး ဥစ္စာရသည်ကို မနာလို၊ မိမိဥစ္စာကို ၀န်တိုတတ်သော ပုဂ္ဂိုလ်
၁၃။ မိမိအပြစ်ကို ဖုံးကွယ်ပြီး စဉ်းလဲကောက်ကျစ်သော ပုဂ္ဂိုလ်
၁၄။ လွန်စွာခက်ထန်၍ အလွန်မာနကြီးသော ပုဂ္ဂိုလ်
၁၅။ မိမိ၏ မှားသောအယူအဆကို စွဲမြဲစွာ လက်ခံပြီး မစွန့်လွှတ်နိုင်သော ပုဂ္ဂိုလ် စသည်တို့ ဖြစ်ကြသည်။

Credit ...မူရင်းစာရေးသူသို့ .....(မူရင်းရေးသူအမည်မပါပါ)
 
Photo: ရှောင်ကြဉ်ထိုက်သော ပုဂ္ဂိုလ် (၁၅)ယောက်

0 comments:

Post a Comment

.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙အကြောင်းအမျိုးကြောင့်ဆက်သွယ်လိုလျှင်.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙

foxyform