စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန်* အများအကျိုးပြုခြင်းဖြင့်ပျော်ရွှင်မှုရပါစေ...။ (မည်သူမဆို မျှဝေယူနိုင်ပါသည်- ရွှေအိမ်စည်)

ပင်မစာမျက်နှာ

ဗဟုသုတ

ဘုရားသမိုင်း

တရားဒါန

ပညာရေး

ကျန်းမာရေး

နည်းပညာ

ကဗျာများ

စီးပွား/စီမံ

ဘလော့ပိုစ်များ

ဟင်းချက်နည်း

ထူးခြားဆန်းပြား

mp3 သီချင်းများ

ဟာသလွင်ပြင်


စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန

Sunday 21 September 2014

မိခင်အတွက် နို့တိုက်ခြင်း၏ အကျိုးကျေးဇူးများ

မိခင်အတွက် နို့တိုက်ခြင်း၏ အကျိုးကျေးဇူးများ
ဒေါက်တာ အိအိခင် (ကလေး)
အချို့အမျိုးသမီးတွေသည် မိမိကလေးကို နို့တိုက်ခြင်းဖြင့် မိမိရဲ့သားမြတ်များတွဲကျပြီးပုံပျက်မှာကို စိုးရိမ်တတ်ကြပါတယ်။ ကလေးမွေးပြီးတဲ့ မိခင်ရဲ့ သားမြတ်အရွယ် အစားပြောင်းလဲတတ်သလို အနည်းငယ်လည်း တွဲနိုင်ပါတယ်။ ဒါကတော့ ကိုယ်ဝန်ဆောင်ခြင်းကြောင့်သာဖြစ်ပြီး နို့တိုက်လို့ မဟုတ်ပါဘူး။
ကလေးငယ်ကို မိမိရဲ့နို့တိုက်ခြင်းဖြင့် ကိုယ်ဝန်ဆောင်စဉ်က တိုးခဲ့တဲ့ အလေးချိန်ကို ကျစေပါတယ်။ မိမိရဲ့နို့ချိုတိုက်ကျွေးနေစဉ်မှာ Ocytocin လို့ခေါ်တဲ့ ဟော်မုန်းများလည်း ထွက်ရှိနေတဲ့အတွက် နို့ရည်အထွက် အားကောင်းစေတဲ့အပြင် ကလေးသန္ဓေတည်ခဲ့တဲ့ မိခင်ရဲ့ သားအိမ်ဟာလည်း ကိုယ်ဝန်မဆောင်သေးစဉ်က အရွယ်အစားကို ပြန်လည်ရောက်ရှိစေနိုင်ပါတယ်။ ဒါတွေတင်မကပါဘူး နို့ချိုတိုက်ကျွေးတဲ့မိခင်များဟာ သားမြတ်ကင်ဆာရောဂါမှလည်း ပိုကင်းဝေးနိုင်တာတွေ့ရပါတယ်။
မိခင်နို့ရည်မှာပါဝင်တဲ့ ဗီတာမင်ဓါတ်တွေဟာ ကလေးရဲ့ ကျန်းမာရေးအတွက် အရေးကြီးပါတယ်။ ဒါကြောင့် မိခင်အနေနဲ့လည်း ကျန်းမာပြီးအာဟာရရှိတဲ့ အစားအစာတွေကို ပြည့်ပြည့်၀၀စားဖို့လိုအပ်သလို နေ့စဉ်အားဆေးများကိုလည်း မှီဝဲသင့်ပါတယ်။
မိခင်နို့ရည်မှာရော နို့မှုန့်မှာပါ သတ္တုဓါတ်များဖြစ်တဲ့ မဂ္ဂနီဆီယမ်၊ ကယ်လဆီယမ်နဲ့ ဖော့စဖရပ်(စ်)များ ပါဝင်ပါတယ်။ ဒီသတ္တုဓါတ်တွေဟာ အရိုးနဲ့ ကြွက်သားများကြီးထွားဖို့အတွက် အလွန်အရေးပါပါတယ်။
ကလေးငယ်များမွေးဖွားလာရာမှာ သဘာဝအရ သံဓါတ် လုံလုံလောက်လောက် ပါရှိပါတယ်။ အဲဒီ သံဓါတ်တွေဟာ လေးလလောက်အထိ ခံနိုင်ပါတယ်။ လေးလနောက်ပိုင်းမှာတော့ ကလေးကို သံဓါတ်ပါတဲ့ အားဆေးတစ်မျိုးတိုက်ကျွေးသင့်ပါတယ်။
ဇင့်၊ ကြေးဓါတ်နဲ့ ဖလိုရိုက်တွေဟာလည်း မရှိမဖြစ်လိုအပ်တဲ့ သတ္တုဓါတ်တွေပါ။ ဇင့်နဲ့ ကြေးဓါတ်ကတော့ မိခင်ရဲ့နို့ရည်မှာရော၊ နို့မှုန့်မှာပါပါဝင်နေပေမယ့် ဖလိုရိုက်ကတော့ မပါဝင်ပါဘူး။ ဖလိုရိုက်ဟာ ကလေးငယ်သွားတွေ ပျက်စီးခြင်းမှ ကာကွယ်ပေးနိုင်ပါတယ်။
မိမိရဲ့ကလေးငယ်ကို ပြနေကျကလေးဆရာဝန် (သို့) နားလည်တတ်ကျွမ်းသူများကိုလည်း မိမိအနေနဲ့ မေးမြန်းသင့်ကြောင်း အကြံပြုချင်ပါတယ်။
ဒေါက်တာအိအိခင် (ကလေး)

0 comments:

Post a Comment

.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙အကြောင်းအမျိုးကြောင့်ဆက်သွယ်လိုလျှင်.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙

foxyform