စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန်* အများအကျိုးပြုခြင်းဖြင့်ပျော်ရွှင်မှုရပါစေ...။ (မည်သူမဆို မျှဝေယူနိုင်ပါသည်- ရွှေအိမ်စည်)

ပင်မစာမျက်နှာ

ဗဟုသုတ

ဘုရားသမိုင်း

တရားဒါန

ပညာရေး

ကျန်းမာရေး

နည်းပညာ

ကဗျာများ

စီးပွား/စီမံ

ဘလော့ပိုစ်များ

ဟင်းချက်နည်း

ထူးခြားဆန်းပြား

mp3 သီချင်းများ

ဟာသလွင်ပြင်


စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန

Tuesday 9 September 2014

ရူးတိုးတိုး…………………. ကွဲနေသည်။

ရူးတိုးတိုး…………………. ကွဲနေသည်။

(ကွဲနေယ်ဆိုလို့စိတ်ဝင်စားသွားလား……ဟုတ်တယ်.ကွဲနေတယ်…….မောင့်ကြောင့်
အသည်းတွေကွဲနေတာ)
မောင်…. ……………..

မောင်ကျွန်မကိုလုပ်ရက်တယ်နော်…(လမ်းခွဲတာကိုပြောပါတယ်……….တမျိုးမထင်ပါနဲ့..ရှင်းပြရတာ….feel
အောက်တယ်)
မောင်ရယ်.ကျွန်မကိုမပစ်ဘူး……မပစ်ဘူးဆိုပြီးလက်ထဲမှာက…….ခဲကြီးနဲ့………..
ငါးစိမ်းမြင်လို့ငါးကင်ပစ်သွားတဲ့မောင်ကိုကျွန်မဘယ်လိုနားလည်ရမှာလဲ…………….
ဒါတွေပြောနေလဲ.မောင့်အတွက်ကျွဲပါးစောင်းတီးဖြစ်နေမှန်းသိပေမဲ့…….မောင်ရယ်ကျွန်မပြောပါရစေ……..
မစားရတဲ့အမဲသဲနဲ့ပတ်တယ်လို့ပဲပြောပြော……….. ကျွန်မပြောပါရစေ….
အတိတ်
မောင်ကလေကျွန်မကိုစတွေ့တုန်းက………………ချစ်တယ်ချစ်တယ်ဆိုပြီ……
ခရားရေလွတ်တတွတ်တွတ်ပြောခဲ့တာ…………..ငါးကြော်မကြိုက်ကြောင်မိုက်ဆိုသလို.
မောင့်လို.အုတ်စာပေါ..ရုပ်ချောကိုမှပြန်မကြိုက်ရင်.ကျွန်မလူမိုက်ဖြစ်သွားမှာပေါ့

မောင့်လိုပျော့ပျော့လေးနဲ့နံတဲ့ကြောင်ချီးဆိုပြီး……..
သူငယ်ချင်တွေတားနေတဲ့ကြားထဲက……………
ငါ့လှေငါထိုး.ပဲခူးရောက်ရောက်…ငါ့မြင်းငါစိုင်း.စစ်ကိုင်းရောက်ရောက်……………..ဆိုပြီး
မောင့်ကိုကျွန်မလက်ခံခဲ့တာလေ………. ဒါပေမဲ့.မောင်နောက်ကျတော့
ကျောချမှ ဓားပြမှန်းသိ…….ဖွတ်ထွက်မှတောင်ပို့မှန်းသိ………သလို.မောင့်အကြောင်းတွေသိခဲ့ရတယ်
မောင်ဟာကျွန်မနောက်ကွယ်မှာ.ငါးရံနှစ်ကောင်တပြိုင်နက်ဖမ်းနေတယ်ဆိုတာပဲ………………
ကျွန်မနဲကထိပ်တိုက်တွေ့တာတောင်မှဘဲ.မောင်ကဆင်သေကိုဆိတ်သားရေနဲ့ဖုံးချင်သေးတယ်
သူငယ်ချင်းတွေကတော့ပြောပါတယ်……….အပြစ်တင်ကြတယ်.ကိုယ်စိးတဲ့မြင်းအထီးမှန်းမသိ.အမမှန်းမသိတဲ့
မောင်ရယ်အဲဒီတုန်းကကျွန်မမေးလိုက်ရမှာ……………..ခိုးစားတဲ့အသီးချိုတယ်ဆိုတာဟုတ်လားလို့
ဒါမေမဲ့မောင့်ရဲ့…………
အဲဒီအချိန်က..မျက်နှာကိုမြင်လိုက်ရတော့.ကျွန်မလေ…ပျက်အဆင်ပြင်ခဏ.ဆိုပြီးမောင့်ကိုခွင့်လွတ်ခဲ့တယ်…..
မောင့်ကလဲကျွန်မကို. ယုံအောင်အယုံသွင်းခဲ့တာကို
ခွေးစကားပုဏ္ဏားယုံ.ဆိုသလိုမောင့်စကားကိုကျွန်မ..ချစ်တဲ့စိတ်နဲ့.လုံးဝယုံခဲ့တယ်မောင်…………
နောက်တော့ မောင်က….ဒုံရင်းကဒုံရင်းပါပဲ…………………
ဘယ်သုမပြုမိမိမှု .ဆိုသလို…………..မောင့်ကိုအပြစ်မတင်ပါဘူး…………..
အရိပ်ပြလို့မှအကောင်မမြင်တဲ့ကျွန်မအပြစ်ပါဘဲ.
ကျွန်မလေ.မောင်ကျွန်မကို..လမ်းခွဲစကားပြောတဲ့အချိန်မှာလေ……..
ကလေးကျမှလှေကားထောင်…..သူခိုးပြေးမှထိုးကွင်းထဆိုသလို……………….
ဘာလုပ်ရမှန်းကိုမသိတော့ဘူး
လက်ရှိဘဝ
မောင်………..အခုတော့ကျွန်မခံနိုင်ရည်ရှိသွားပါပြီ……………………….
ကျွန်မဘယ်သူကိုမှဒီအကြောင်းတွေမပြောချင်ဘူး………..ဟောင်လွန်းသည့်ခွေးလူမလေး…..ဆိုသလို.
ကျွန်မကိုပတ်ဝန်းကျင်ကမုန်းသွားလိမ့်မယ်……………….ပြီးတော့ကိုယ့်ငါချဉ်ကိုယ်ချဉ်တာတော့မဟုတ်ပါဘူး.
ကျွန်မရဲ့အရည်အချင်းနဲ့……………………….မောင့်ထက်သာတာတော့အေးဆေးရနိုင်တယ်မောင်
သိသာသိစေမမြင်စေနဲ့……….လိုပဲဆိုဆို.ကျွန်မကတော့မောင့်ကိုစိန်ခေါ်လိုက်တယ်…………
အမိမဲ့သားရေနဲငါးလိုမျိုး..ကျွန်မကိုစိတ်ဓါတ်ကျတယ်မထင်ပါနဲ့…………………မောင်လဲ..
လည်လွန်းတဲ့ဘီးချီးသင့်နေဦးမယ်နော်……အဲဒီအချိန်မှ.လွတ်သွားတဲ့ငါးကပိုကြီးတယ်ဆိုပြီးပြန်လာရင်တော့..
ကျွန်မကလက်ခံမယ်များမှတ်နေလား…………
ကတုံးပေါ်ထိပ်ကွက်တော့ကျွန်မမလုပ်ရက်ပါဘူး…………ငါးကြင်းဆီနဲ့ငါးကြင်းကြော်ရုံလေးပါ…………….
မောင်အခုကျွန်မလေ
.မောင်မရှိတဲ့အချိန်မှာ…….ပျော်ပျော်နေသေခဲ……ဆိုပြီးပျော်နေတယ်ဆိုတာတော့သိထားပါ………………..
ပုဆိုးကြားကလက်သီးပြ………တယ်လို့မထင်ပါနဲ့………….
မောင့်ကိုနောက်ဆုံးသတိပေးချင်တာကတော့…အခုခေတ်ကလေ…..ဖက်ပေါ်ဆူးကျလည်းဖက်ပေါက်
ဆုးပေါ်ဖက်ကျလည်းဖက်ပေါက်.ဆိုတဲ့ခေတ်မဟုတ်ဘူးနော်…………….
ဥပေါ်ခဲကျလည်းဥပဲကွဲတာ…..ခဲပေါ်ဥကျလည်းဥကွဲတဲ့……………….ခေတ်ရောက်နေပြီဆိုတာပါ။

ပျင်းလို့ ပါနော်..
ဘာမှမဟုတ်ဘူး
ကိုယ့်ဘာသာရယ်ချင်လို့ 
ခင်မင်တဲ့ ရွှေအိမ်စည်

0 comments:

Post a Comment

.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙အကြောင်းအမျိုးကြောင့်ဆက်သွယ်လိုလျှင်.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙

foxyform