စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန်* အများအကျိုးပြုခြင်းဖြင့်ပျော်ရွှင်မှုရပါစေ...။ (မည်သူမဆို မျှဝေယူနိုင်ပါသည်- ရွှေအိမ်စည်)

ပင်မစာမျက်နှာ

ဗဟုသုတ

ဘုရားသမိုင်း

တရားဒါန

ပညာရေး

ကျန်းမာရေး

နည်းပညာ

ကဗျာများ

စီးပွား/စီမံ

ဘလော့ပိုစ်များ

ဟင်းချက်နည်း

ထူးခြားဆန်းပြား

mp3 သီချင်းများ

ဟာသလွင်ပြင်

စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန

Sunday 21 September 2014

ခြေဗလာ လမ်းလျှောက်ခြင်းရဲ့ ကောင်းကျိုးလေးများ

ကျောက်စရစ်ခဲလုံးလေးတွေပေါ်ဖိနပ်မပါဘဲလမ်းလျှောက် နေတာကို မြင်ဖူးကြမှာပါ။ မြေပြန့် ပေါ် မလျှောက်ဘဲ ဘာ့ကြောင့် တကူးတက ခဲလုံးပေါ် လမ်းလျှောက် ကြရတာလဲ? ဖိနပ်ချွတ်ပြီး ဘာ့ကြောင့် ခက်ခက်ခဲခဲ လမ်းလျှောက် ကြရတာလဲ?

၁) သွေးကျစေပါတယ်။

အမေရိကန်နိုင်ငံမှာ သွေးတိုးရောဂါရှိသူ သက်ကြီး ရွယ်အိုများကို ရက်သတ္တ ၁-ပတ်လျှင် ၃နာရီဖြင့် အချိန်ကာလ ၄-လကြာမျှ ကျောက်စရစ်ခဲတွေပေါ် ခြေဗလာဖြင့် လမ်းလျှောက်စေခဲ့ရာ၊ သိသိ သာသာ သွေးတိုး ကျသွားပါတယ်။ သွေးတိုးရောဂါသည်များ အဲဒီ လျှောက်ပေးခြင်းက မြေပြင်ညီပေါ်ဖိနပ် စီး၍ ပုံမှန်လမ်းလျှောက်ခြင်းထက် ပိုမိုကောင်းကျိုး ဖြစ်စေတယ်လို့  ၂၀၀၅ ခုနှစ် ထုတ် “ The American Geriatrics Society ” (ခေါ်) “အမေရိကန် သက်ကြီးရွယ်အို လူ့ ဘောင်အဖွဲ့ ” လို့  အမည်ရတဲ့ ဂျာနယ် တစ်စောင်မှာ ဖော်ပြထားပါတယ်။

၂) အာရုံစူးစိုက်မှု ကောင်းလာစေပါတယ်။

အာရုံစူးစိုက်ပြီး ခြေလှမ်းတိုင်းကို ဖြေးဖြေးနဲ့ မှန်မှန် လှမ်းလျှောက်ရခြင်းကြောင့် သက်ကြီးပိုင်း ဆိုင် ရာ အသိအာရုံ ကောင်းမွန် တိုးတက်လာပါတယ်။

၃) စိတ်တက်ကြွမှုဖြစ်စေပါတယ်။

ဘသာဝပထ၀ီ မြေကြီးဓာတ်ရဲ့  ထူးခြားသောအကျိုးအာနိသင်ကြောင့် ရုပ်ပိုင်းဆိုင်ရာရော၊ စိတ် ပိုင်း ဆိုင်ရာပါ ကောင်းကျိုး ပြုပါတယ်။ အထူးသဖြင့် စိတ်ဓာတ်ကျခြင်းနှင့် စိတ်ပူပင်သောကများကို အလိုအလျောက် ပြေလျော့ သွားတယ်လို့ ဆိုပါတယ်။

၎) ခြေဖ၀ါး အနှိပ်ခံသကဲ့သို့ ထိရောက်မှုဖြစ်စေပါတယ်။

ခြေဖ၀ါးဟာ ခန္ဓာကိုယ် အစိပ်အပိုင်းများရဲ့ အကြောစုံဖြစ်သလို၊ ခန္ဓာကိုယ်တွင်းကလီစာများနှင့် လည်း ဆက်နွယ် နေလို့  ခြေဖ၀ါးနှိပ်နယ် ကုသမှုခံယူ နေကြခြင်းဖြစ်ပါတယ်။ ယခုလို ကျောက် စရစ်ခဲတုံးလေးတွေပေါ် ခြေဗလာဖြင့် လမ်းလျှောက်ခြင်းက လက်ဖြင့်  နှိပ်နယ်ခံရသကဲ့သို့ အကျိုးအာနိသင် ရှိစေလို့ ၊ ငွေမကုန်ဘဲ ရောဂါ သက်သာစေတဲ့ နည်းလမ်းကောင်းပါဘဲ။

၅) ကြွက်သားများကို ကျမ္မာစေပါတယ်။

ကျောက်စရစ်ခဲများပေါ် ခြေကြွလှမ်းလျှောက်ခြင်းကြောင့် ခြေဖနောင့်-ခြေဖ၀ါးအလယ်-ခြေချောင်းစသည်ဖြင့် ခြေဖ၀ါးတပြင်လုံး သွေးလည်ပတ်မှု ကောင်းစေကာ၊ ဖြေဖ၀ါးကြွက်သားများကို ကျမ္မာ ကြံ့ ခိုင်လာစေပါတယ်။ လွန်ခဲ့သော နှစ် ၂၀၀၀ ခန့် က ခြေနင်း ဖိနပ်လုံးဝမစီးဘဲ ခြေဗလာဖြင့်လှည့်လည် သွားလာ
ရှင်သန်ခဲ့ကြသည့် ဇူးလူး လူမျိုးတို့ ရဲ့  ကျောက်ဖြစ်ရုပ်ကြွင်း အရိုးစုများကို ပြန် လည်ေ လ့လာစမ်းစစ်ကြည့်ရာ ယနေ့ ခေတ်အရိုးစုနဲ့ မတူ ခြေချောင်းရိုးလေးများ သန်မာကြကြောင်း လေ့လာတွေ့ ရှိရ ပါတယ်။

၆) ခြေထောက်ယောဂ လေ့ကျင့်ခဏ်း ယူခြင်း တစ်မျိုးပါဘဲ။

ခြေဖ၀ါးကို ဟန်ချက်ညီညီ ကျောက်စရစ်ခဲပေါ် ထိန်းပြီး ကိုယ်ကိုမတ်မတ်ထားကာ ခြေဆန့် လမ်းလျှောက်ခြင်း ကြောင့် ကြွက်သား နှင့်အရိုးစပ်ကြားရှိ အရွက်ကြောလုံးများ၊ ခြေ တစ်ချောင်းစီရဲ့  အရိုးများကို ဆက်သွယ် ထားသည့် အရွတ်ပြားများ နှင့် အရိုးအဆစ် အဆက်များကို ကျန်းမာကြံ့ ခိုင်စေသည့်ပြင်၊ ဒူးနာ-ခါးနာတို့ ကို ပါ ပျောက်ကင်းစေပါလို့  ခြေထောက်ယော ဂကျင့်စဉ် အထူး လုပ်နေစရာ မလိုတော့ပါဘူး။

၇) ညဘက်နှစ်ခြိုက်စွာ အိပ်မောကျစေပါတယ်။

နှစ်ခြိုက်စွာအိပ်မောကျစေလို့ နာတာရှည် အိပ်မပျော်သူများအတွက် အကောင်းဆုံးကုထုံး လို့ ဆိုပါတယ်။

၈) ဇီဝကမ္မဖြစ်စဉ်ကို အလုံးစုံ တိုးတက်စေပါတယ်။

လူ့ ခန္ဓာကိုယ်ကို ရေဓာတ် ၆၀%နဲ့ ဖွဲ့ စည်းတည် ဆောက်ထားတာပါ။ ကမ္ဘာပထ၀ီမြေကြီးရဲ့  အစိပ်အပိုင်း တစ်ခု ဖြစ်တဲ့ ကျောက်စရစ်ခဲထဲမှာ (-)သံဓာတ်များ ပါရှိပါတယ်။ ထိုကျောက်စရစ်ခဲပေါ် ခြေဗလာ လမ်းလျှောက်ခြင်းဖြင့် ခြေဖ၀ါး အပူဓာတ်ကနေ (-)သံ ဓာတ်များကို ယခန္ဓာထဲ စီးဝင်လာပြီး၊ အဆိပ်အတောက်ပြေစေခြင်း/ကိုယ်တွင်း ကိုယ်ပရောင်ရမ်းနာများ ကိုသက်သာစြေ ခင်း/ ဟိုမုန်းမျှတခြင်း/စိတ်ပိုင်းဆိုင်ရာကျမ္မာစေခြင်း …စသည်ဖြင့် ကောင်းကျိုးများခံစားရစေပါ တယ်။ ရေစွတ်စိုသော သဲသောင်ပြင် ပေါ် ဖိနပ်မပါဘဲလမ်းလျှောက်ခြင်းကလည်း ထိုကျမ္မာေ ရးအကျိုးကျေးဇူးများကို ရနိုင်ပါတယ်။

၉) ပျော်ရွှင်စရာလေ့ကျင့်ခဏ်းတစ်မျိုးပါ။

နေခြည်နုနုအောက် လေကောင်းလေသန့် ရှုရှိုက်ရင်း၊ ကျောက်စရစ်ခဲလမ်းကလေးပေါ် ဖြည်းဖြည်းမှန်မှနှ် လမ်းလျှောက်ကာ မိမိအားသန်ရာ သီးချင်းသီဆိုခြင်း (သို့ မဟုတ်) ဘုရားစာရွတ်ဖတ်ခြင်း (သို့ မဟုတ်) တရား ရှုမှတ်ခြင်းဖြင့် လူးလာခေါက်တုန့် လျှောက်ခြင်းက စိတ်နှလုံးအေး ချမ်းစေတဲ့ ပျော်ရွှင်ဖွယ်ရာ အားကစား လေ့ကျင့်ခဏ်းလေးပါဘဲ။

(ဆောင်းပါးရှင်…ပေါက်ပေါက်..မျှဝေသည်)
(ကိုးကား…Health Benefits of Bare feet )
 — with Shwe Arlu and 2 others.

Photo: ခြေဗလာ လမ်းလျှောက်ခြင်းရဲ့ ကောင်းကျိုးလေးများ

0 comments:

Post a Comment

.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙အကြောင်းအမျိုးကြောင့်ဆက်သွယ်လိုလျှင်.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙

foxyform