စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန်* အများအကျိုးပြုခြင်းဖြင့်ပျော်ရွှင်မှုရပါစေ...။ (မည်သူမဆို မျှဝေယူနိုင်ပါသည်- ရွှေအိမ်စည်)

ပင်မစာမျက်နှာ

ဗဟုသုတ

ဘုရားသမိုင်း

တရားဒါန

ပညာရေး

ကျန်းမာရေး

နည်းပညာ

ကဗျာများ

စီးပွား/စီမံ

ဘလော့ပိုစ်များ

ဟင်းချက်နည်း

ထူးခြားဆန်းပြား

mp3 သီချင်းများ

ဟာသလွင်ပြင်


စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန

Saturday 27 June 2015

"အပြစ်ကင်းလျှက်ပါချစ်သူ..။"

"အပြစ်ကင်းလျှက်ပါချစ်သူ..။"
-----------------------
အပေါ်ယံလေး ချစ်ပြယုံနဲ့
ငါကျေနပ်နေမိတယ်
နောက်ကွယ် မှာဘာတွေဖြစ်ဖြစ်
ငါခွင့်လွှတ်နေမိတယ်
ရန်ဖြစ်တိုင်းလဲ
ငါအရှုံးပေးနေမိတယ်

အရာရာ မင်းစိတ်တိုင်းကျ
ငါနေခဲ့မိတယ်..
မင်းဘာပဲလုပ်လုပ်
ငါအကောင်းမြင်ပေးနေမိတယ်
ဒီလောက်နားလည်ပေးတာ...
ငါချစ်တဲ့ အချစ်မျိုး
မြုံမှုန်လောက် ပြန်ရင်
ငါအချစ်ကို စံပြဖြစ်ထားမယ်
ဒါလဲ ငါအတွက် စိတ်ကူးလေးပါ...
ငါရင်ခွင်ကို စုံကန်
ရင်ခွင် သစ်ကိုရှာလည်း
အပြုံးလေးနဲ့ ကြိတ်ခံစားမယ်
သူပျော်ပါစေလို့ ဆုတောင်ရင်း
မပြီးဆုံးတဲ့ မနတ်ဖြန်များကို
ခေါင်းငိုက်စိုက်နဲ့
လျှောက်လှမ်းရတော့မယ်....
တကယ်လိုများ...
ရင်ခွင်သစ်မှာ မပျော်
တော်တော်ပဲ စိတ်အိုက်
သိပ်မိုက်တဲ့ အတွေးတွေ
ဝင်ခဲ့ရင်တောင်..
ထင်ရာတွေ လျှောက်မလုပ်နဲ့
ရင်ခွင်ဟောင်းစီပြန်လာခဲ့ပါ ချစ်သူရယ်...
ဆောင်းအလှကဗျာမှာ သောကမပါဘူး
နှင်း ပွင့်ဘဝမှာအမဲစက်မပါဘူး
အချိန်မှန်သောနှင်း မှာလိမ်လည်မရှိဘူး
ငါအချစ်မှာလဲ ဆောင်းနှင့်ထပ်တူ
ဟန်ဆောင်မှုတွေ ဖယ်ကွာရှင်း
အပြစ်ကင်းလျက်ပါ
ချစ်သူ......။
ရွှေအိမ်စည်
Shweaeimsi Samsung Aeimsi Shwe Aeim Si Shwe Arlu

0 comments:

Post a Comment

.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙အကြောင်းအမျိုးကြောင့်ဆက်သွယ်လိုလျှင်.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙

foxyform