စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန်* အများအကျိုးပြုခြင်းဖြင့်ပျော်ရွှင်မှုရပါစေ...။ (မည်သူမဆို မျှဝေယူနိုင်ပါသည်- ရွှေအိမ်စည်)

ပင်မစာမျက်နှာ

ဗဟုသုတ

ဘုရားသမိုင်း

တရားဒါန

ပညာရေး

ကျန်းမာရေး

နည်းပညာ

ကဗျာများ

စီးပွား/စီမံ

ဘလော့ပိုစ်များ

ဟင်းချက်နည်း

ထူးခြားဆန်းပြား

mp3 သီချင်းများ

ဟာသလွင်ပြင်


စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန

Saturday 6 June 2015

ရဟန်းမခံသင့်သူများ ???

ရဟန်းမခံသင့်သူများ ???
==========
၁။ အနုပဇ္ဈာယက - ရဟန်ခံပေးမည့် တာဝန်ခံ ဥပေဇ္ဈာယ်ဆရာ မရှိသူ၊
၂။ သံဃုပဇ္ဈာယက - ဥပေဇ္ဈာယ် ရှိသော်လည်းတပါးတည်းမဟုတ်ပဲ သံဃာအများကြီး ဖြစ်နေသူ၊
၃။ ဂဏုပေဇ္ဈာယက - ဂိုဏ်းသံဃာဟူသော ဥပေဇ္ဈာယ် ရှိသူ၊
၎။ ဆရာဥပေဇ္ဈာယ်သည် ပဏ္ဍုပ်အခြောက်ဖြစ်နေလျင်၎င်း၊ အသွင်ခိုးဖူးသူ ဖြစ်နေလျင်၎င်း၊ တိရိ စ္ဆာန်ဇာတ် ဖြစ် နေလျင်၎င်း၊ ပဉ္စာနန္တရိယကံကြီး ၅ပါး တွင် တပါးပါး ကျူးလွန်ဖူးသူဖြစ်လျင်၎င်း၊ ဥဘတော ဗျည်းဖြစ်နေလျင်၎င်း ရဟန်းခံ မပေးကောင်းပါ၊ ( အရေအတွက်များသော်လည်း အင်္ဂါတပါးသာ ယူရပါမည် )
၅။ အပတ္တက - ကိုယ်ပိုင် သပိတ် မရှိသေးသူ၊
၆။ အစီဝရက - ကိုယ်ပိုင် သင်္ကန်း မရှိသေးသူ၊
၇။ အပတ္တ စီဝရက - ကိုယ်ပိုင် သပိတ်ရော သင်္ကန်းပါ မရှိသေးသူ၊
၈။ ယာစိတက ပတ္တ - ကိုယ်ပိုင်မဟုတ်ပဲ သူတပါးဆီက ခေတ္တငှါးရမ်းထားသော သပိတ်ဖြင့် ရဟန်းခံ လိုသူ၊
၉။ ယာစိတက စီဝရက - ခဏငှါးထားသော သင်္ကန်းဖြင့် ရဟန်းခံလိုသူ၊
၁၀။ ယာစိတက ပတ္တစီဝရက - ခဏငှါးထားသော သပိတ် သင်္ကန်း ၂ မျိုးလုံးဖြင့် ရဟန်းခံလိုသူ၊

အထက်ပါ နံပါတ်စဉ် ( ၁ ) မှ ( ၁၀) အထိ သာသနာ့ဘောင် ၀င်လိုသူများသည် ရဟန်းခံလျင် ရဟန်း ဖြစ်၏၊ သို့ပါ သော် လည်း ဆရာဥပေဇ္ဈာယ်ဖြစ်သော ဆရာတော်မှာ ဒုက္ကဋ်အာပတ် သင့်၏။
ကျမ်းကိုး။ ။ န ဥပသမ္ပာဒေတဗ္ဗေက ၀ီသတိဝါရ
မဟာခန္ဓက၊ ၀ိနည်း မဟာဝါပါဠိတော်၊ ၀ိနယပိဋက၊
ရွှေအိမ်စည်

0 comments:

Post a Comment

.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙အကြောင်းအမျိုးကြောင့်ဆက်သွယ်လိုလျှင်.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙

foxyform