စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန်* အများအကျိုးပြုခြင်းဖြင့်ပျော်ရွှင်မှုရပါစေ...။ (မည်သူမဆို မျှဝေယူနိုင်ပါသည်- ရွှေအိမ်စည်)

ပင်မစာမျက်နှာ

ဗဟုသုတ

ဘုရားသမိုင်း

တရားဒါန

ပညာရေး

ကျန်းမာရေး

နည်းပညာ

ကဗျာများ

စီးပွား/စီမံ

ဘလော့ပိုစ်များ

ဟင်းချက်နည်း

ထူးခြားဆန်းပြား

mp3 သီချင်းများ

ဟာသလွင်ပြင်


စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန

Saturday 6 June 2015

ဘ၀ကို အရှုံးမပေးသောလူ အောင်မြင်တယ်ပြည့်စုံတယ်ဆိုတာ...??

ဘ၀ကို အရှုံးမပေးသောလူ
အောင်မြင်တယ်ပြည့်စုံတယ်ဆိုတာ...??
================
အိုတိုထာကေ ဟီရိုထာဒါ အမည်ရှိတဲ့ ဂျပန်လူမျိုးတစ်ယောက်အကြောင်း လေ့လာကြရအောင်။ သူကမွေးကတည်းက ခြေလက်တွေပါမလာဘူး။ (Congenital Tetra Amelia) ဆိုတဲ့ မွေးရာပါရောဂါကြောင့်ပါ။ လူတွေက သူ့ကို ဒုက္ခိတဆိုပြီး အထင်သေးကြတာပေါ့။ ဒါပေမယ့် သူဘယ်တော့မှ အားငယ်ခြင်းမရှိခဲ့ဘူး။ သူလဲသာမန်လူတွေလိုပါပဲ ပိုပြီးစွမ်းဆောင်ရည်ရှိတဲ့သူလို့ပဲ သူ့ကိုသူ ယုံကြည်နေပါတယ်။ သူ့မိဘတွေကလဲ ရိုးရိုးစာသင်ကျောင်းမှာပဲ ပညာသင်ကြားစေလဲ့တယ်။ သူလိုကိုယ်လိုပဲ သွားလာလှုပ်ရှား နေထိုင်စေခဲ့တယ်။ ပကတိလူတစ်ယောက်လိုပဲ ရှင်သန်စေတယ်ပေါ့။ ကျောင်းပညာတွေ ပြီးဆုံးပြီး အားကစား သတင်းထောက်တောင် ဖြစ်လိုက်သေးတယ်။ ဒါပေမယ့် သူက ကျောင်းဆရာဖြစ်ချင်နေတာ။ သူ့ရဲ့ကြိုးစားအားထုတ်မှုရယ်၊ လူအသိုင်းအ၀ိုင်းကလဲ ဒုက္ခိတဆိုတာကိုပိုပြီး လက်ခံလာကြတာကြောင့် ၂၀၀၇ မှာ သူ ကျောင်းဆရာတစ်ယောက်ဖြစ်နိုင်ခဲ့တယ်။
"
ဒီနေ့ဟာ ဆရာ့အတွက် ကြီးကျယ်ခမ်းနားတဲ့ နေ့တစ်နေ့ပါ။ ဘယ်လိုနည်းနဲ့ စာသင်မလဲလို့ ဆရာ့တပည့်တွေ သိချင်နေကြတယ်မဟုတ်လား။ တပည့်တို့ ဆရာ့ကို ၀ိုင်းကူရမှာက ကျောက်သင်ပုန်းပေါ်မှာ စာရေးတာ၊ ဒါမှမဟုတ်ရင် ဆရာ့ပါးနဲ့ ဆော့ပင်ညှပ်ပြီး ဆရာ့ရေးရမှာပေါ့" ကျောင်းစဖွင့်တဲ့ ပထမနေ့မှာ ကျောင်းဆရာအသစ်လေး ပြောသွားတာပါ။ အလံတော်ကို အလေးပြုပြီးချိန်မှာ ကျောင်းသားတွေ ဆရာအသစ်ကို ၀ိုင်းအုံပြီး ကြည့်ကြတာပေါ့။ ကျောင်းဆရာလေးက နွေးထွေးကြင်နာတဲ့ အပြုံးနဲ့နှုတ်ဆက်ခဲ့တယ်။
"ကျနော့်ကျောင်းသားတွေ ကျနော့်ကို လက်ခံနိုင်မှာပါ။ သဘာဝတရားက လူတွေကို တစ်ယောက်တစ်မျိုး ကွဲပြားခြားနားအောင် ဖန်တီးလာတာပါ။ ကျနော်ဖြစ်ချင်တာ ဖြစ်လာနိုင်ဖို့ လောကကြီးကို ကျနော်စိန်ခေါ်ရဲပါတယ်။ လူ့တွေကလဲ ဒုက္ခိတကိုပဲ မကြည့်ကြပဲ ဒုက္ခိတကို လက်ခံကြစေချင်တယ်။" ဘ၀ကို လွယ်လွယ်နဲ့ အရှုံးမပေးတတ်သူရဲ့ အောင်မြင်မှုပေါ့။
သူ့ဘ၀နဲ့ အခြေခံပြီး "Nobody's Perfect"ဆိုတဲ့ စာအုပ်ရေးသားထုပ်ဝေခဲ့တယ်။ ကမ္ဘာနာမည်ကြီး စာအုပ်စာရင်းမှာ ပါခဲ့တယ်။
သူ့ရဲ့ ဓါတ်ပုံတွေကို မှတ်တမ်းတင် ကူးယူ ဖေါ်ပြပေးလိုက်ပါတယ်။
ရွှေအိမ်စည်

0 comments:

Post a Comment

.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙အကြောင်းအမျိုးကြောင့်ဆက်သွယ်လိုလျှင်.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙

foxyform