စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန်* အများအကျိုးပြုခြင်းဖြင့်ပျော်ရွှင်မှုရပါစေ...။ (မည်သူမဆို မျှဝေယူနိုင်ပါသည်- ရွှေအိမ်စည်)

ပင်မစာမျက်နှာ

ဗဟုသုတ

ဘုရားသမိုင်း

တရားဒါန

ပညာရေး

ကျန်းမာရေး

နည်းပညာ

ကဗျာများ

စီးပွား/စီမံ

ဘလော့ပိုစ်များ

ဟင်းချက်နည်း

ထူးခြားဆန်းပြား

mp3 သီချင်းများ

ဟာသလွင်ပြင်


စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန

Saturday 6 June 2015

မွေးခါစစကားပြောသူတွေကဘယ်သူတွေလဲ?

မွေးခါစစကားပြောသူတွေကဘယ်သူတွေလဲ?
=============
မွေးဖွားခါစ စကားပြောဖူးသောသူများမှာ ဘုရားအလောင်းတော်များဖြစ်ကြတဲ့ ဝေဿန္တရာ၊ မဟောသဓာ၊ သိဒ္ဓတ္တမင်းသားတို့ဖြစ်တယ်။ ဘုရားအလောင်းတော် သုံးဦးတို့ရဲ့ မွေးခါစပြောစကားများကို နားလည်အောင် အကျယ်ရေးပါမယ်။
(၁) ဘုရားအလောင်းတော်ဟာ မဟောသဓသုခမိန်ဘ၀တွင် မယ်တော်ဝမ်းမှ ဖွားမြင်တော်မူခိုက် သိကြားမင်းလာပြီး ဘုရားအလောင်းတော်ရဲ့လက်ထဲမှာ စန္ဒကူးနံ့သာနှစ်တုံးကို ထားခဲ့တဲ့အတွက် ဒီစန္ဒကူးနံ့သာနှစ်တုံးကို ဆုပ်ကိုင်လျက် ဖွားမြင်လာသောအခါ မယ်တော်က သားတော်လေးအား “ချစ်သား…အဘယ်ဝတ္ထုကို ယူလာခဲ့သလဲ”လို့ မေးမြန်းရာ သားတော်က “အို မွေးမိခင်….ဆေးဖြစ်ပါတယ်” (သြသဓံ,အမ္မာ)လို့ မဟောသဓသုခမိန်မင်းသားလေးဟာ မွေးခါစမှာ စကားပြောခဲ့တယ်။(သာ တဿ ဟတ္ထေ သြသဓဃဋိကံ ဒိသွာ “တာတ,ကိံ တေ လဒ္ဓ” န္တိ အာဟ။ “သြသဓံ, အမ္မာ” တိ ဒိဗ္ဗောသဓံ မာတု ဟတ္ထေ ဌပေသိ။)
(၂) ဘုရားအလောင်းတော် ဝေဿန္တရာမင်းဘ၀မှာ မယ်တော်ဝမ်းမှ ဖွားမြင်ခါစမှာပင် လက်ျာလက်ကို ဆန့်တန်းဖြန့်ခင်းပြီး “အမ္မ ဒါနံ ဒဒိဿာမိ၊ အတ္ထိနု ကိဉ္စိ တေ ဓနံ”လို့ ပြောပါတယ်။ အဓိပ္ပါယ်က “မွေးမယ်တော်.. မယ်တော်မှာ တစ်စုံတစ်ခုသော ဥစ္စာဝတ္ထု ရှိပါသလား။ အလှူဒါနကို လှူပါအံ့”လို့ဆိုပြီး ဖွားမြင်လာပါတယ်။
(၃) ဂေါတမမြတ်စွာဘုရားအဖြစ်သို့ ရောက်တော်မူမယ့် နောက်ဆုံးဘ၀မှာ မွေးဖွားလာတာနဲ့ မြောက်အရပ်သို့ ဖ၀ါးခုနှစ်လှမ်း လှမ်းကြွတော်မူပါတယ်။ ခုနှစ်ဖ၀ါးမြောက်ရောက်တဲ့အခါ ရပ်တန့်တော်မူပြီး အဂ္ဂေါဟမသ္မိ လောကဿ=ငါဟာ လူသုံးပါးမှာ အမြတ်ဆုံးဖြစ်တယ်။ ဇေဋ္ဌောဟမသ္မိ လောကဿ=ငါဟာ လူသုံးပါးမှာ အကြီးအကဲဆုံးဖြစ်တယ်။ သေဋ္ဌောဟမသ္မိ လောကဿ=ငါဟာ လူသုံးပါးမှာ အချီးမွမ်းအပ်ဆုံး ဖြစ်တယ်။ အယမန္တိမာ ဇာတိ=ယခု ပဋိသန္ဓေတည်ရခြင်းဟာ ငါ့အဖို့ နောက်ဆုံးပဋိသန္ဓေ တည်နေရခြင်း ဖြစ်တယ်။ နတ္ထိဒါနိ ပုနဗ္ဘဝေါ=ယခုအခါ ငါအဖို့ တဖန်ဘ၀အသစ်ဖြစ်ရခြင်း မရှိတော့ပြီလို့ ပြောကြားတော်မူခဲ့ပါတယ်။
Ref: venkawwida.com

ရွှေအိမ်စည်

0 comments:

Post a Comment

.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙အကြောင်းအမျိုးကြောင့်ဆက်သွယ်လိုလျှင်.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙

foxyform