စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန်* အများအကျိုးပြုခြင်းဖြင့်ပျော်ရွှင်မှုရပါစေ...။ (မည်သူမဆို မျှဝေယူနိုင်ပါသည်- ရွှေအိမ်စည်)

ပင်မစာမျက်နှာ

ဗဟုသုတ

ဘုရားသမိုင်း

တရားဒါန

ပညာရေး

ကျန်းမာရေး

နည်းပညာ

ကဗျာများ

စီးပွား/စီမံ

ဘလော့ပိုစ်များ

ဟင်းချက်နည်း

ထူးခြားဆန်းပြား

mp3 သီချင်းများ

ဟာသလွင်ပြင်


စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန

Saturday 6 June 2015

ရဟန်းခံပြီးသော်လည်း လူချွတ်ထိုက်သူ ??

ရဟန်းခံပြီးသော်လည်း လူချွတ်ထိုက်သူ ??
==================
၁။ ပဏ္ဍက - ပဏ္ဍုပ် ဆိုတာ ပုံမှန် ယောင်္ကျားစိတ်မရှိသူ မစို မခြောက်များ၊
၂။ ထေယျသံဝါသက - ကိုယ့်ဘာသာ ဦးခေါင်းရိတ် သင်္ကန်းပတ်ကာ သာမဏေအစစ်ပုံစံ၊ ရဟန်းအစစ်ပုံစံ အယောင် ဆောင်ဖူးသူ၊ ရဟန်းများနှင့် အတူတူ စားသောက်နေထိုင်လေ့ရှိသူ၊
၃။ တိတ္ထိယပက္က န္တက - အစပထမ ရဟန်းဘောင်မှ အခြားဘာသာသို့ပြောင်းလဲသွားပြီး နောက်တဖန် ရဟန်းဘာင်ဝင်လာသူ၊
၎။ တိရ စ္ဆာန် - လူယောင်ဖန်ဆင်းနိုင်သော နတ်၊ နဂါးများ၊ ဂဠုန်များစသည့် တိရိ စ္ဆာန်များ၊ ၅။ မာတုဃာတက - အမေကို သတ်ဖူးသူ၊
၆။ ပိတု ဃာတက - အဖေကို သတ်ဖူးသူ၊
၇။ အရဟ န္တဃာတက - ရဟ န္တာမထေရ်တပါးပါးကို သတ်ဖူးသူ၊
၈။ ဘိက္ခုနီ ဒူသက - ဘိက္ခုနီတပါးပါးကို ဖျက်ဆီးအနိုင်ကျင့်ဖူးသူ၊
၉။ သံဃဘေဒက - သံဃာကို သင်းခွဲသောသူ၊
၁၀။ လောဟိတုပ္ပါဒက - သက်တော်ထင်ရှား ဘုရားရှင်ကို သွေးစိမ်းတည်အောင်ပြုလုပ်သူ၊
၁၁။ ဥဘတောဗျဉ္ဇနက - ဥဘတောဗျည်း ဆိုတာ ယောင်္ကျားအင်္ဂါ၊ မိန်းမအင်္ဂါ နှစ်မျိုးစလုံး ပါသူ၊

အထက်ပါ ( ၁၁ ) ယောက်တို့အား မည့်သည့်အကြောင်းနှင့်မျှ ရဟန်းခံမပေးရပါ၊ အကယ်၍ သံဃာက မသိလို့ ရဟန်း ခံ ပေး ပြီး သား ဖြစ်လျင်တောင် ရဟန်းအသွင် ဖျက် ကာ လူထွက်စေရမည်၊ လူချွတ်ခိုင်းရမည်။
ကျမ်းကိုး။ ။ န ဥပသမ္ပာဒေတဗ္ဗေက ၀ီသတိဝါရ
မဟာခန္ဓက၊ ၀ိနည်း မဟာဝါပါဠိတော်၊ ၀ိနယပိဋက၊
ရွှေအိမ်စည်

0 comments:

Post a Comment

.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙အကြောင်းအမျိုးကြောင့်ဆက်သွယ်လိုလျှင်.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙

foxyform