မက္ခရာမင်းသားကြီး (ပထမအင်္ဂလိပ် - မြန်မာ အဘိဓာန်ဆရာ)
ပညာအရာမှာ ထူးချွန်ရုံသာမက သိက္ခာ သမာဓိနှင့်လည်း ပြည့်စုံဟန်တူသည်ဟု စာရေးဆရာ
မင်းယုဝေ ရေးသားခဲ့သော မက္ခရာမင်းသားကြီးဟာ ခြေလက်မသန်စွမ်းခဲ့သော်လည်း ၊
ဘ၀ကို အရှုံးမပေးခဲ့ ။ ကမ္ဘာကြီး ပြားသည်ဟု ယုံကြည်ကြဆဲဖြစ်သည့်
အင်းဝခေတ်မှာ ၊ မြန်မာလူမျိုးတွေ ခေတ်မီ ၀ိဇ္ဖာ သိပ္ပံပညာရပ်များကို
တတ်မြောက်မှ နယ်ချဲ့ ရန်ကို တွန်းလှန်နိုင်မည်ဟု အမျှော်အမြင်ကြီး
စဉ်းစားတွေးတောတတ်ခဲ့သည်။ ထိုအတွေးနှင့်အတူ နေပြည်တော်ကိုလာရောက်သမျှ
နိုင်ငံခြားသားများနှင့် တွေ့ ဆုံဆွေးနွေးပြီး ၊ နေပြည်တော်အခြေစိုက်
နိုင်ငံခြား ပါမောက္ခတချို့ ၏ အကူအညီနှင့် ထိုဘာသာရပ်ဆိုင်ရာ ကျမ်း
အတော်များများကို ဘာသာပြန်ခဲ့သည် ။ မင်းသားကြီး ပထမဆုံးထုတ်ဝေသော အင်္ဂလိပ်
- မြန်မာ အဘိဓာန်၏ နိဒါန်းတွင် ခုလို ရေးသားခဲ့သည် ...
“အထူးထူးသော ဘာသာ ၊ များစွာသော လူမျိုးတို့တွင် အင်္ဂလိပ် လူမျိုးသည်
ဟုတ်မှန်သော ၊ ထင်ရှား မျက်မှောက်တွေ့ မြင်သော အတတ်ပညာကိုသာ ရှာဖွေ
နှိုင်းယှဉ်ပြီးလျှင် ရုံးစု မှတ်သားလေ့ ရှိသည် ဖြစ်၍ အင်္ဂလိပ်ဘာသာကို
နားလည်သိမြင်ခြင်းသည် ဗဟုသုတအရာ၌ များစွာ အကျိုးရှိသည် ။ ထိုကြောင့်
ဗဟုသုတကို အလိုရှိကုန်သော မြန်မာလူမျိုးတို့အား အင်္ဂလိပ်ဘာသာကို
မြန်မာဘာသာအားဖြင့် နားလည်သိမြင်စေခြင်း အကျိုးငှာ ....”

---------------------------------------------------------------------------------------------
ပိုစ့်အဟောင်းများပြန်လည်ဖတ်ရှုလိုပါက ရွှေအိမ်စည် စာကြည့်တိုက် http://drshweeaimsi.blogspot.com/ တွင်ဝင်ရောက်ဖတ်ရှု့ နိုင်ပါသည်။
ခင်မင်လေးစားလျှက်
ရွှေအိမ်စည်

0 comments:
Post a Comment