ယောမင်းကြီး ဦးဘိုးလှိုင်(ပထမ သိပ္ပံစာပေ ပြုစုသူ)
မင်းအဆက်ဆက်တွင် အမှုထမ်းစဉ် မင်းအလိုကို မလိုက် ၊ မှန်ရာပြောတတ်သော ယောမင်းကြီး
ဦးဘိုးလှိုင်သည် ဘုရင်အမျက်သင့်ခါ ရာထူးမှ အခါခါ ဖြုတ်ချခံရပြီး ၊ သူ
့ပညာအရည်အချင်းကြောင့် အခါခါ ရာထူးပြန်လည်အပ်နှင်းခံခဲ့ရသည် ။
ကနောင်မင်းသားနှင့် တွဲဖက်ခါ ခေတ်မီသော သိပ္ပံနည်းပညာတို့ကို
စည်းပူးလေ့လာခဲ့သည် ။ ဦးဘိုးလှိုင်ပြုစုခဲ့သော ကျမ်း စုစုပေါင်း (၁၄)
ကျမ်း ရှိသည်ဟု ရှာဖွေတွေ့ ရှိကြသည် ။ ဦးဘိုးလှိုင်ရေးသားသော ကျမ်းများသည်
ခက်ခဲသော နိုင်ငံခြားသားဘာသာမှ သိပ္ပံဝေါဟာရများကို အဓိပ္ပါယ်
ယိုယွင်းမှုမရှိ ၊ တိကျ ကျစ်လစ်စွာ ဘာသာပြန်နိုင်ခဲ့သည်ဟု ဆိုစမတ်ပြုကြသည်
။ (တခြားသူများအကူအညီနှင့်) ဦးဘိုးလှိုင်ရေးသားခဲ့သော စိတ်ဝင်စားဖွယ်
ကျမ်းတချို့ မှာ အောက်ပါအတိုင်းဖြစ်သည် - -
- လောကဓာတ်ဆေးကျမ်း (ပြင်သစ်ဘာသာဖြင့် ထုတ်ဝေသော ဓာတုဗေဒပညာရပ်ဆိုင်ရာ ကျမ်းကို
ဘာသာပြန်ဆိုသည် ။ ရူပဗေဒ ပညာရပ်ပိုင်းကိုပါ ဖော်ပြထားသည်)
- လိပိဒိပိကာကျမ်း (မော့စ် နည်းပညာကို အခြေခံပြီး မြန်မာဘာသာဖြင့်
ကြေးနန်းရိုက်နည်းကို တီထွင်ပြုစုထားသည်)
- ကာယာနုပဿနာကျမ်း (အီတလီလျံဘာသာဖြင့် ရေးထားသော ခန္ဓာဗေဒ - Anatomy ကို ဗုဒ္ဓဘာသာ
ကမ္မဋ္ဋာန်းတရားနှင့် ယှဉ်ပြ ပြုစုသည်)
- မဟာသုဇာတကကျမ်း (ဗေဒင်ပညာရပ်တို့ကို နက္ခတ္တဗေဒ - Astronomy နှင့် ယှဉ်ပြ ပြုစုသည်)
- ဥတုဘောဇန သင်္ဂဟကျမ်း (ပါဠိ ဆေးကျမ်းများ နှင့် အနောက်တိုင်း ဆေးကျမ်းများကို မှီငြမ်းခါ မြန်မ့ာမူ မြန်မာ့ဟန် မပျက်
ပြုစုသည်)
မင်းယုဝေ

---------------------------------------------------------------------------------------------
ပိုစ့်အဟောင်းများပြန်လည်ဖတ်ရှုလိုပါက ရွှေအိမ်စည် စာကြည့်တိုက် http://drshweeaimsi.blogspot.com/ တွင်ဝင်ရောက်ဖတ်ရှု့ နိုင်ပါသည်။
ခင်မင်လေးစားလျှက်
ရွှေအိမ်စည်
0 comments:
Post a Comment