စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန်* အများအကျိုးပြုခြင်းဖြင့်ပျော်ရွှင်မှုရပါစေ...။ (မည်သူမဆို မျှဝေယူနိုင်ပါသည်- ရွှေအိမ်စည်)

ပင်မစာမျက်နှာ

ဗဟုသုတ

ဘုရားသမိုင်း

တရားဒါန

ပညာရေး

ကျန်းမာရေး

နည်းပညာ

ကဗျာများ

စီးပွား/စီမံ

ဘလော့ပိုစ်များ

ဟင်းချက်နည်း

ထူးခြားဆန်းပြား

mp3 သီချင်းများ

ဟာသလွင်ပြင်


စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန

Thursday, 16 January 2014

ပေါင်မုန့်ကိုထောပတ်သုတ်ထားတဲ့ ဘက်က အမြဲတမ်း (မောင်သာချို)

ပေါင်မုန့်ကိုထောပတ်သုတ်ထားတဲ့ ဘက်က အမြဲတမ်း (မောင်သာချို)

သမီးရေ မုန်လာခင်းကို ဝေစုခွဲကြတုန်းကတော့ မြေကြီး အောက်ကဥတွေကိုပဲ ယူပါ့မယ်လို့ ဆိုပြီး
ကန်စွန်းခင်းကို ဝေစုခွဲချိန်မှာတော့ မြေကြီးအထက်က အရွက်တွေကိုပဲ ယူပါတော့မယ်ဆိုတဲ့ ယုန်လူလည်
အကြောင်းကို ပုံပြင်တစ်ပုဒ်ထဲမှာ ဖေဖေ ဖတ်ဖူးတယ် ။

ဟိုးတစ်ခါတုန်းကလည်း အိမ်မှာမိသားစုတွေ စုံစုံလင်လင်နဲ့ လူတွေ များနေချိန်မှာ အ၀တ်လျှော်တဲ့ အမကြီးကို
လခနဲ့လုပ်ဖို့ ပြောခဲ့ပေမယ့် မိသားစု တစ်ယောက်စ နှစ်ယောက်စပဲ အိမ်မှာရှိရော ၊ အထည်အရေအတွက်နှုန်းနဲ့
လျှော်ဖို့ စကားပြင်ခဲ့တဲ့ မိန်းမကြီး တစ်ယောက်ကို ရပ်ကွက်ထဲမှာ ဖေဖေတွေ့ဖူးတယ် ။


တစ်ခါသား ကျပြန်တော့လည်း ကျောင်းသားကလေး ၅ယောက်စ ၊ ၁၀ ယောက်စ ရှိနေတုန်းကတော့ တစ်ယောက်ချင်းနှုန်းနဲ့ လစာရှင်းပေးနေခဲ့ပြီး မထင်မှတ်ပဲ ကျောင်းသားတွေ ရာကျော် ရှိလာတော့ အပြတ်သဘောနဲ့ ပေးချင်လာတဲ့ သင်တန်းတည်ထောင်သူ တစ်ဦးကို စာသင်ခန်းထဲမှာ ဖေဖေတွေ့ဖူးပြန်တယ် ။


သမီးရယ် ပေါင်မုန့်ကို ဘယ်ဘက်က ထောပတ်သုတ်သလဲ ဆိုတာကို သိတာဟာဖြင့် အပြစ်ကြီး တော့ မဟုတ်ပါဘူး ၊ သိလည်းသိသင့်ပါရဲ့ ၊ရွေးလည်း ရွေးချယ်သင့်ပါရဲ့ ၊ ဒါပေမယ့်လေ ထောပတ်သုတ်ထားတဲ့ ဘက်ကိုပဲ အမြဲတမ်းယူမယ် ဆိုတာ ကျပြန်တော့ ……။ သူတစ်ပါးကို လုံးဝအခွင့်အရေး မပေးသလိုချည်းများဖြစ်မနေဘူးလား ။

၊နေပူတော့ အလယ်တန်းမှာ ထိုင်မယ် ၊ နေအေးတော့ ဘေးတန်းပြန်ထိုင်မယ် ၊ မိုးရွာရင် အလယ်တန်း ပြန်ရွှေ့မယ် ၊ မိုးတိတ်ရင် ဘေးတန်းပြန်ထိုင်မယ် ၊ တစ်ခြားသူလူတွေက အမြဲတမ်း ကိုယ့်ရွေးကျ ကို စောင့်နေကြရမှာတဲ့လား ။

သမီးရယ် …..။
ဖေဖေတို့လဲ ပေါင်မုန့်ကို ထောပတ်သုတ်ထားတဲ့ ဘက်ကိုပဲ ကြိုတ်တတ်ကြတယ် ၊ ဆိုတာကို အချို့လူတွေကို သိစေချင်လိုက်တာ ။

ဆရာမောင်သာချိုရဲ့ သမီးဖတ်ဖို့ စာအုပ်မှ ကူးယူဖော်ပြပါသည်။

0 comments:

Post a Comment

.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙အကြောင်းအမျိုးကြောင့်ဆက်သွယ်လိုလျှင်.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙

foxyform