စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန်* အများအကျိုးပြုခြင်းဖြင့်ပျော်ရွှင်မှုရပါစေ...။ (မည်သူမဆို မျှဝေယူနိုင်ပါသည်- ရွှေအိမ်စည်)

ပင်မစာမျက်နှာ

ဗဟုသုတ

ဘုရားသမိုင်း

တရားဒါန

ပညာရေး

ကျန်းမာရေး

နည်းပညာ

ကဗျာများ

စီးပွား/စီမံ

ဘလော့ပိုစ်များ

ဟင်းချက်နည်း

ထူးခြားဆန်းပြား

mp3 သီချင်းများ

ဟာသလွင်ပြင်


စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန

Thursday, 16 January 2014

သားလက်မှတ်မထိုးဝံ့တဲ့ ပန်းချီကား

သားလက်မှတ်မထိုးဝံ့တဲ့ ပန်းချီကား
*************************
အမေ...
သားတို့မှာ ဘာမှ မရှိတောင်မှ
အမေရှိလို့ ဖြေသာသေးတယ်...။

အမေ...
သားတို့ကို ဘာမှ မပေးနိုင်တောင်
အမေရှိတဲ့ မေတ္တာကိုပေးတယ်...။

အမေ...
သားတို့အတွက် အမြဲတမ်း ရှိပါစေ...။

ပန်းကတ္တီပါလို နုလက်ဖ၀ါးနဲ့ သားတို့အမေ...
ဓါးလှံတွေကို ဂွမ်းလို မျှင်ပြနိုင်...။

သံအရည်ပျော်တဲ့ မီးပုံကြီးသာ ဟုန်းဟုန်းတောက်ပါစေ...
အမေ့မေတ္တာ ပန်းလို ပွင့်ပြနိုင်...။

အမေ...
ဂျိုးငှက်တွေ အမေရဲ့ ပုခက်ပေါ်မှာ
ဆိုသီချင်းများ သင်ယူရစမြဲပါ..။

အမေ...
အမေ့လက်ပေါ်သင်သော အကပညာကြောင့်သာ
ကိန္ဒရာတို့ ပွဲလယ်တင့်စမြဲပါ...။

အမေ...
သားတို့အတွက် အမြဲတမ်း ရှေ့ဆောင်ထား
စကြာဝဠာကို ချော့သိပ်ဖူးသော သီချင်းနဲ့ပဲ
သားငယ် ကမ္ဘာကို တေးဆိုချော့သူ အမေ..။

သားငယ်ကမ္ဘာဟာ.. မိခင်လွှဲတဲ့ ပုခက်ထဲမှာ
လက်မကလေး စုပ်ကာ ပျော်ပါရစေ...။

(မင်းကိုနိုင်)
15- 1- 2014
(ဖျာပုံမြို့၊ အမေနေ့ဟောပြောပွဲမှ...)

0 comments:

Post a Comment

.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙အကြောင်းအမျိုးကြောင့်ဆက်သွယ်လိုလျှင်.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙

foxyform