စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန်* အများအကျိုးပြုခြင်းဖြင့်ပျော်ရွှင်မှုရပါစေ...။ (မည်သူမဆို မျှဝေယူနိုင်ပါသည်- ရွှေအိမ်စည်)

ပင်မစာမျက်နှာ

ဗဟုသုတ

ဘုရားသမိုင်း

တရားဒါန

ပညာရေး

ကျန်းမာရေး

နည်းပညာ

ကဗျာများ

စီးပွား/စီမံ

ဘလော့ပိုစ်များ

ဟင်းချက်နည်း

ထူးခြားဆန်းပြား

mp3 သီချင်းများ

ဟာသလွင်ပြင်


စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန

Tuesday, 14 January 2014

ငါးတွေ ရေသောက်ကြပါသလား

ငါးတွေ ရေသောက်ကြပါသလား
==================
ကသိကအောက်နိုင်တဲ့မေးခွန်းပါ။
ငါးတွေကရေထဲမှာနေတော့ မသိရင်တော့သိမယောင်နဲ့ ခက်နိုင်တယ်။

ငါးတွေဟာအကြမ်းအားဖြင့်ပြောရရင် ရေသောက်တတ်ကြပါတယ်။ငါးတွေမှာ နှစ်မျိုးနှစ်စားရှိပါတယ်ဒါကတော့ ရေချိုငါးနဲ့ ရေငံငါး(ပင်လယ်ငါး)ဖြစ်ပါတယ်။

ရေချိုငါးတွေကတော့ ရေမသောက်တတ်ပေမယ့်သူတို့ ရဲ့အရေပြားတွေအကြေးခွံနေကေ
ရေကိုစုပ်ယူတတ်ကြပါတယ်။ရေငံငါး(ပင်လယ်ငါး)တွေမှာတော့ရေသောက်တတ်ကြပြီး သူတို့ ရဲ့အကြေးခွံနေကနေပြီးတော့ ဆားတွေကို ပြန်လည်စွန်ထုတ်တတ်ပါတယ်။

ထူးခြားတာတစ်ခုကတော့ဆော်လမွန်ငါးနဲ့ လင်းပိုင်တွေဖြစ်ပါတယ်။

ဆော်လမွန်ငါးတွေကတော့ ရေချိုနှင့်ရေငံနှစ်မျိုးစလုံးနေတတ်တဲ့ငါးမျိုးဖြစ်ပြီးမွေးဖွားတဲ့အချိန်မှာတော့ရေအလွန်သန့် ရှင်းတဲ့ရေချိုနေရာမှာပဲ မွေးဖွားလို့ ရပါတယ်။ပင်လယ်ဘက်သို့ 
ရောက်သွားတဲ့အချိန်မှာတော့ရေငံကိုပဲပါးစပ်မှသောက်သုံးပြီး မလိုအပ်တဲ့ဆားနဲ့ အခြားစွန့် ပစ်ပစ္စည်းတွေကိုတော့အကြေးခွံနဲ့ ခန္ဓာကိုယ်အနှံမှစွန်ထုတ်တတ်ပါတယ်။ရေချိုသို့ ရောက်တဲ့အချိန်မှာတော့ ပါးစပ်မှမသောက်တော့ပဲအကြေးခွံမှသာရေကိုစုပ်ယူပါတော့တယ်

လင်းပိုင်းတွေကတော့ပင်လယ်ရေကိုလုံးဝသောက်လို့ မရပါဘူး။အကြောင်းကတော့ပင်လယ်ရေသောက်တာနဲ့ နေမကောင်းဖြစ်ပြီးသေစေနိုင်တဲ့အထိပြင်းထန်နိုင်ပါတယ်။ဒါ့ကြောင့်သူတို့ ဟာရေကို
သူတို့ စားတဲ့အစာမှတစ်ဆင့်စုပ်ယူတတ်ကြပါတယ်။

ZK(ကနောင်)

 

0 comments:

Post a Comment

.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙အကြောင်းအမျိုးကြောင့်ဆက်သွယ်လိုလျှင်.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙

foxyform