စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန်* အများအကျိုးပြုခြင်းဖြင့်ပျော်ရွှင်မှုရပါစေ...။ (မည်သူမဆို မျှဝေယူနိုင်ပါသည်- ရွှေအိမ်စည်)

ပင်မစာမျက်နှာ

ဗဟုသုတ

ဘုရားသမိုင်း

တရားဒါန

ပညာရေး

ကျန်းမာရေး

နည်းပညာ

ကဗျာများ

စီးပွား/စီမံ

ဘလော့ပိုစ်များ

ဟင်းချက်နည်း

ထူးခြားဆန်းပြား

mp3 သီချင်းများ

ဟာသလွင်ပြင်


စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန

Tuesday, 14 January 2014

ပုသိမ်ထီး

ပုသိမ်ထီး
=====ပုသိမ်ထီး လုပ်ငန်းသည် မြန်မာ့လက်မှုပညာတစ်ရပ်ဖြစ်သည်။ ထိုပုသိမ်ထီး ကိုအောက်မြန်မာပြည် ပင်လယ်ဆပ်ကမ်းမြို့ဖြစ်သော ပုသိမ်မြို့တွင် စတင်လုပ် ကိုင်ခဲ့သောကြောင့် ပုသိမ်ထီးဟု အမည်တွင်ခဲ့သည်။ပုသိမ်မြို့အနီးတ၀ိုက်တွင် သရကူခေါ် ၀ါးတစ်မျိုးအများအပြားထွက်သည်။

ထိုဝါးသည်ထီးလုပ်ရန် အကောင်းဆုံးဝါးဖြစ်သည်။ ပုသိမ်ထီးကို ၀ါးသက် သက်ဖြင့် သာလုပ်သည်။ ပုသိမ်ထီးတစ်လက် လုပ်မည်ဆိုသော် ထီးရိုး၊ထီးခရိုင်၊ ထီးရွက်တို့ ရရှိသည်။

ထို့အပြင် ထီးရွက်ကပ်ရန် ထီးလက်တံခေါ် ၀ါးစိတ်ငယ်များလည်း ရှိရသည်။ ထီးရိုး၊ထီးခရိုင်တို့ကိုဝါးဖြင့်ပြုလုပ်၍ ထီးရွက်ကို ပိတ်ဖြင့်ပြုလုပ်သည်။ဝါးကို ခွဲစိတ်၍ ထီးခရိုင်၊ထီးလက်တံတို့ လုပ်ရန်ဓားဖြင့် ချောမွတ်အောင် အချော သပ်ရသည်။ ထို့နောက် ထီးခရိုင်များနှင့် ထီးလက်တံ ၀ါးစိတ်ငယ်များကို ထီးရိုးနှင့် တွဲမိအောင် စနစ်တကျတပ်ဆင်ရသည်။ထိုအခါ ထီးပုံအကြမ်းထည် ရလာသည်။

နောက်မှ ပုံကျအောင် ညှပ်ထားသော ပိတ်ကွက်ဖြင့် ထီးလက်ခံများ အပေါ်မှအုပ်၍ တင်းတင်း ဆွဲကပ်ရသည်။ ထိုထီးအမိုးပိတ် သားကို လှပအေင် ဆေးရောင်တို့ဖြင့် ပန်းပွင့်ပန်းနွယ်များ ရေးခြယ်ကြသည်။ခရိုင်တံများကိုလည်း ဆေးရောင်စုံချည်မျှင်များဖြင့် ထိုးရက်၍ လှပအောင် ဆေးရောင်စုံတို့ဖြင့် ပန်းပွင့်ပန်းနွယ်များ ရေုးုခြယ်ကြသည။် ရှေးအခါက ခရိုင်ပန်း ထိုးရာတွင် သိုးမွေး ချည်ဖြင့် ထိုးရက်သည်။ ယခုအခါတွင်မူ တိုင်းရင်းဖြစ် ၀ါဂွမ်းချည်ဖြင့်သာ ဆေးရောင်စုံဆိုး၍ အသုံးပြုကြသည်။

ပုသိမ်ထီးသည် ဆောင်းရာ၌ ပေါ့ပေါ့ပါးပါးရှိသည်။ကြည့်၍လည်း လှပေသည်။ ကျက်သရေလည်း ရှိသည်။သို့ရာတွင် ပုသိမ်ထီးကိုနွေနှင့်ဆောင်း ရာသီ၌သာ ဆောင်းနိုင်၍ မိုးရာသီ၌ မဆောင်းနိုင်ချေ။

သို့သော် မြန်မာ့လက်မှုလုပ်ငန်းတစ်ရပ်ဖြစ်သော ပုသိမ်ထီးလုပ်ငန်းသည် မပျောက်ကွယ်သင့်ပေ။

ယခုအခါ ပုသိမ်ထီးကို ပုသိမ်မြို့၏ အဓိကရလက်ဆောင် အဖြစ်ပေးကြသည်။ပုသိမ်မြို့၏ လှပသောရေမြေ သဘာဝနှင့်ပုသိမ်ထီးသည် ပနံရလျှက် ရှိနေပေသည်။

ဝန်ခံချက်....မြန်မာဝီကီပီဒီယားမှ လိုအပ်သည်များကူးသည်

ရွှေအိမ်စည်

0 comments:

Post a Comment

.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙အကြောင်းအမျိုးကြောင့်ဆက်သွယ်လိုလျှင်.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙

foxyform