- အခက်အခဲဆိုတာ ဘ၀ရဲ့သဘာဝတွေပါပဲ။
- ဘာအခက်အခဲမှမရှိတဲ့ ဘ၀ကိုနေရတဲ့သူဟာ ဘာရင့်ကျက်မှုမှ မရှိနိုင်ဘူး။
- အားလုံးသဘောထားကြီးကြီးနဲ့ စိတ်ထားကောင်းကောင်းနဲ့ ဆက်ဆံရင် အခက်အခဲတွေ ပိုပြီးတော့ အဆင်ပြေသွားမယ်။ ပိုပြီးတော့ ပြေလည်သွားမယ်။
- ပြဿနာကို နားမလည်နိုင်ရင် မဖြေရှင်းနိုင်ရင် ပြဿနာကို ပိုကြောက်တယ်။
- ပြဿနာကို
နားလည်လာရင် ပြဿနာကို မကြောက်တော့ဘူး။ အခက်အခဲတွေကို နားလည်ပြီး
ဖြေရှင်းလို့ အရည်အချင်းတိုးလာတာ ကိုယ့်ကိုယ်ကိုယုံကြည်မှုတိုးလာတာကို
ခံစားရတော့ ကိုယ့်ကိုယ်ကို ယုံကြည်မှုတိုးလာအောင်ပဲ လုပ်ချင်နေတယ်။
- ဒါပေမယ့် ကိုယ်နိုင်သလောက် အခက်အခဲရှိမှကောင်းတယ်။ ရုန်းကန်နေမှ ကောင်းတယ်။ အခက်အခဲတွေဟာ အကျိုးရှိပါတယ်။
- တချို့လူတွေဟာ အခက်အခဲမရှိတဲ့ဘ၀ကို တောင်းတကြတယ်။
- အခက်အခဲမရှိတဲ့ဘ၀မှာ လုပ်စရာမရှိဘူး။
- ဉာဏ်လည်းမထုတ်ရတော့ဘူး။
- ၀ိရိယလည်း မထုတ်ရတော့ဘူး။
- သည်းခံရတယ်ဆိုတာလည်း မရှိတော့ဘူး။
- သဘောထားကြီးရတယ်ဆိုတာလည်း မရှိတော့ဘူး။
- ပြဿနာတွေ အခက်အခဲတွေ ဒုက္ခတွေ ပညာရဖို့နဲ့ အသိဉာဏ်ကြီးဖို့ရာ အတွေ့အကြုံတွေပါ။
- အခက်အခဲမရှိတဲ့ဘ၀မှာ သစ်ပင်တောတောင်မရှိတဲ့ လွင်တီးခေါင်ကြီးနဲ့တူတယ်။
- အခက်အခဲမရှိတဲ့ဘ၀မှာ စိတ်ဓါတ်နဲ့ အသိဉာဏ် ရင့်ကျက်မှု မြင့်မြတ်မှု ဖြစ်လာဖို့ အခွင့်အရေးမရှိတဲ့ဘ၀ပဲ။
- ဘ၀ဆိုတာ စာမေးပွဲအဆင့်ဆင့်ပဲ။ နေ့တိုင်းစာမေးပွဲ အစစ်ခံနေရတာနော်။
- စာမေးပွဲတွေကို
အစစ်ခံရပြီး အောင်မြင်သွားတဲ့အခါမှာ ပိုပြီးတော့ ဉာဏ်ကြီးတဲ့သူဖြစ်လာတယ်။
ကြီးပွားတဲ့သူဖြစ်လာတယ်။ အသိဉာဏ်ရော စိတ်ဓါတ်ရော ကြီးပွားလာတယ်။
- ဒုက္ခနဲ့မကြုံဘဲနဲ့ ကိုယ်ဆင်းရဲမှု မကြုံဘဲနဲ့ ဘ၀ခရီးကိုဖြတ်သန်းသွားလို့ မရပါဘူး။
ဆရာတော် ဦးဇောတိက – အခွင့်အရေးနှင့် တာဝန် စာအုပ်မှ ကူးယူဖော်ပြပါသည်။
0 comments:
Post a Comment