စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန်* အများအကျိုးပြုခြင်းဖြင့်ပျော်ရွှင်မှုရပါစေ...။ (မည်သူမဆို မျှဝေယူနိုင်ပါသည်- ရွှေအိမ်စည်)

ပင်မစာမျက်နှာ

ဗဟုသုတ

ဘုရားသမိုင်း

တရားဒါန

ပညာရေး

ကျန်းမာရေး

နည်းပညာ

ကဗျာများ

စီးပွား/စီမံ

ဘလော့ပိုစ်များ

ဟင်းချက်နည်း

ထူးခြားဆန်းပြား

mp3 သီချင်းများ

ဟာသလွင်ပြင်


စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန

Thursday, 16 January 2014

မော်လမြိုင်သား ဆာ ဦးသွင်၏ ဘ၀ အချို့(သို့ )အနှိုင်းမဲ့တန်ဖိုးများ

သမိုင်းသိပြီး နိုင်ငံအတွက် တန်ဖိုးရှိသူဖြစ်ပါစေ။
မော်လမြိုင်သား ဆာ ဦးသွင်၏ ဘ၀ အချို့(သို့ )အနှိုင်းမဲ့တန်ဖိုးများ ====================================
 crdt;;;မွန်တို့ဌာနေ ရာမည သန်လျှင်မြို့စားသမိန်မရူးတပ်ပျက်ပြီး မော်လမြိုင်သို့  တိမ်းရှောင် လာတဲ့မွန်လူမျိုးများထဲမှာ ဦးရွှေဂန်ဒေါ်မဲမ ဆိုတဲ့မွန်မိသားစုတစ်စု လည်းပါခဲ့တယ်။ သူတို့နှစ်ဦးကနေ သားသမီးရတနာခြောက်ဦး ထွန်းကားခဲ့ပြီး စတုထ္ထ သားဦးဖဲလ်နဲ့ဒိုင်းဝန်းကွင်းအရှေ့ ဆင်ဖြူကျွန်းဒါယိကာ သစ်ကုန်သည် ဦးသာညှင်းဒေါ်ဗွင့်တို့ရဲ့သမီးဒေါ်ရင်နဲ့အကြောင်းပါရာကနေ ဦးသွင် ၊ ဒေါ်နှင်းအိ ၊ ဦးအုန်းဖေ( ဓါတ်မီးအုံးဖေ) တို့ထွန်းကားခဲ့တယ်။ ဦးသွင်ကို ၁၂၄၀ပြည့်နတ်တော်လပြည့်ကျော် ၅ ရက် ကြာသာပတေးနေ့ မှာမွေးဖွါးတယ်။ အဲဒီအချိန်မန္တလေးနန်းတော်မှာ သီပေါမင်းနန်းတက်ပြီး နှစ်လကြာတဲ့ အချိန်ဖြစ်တယ်။ဦးသွင်ဟာ ရိုးသားကြိုးစားပြီးအလုပ် ကြိုးစားတဲ့လူငယ်၊ စီးပွါးရေးလာဘ်မြင်သူ၊ဘာသာတရားရိုသေ ကိုင်းရှိုင်းသူတစ်ဦးဖြစ်တယ်။ သူစီးပွါးရေးလောကထဲဝင်တဲ့ချိန်မှာ စီးပွါးရေးအားလုံးနီးပါးကို အင်္ဂလိပ် လူမျိုးကုန်သည်ကြီးများသာကြီးစိုးချယ်လှယ်လက်ဝါးအုပ်ထားတဲ့ ကုန်သည်ကြီးများအသင်းဆိုတာရှိပြီး မြန်မာတိုင်းရင်းသားတွေကို အသင်းဝင်ခွင့်မပေးပါဘူး။ ကုန်သည်ကြီးများအသင်း ရဲ့အကျိုးဆောင် ပွဲစားအသင်းဆိုတာလည်းရှိပြီးမြန်မာနိုင်ငံသားတွေကို အသင်းဝင်ခွင့်လဲ မပေးဘူး။ မြန်မာလူမျိုးတိုင်းရင်းသားပွဲစားများကိုလဲလူရာမသွင်းဘူး။ မြန်မာမြေပေါ်နေ မြန်မာပြည်ကထွက်တဲ့ဆန်စပါးကို ရောင်းဝယ်ပေမဲ့ မြန်မာ တွေကို လူရာမသွင်းဘဲ နှိမ့်ချ ဆက်ဆံတဲ့အတွက် မြန်မာလူမျိုးများ အလွန်မျက်နှာငယ်ရပြီး ကျွန်သဘော စော်ကားဆက်ဆံတာကို ဦးသွင်ကမကျေနပ်ဘဲအရေးဆိုတယ်။ မြန်မာ့တိုင်းရင်းသားလုပ်ငန်းတွေ ရှင်သန်နိင် ဘို့မြန်မာတိုင်းရင်းသားအချင်းချင်း စည်းရုံးဘို့ဆော်သြသလို ဘာမထီစိတ်ဓါတ်တွေ ပြခဲ့ပြီး အင်္ဂလိပ်ကုန်သည်တွေကို ယှဥုပြိုင်ဘို့ကြိုးစားခဲ့တယ်။ မြန်မာကုန်သည်ကြီးများအသင်းဖွဲ့ကို ဦးဆောင်ခြင်း ============================= သူ အရေးဆိုတာ မအောင်မြင်တဲ့အတွက် မြန်မာ့ မျိုးချစ်စိတ်တွေထား ရှိဘို့ဆော်သြပြီးအင်္ဂလိပ်ကုန်သည်ကြီးများအသင်းလို မြန်မာကုန်သည်ကြီး များအသင်းဆိုပြီး ၁၉၁၁ ခုမှာဖွဲ့စည်းပြီး ဒုဥက္ကဋ္ဌအဖြစ်ဆောင်ရွက်ခဲ့ပါ တယ်။ မြန်မာကုန်သည်ကြီးအသင်းစတည်ထောင်နိုင်လိုက်တာ မြန်မာလူမျိုး အဖို့နိင်ငံရေးနိုးကြားဘို့ အစဖေါ်ခဲ့တဲ့ မျိုးချစ်အားလုံးအတွက်ဂုဏ်ယူစရာ တခု ဖြစ်ခဲ့တယ်။ နိုင်ငံခြားသားကုန်သည်တွေကို ယှဉ်ပြိုင်ဘို့အစပြုခဲ့တဲ့ အသင်းတစ်သင်းဖြစ်တယ်။ ဆန်စက်အသေး များအသင်းကို လုပ်ငန်းရှင် ကိုးဦး နှင့်စတင်ဖွဲ့စည်းခြင်း ========================================= ဆန်စက်ကြီးများအသင်းကိုချယ်လှယ်ပိုင်စိုးထားတဲ့အင်္ဂလိပ်ကုန်သည်များ ရဲ့စက်ကသာ လုပ်ပိုင်ခွင့်လိုင်စင်ရပြီး နိုင်ငံခြားတင်ပို့ခွင့်ပါရကြ လို့ အချိန်ပြည့်ကြိတ်ခွဲနိုင်ပေမဲ့မြန်မာနိုင်ငံသားပိုင် ဆန်စက်ကလေး ( တစ်နေ့ပေါင်၂၂၅ ၀င်ဆန်အိတ် တစ်ထောင်မှ သုံးထောင်ကျစက်) တွေ လိုင်စင်မရလို့မလည်ရတော့လုပ်ငန်းမတွင်ကျယ်ဘူး။ ဆန်စက်လေးတွေ အကြီးကျယ်အရှုံးပေါ်ခဲ့ပြီးရပ်တည်ရခက်လာတဲ့ အတွက် ဆန်စက်အသေးစားလုပ်ငန်းရှင်အသင်းကို လုပ်ငန်းတူကိုးဦးနဲ့ ဖွဲ့ပြီး လုပ်ငန်းငယ်များရပ်တည်နိုင်ရေးအတွက် အစီစဉ်ရေးဆွဲတယ်။ ငွေကုန်ကြေးကျမရှိအောင် ရုံးပြာတာတောင်မထားဘဲ ဦးသွင် က အတွင်းရေးမူးတာဝန်ယူ လုပ်ကြတယ်။ အင်္ဂလိပ်ဆန်မင်းကြီးထံကို လုပ်ငန်းလိုင်စင်ချဘို့သွားရောက်အရေးဆို သလိုဘုရင်ခံထံလဲအကျိုးကြောင်းစာရေးပို့တယ်။ နောက်ဆုံးတော့ ဆန်မင်းကြီးဘုရင်ခံနဲ့ဆာဦးသွင်တို့ဆွေးနွေးတိုင်ပင်ကြပြီးနောက်ဆုံး ဆန်ရောင်းချ ကြိတ်ခွဲခွင့်လိုင်စင်တွေ ရခဲ့လို့ မြန်မာဆန်စက်ပိုင်တွေ အသက်ရှုချောင်ခဲ့ရတယ်။ အရှုံးများပြန်ကာမိပြီး အမြတ်တွေ ရခဲ့လို့အင်္ဂလိပ်တွေကို ယှဉ်ပြိုင်လာနိုင်ခဲ့ကြပါတယ်။ နာမည်ကျော်သူရိယ သတင်းစာကို တာဝန်ယူကွပ်ကဲခြင်း ================================့ မြန်မာအမျိုးသားများစုပေါင်းတည်ထောင်ခဲ့တဲ့ နာမည်ကျော် သူရိယသတင်းစာဟာ အကြောင်းကြောင်းကြောင့်ရပ်နားရတော့မှာကို သိခဲ့တဲ့ဦးသွင်ဟာ သူရိယလို နိုင်ငံအတွက် အရေးကြီးတဲ့သတင်းစာ အရပ်ခံရရင် ဆုံးရှုံးမူ ကြီးမားတာကို မြင်မိပြီး ငွေရေးကြေးကြောင့်ရပ်စဲရမှာကို မလိုလားတဲ့အတွက်နီးစပ်ရာမျိုးချစ်ပုဂ္ဂိုလ်တွေကို ၊အမြန်စုစည်းပြီး ငွေရင်းနှီးမတည်တယ်။ ငွေကြေးအရတောင့်တင်းအောင်ကြံဆောင်မတည်ပြီးသူရိယသတင်းစာ ကို ကုမ်ပဏီ တစ်ခုအဖြစ်တိုးချဲ့ဖွဲ့စည်းပြီးဆက်လက်ထုတ်ဝေတယ်။ ၁၉၁၁ - ကနေ ဂျပန်ဝင်တဲ့အထိ မန်နေဂျင်းဒါရိုက်တာအဖြစ်ကိုယ်တိုင်စီမံ ခန့်ခွဲတာဝန်ယူခဲ့တယ်။ သူရိယ သတင်းစာအကျိုးကျေးဇူးကြောင့်လူငယ် ခေါင်းဆောင်များကို မွေးထုတ်နိုင်ခဲ့တယ်။ မြန်မာပြည်စည်းလုံးလာဘို့ လွတ်လပ်ရေးရဘို့ အရေးပါခဲ့၍ သမိုင်းတွင်ခဲ့တဲ့သတင်းစာဖြစ်ခဲ့တယ်။ အင်္ဂလန်ဘုရင်မင်းမြတ်က ဦးသွင်ရဲ့လူမျိုးကိုချစ်ခင်စောင့်ရှောက်တာ သာသနာကိုဆထက်တပိုး တိုးတက်အောင် လုပ်ဆောင်တာ ၊ စောင့်ရှောက်ကြည့်ရူခဲ့တာတွေကို အသိမှတ်ပြုတဲ့အနေနဲ့ အမျိုးကောင်း သားသူရဲကောင်းများကိုသာ ချီးမြင့်တဲ့ ဆာဘွဲ့ ချီးမြင့်ခဲ့ပါတယ်။ အထက်ပါအကြောင်းအရာများက ကြီးကျယ်ခန်းနားလှတဲ့  ဆာဦးသွင်ရဲ့ ဘ၀ တစ် စိတ်တဒေသသာလျှင်ဖြစ်ပါတယ်။ ဆာဦးသွင် ဟာမျိုးချစ်စိတ်ထက်သန်ပြီး သာသနာအတွက် စွမ်းစွမ်းတမံ ထမ်းဆောင်ခဲ့ပြီးဆဌမသံဃာယနာတင် နိုင်အောင် အစစ စီမံကွပ်ကဲ ပြီး ဥက္ကဋ္ဌအဖြစ်တာဝန်ယူ နိုင် ခဲ့ပါတယ်။ ဘယ်ကိစ္စမဆို စေတနာရှေ့ထားပြီးအားကြိုးမာန်တက်ကြိုးစားမယ်ဆိုရင် ဘယ်လောက် ကြီးမားတဲ့အဟန့်တားမဆို ကျော်လွားနိုင် တာ ကို ဆာဦးသွင်က ပြသခဲ့ပါတယ်။ ( ၂၉.၁၁.၂၀၁၃) ဆြာသွင်၏ အတ္ထုပတ္တိမှ မှီးငြမ်းသည်။

0 comments:

Post a Comment

.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙အကြောင်းအမျိုးကြောင့်ဆက်သွယ်လိုလျှင်.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙

foxyform