စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန်* အများအကျိုးပြုခြင်းဖြင့်ပျော်ရွှင်မှုရပါစေ...။ (မည်သူမဆို မျှဝေယူနိုင်ပါသည်- ရွှေအိမ်စည်)

ပင်မစာမျက်နှာ

ဗဟုသုတ

ဘုရားသမိုင်း

တရားဒါန

ပညာရေး

ကျန်းမာရေး

နည်းပညာ

ကဗျာများ

စီးပွား/စီမံ

ဘလော့ပိုစ်များ

ဟင်းချက်နည်း

ထူးခြားဆန်းပြား

mp3 သီချင်းများ

ဟာသလွင်ပြင်


စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန

Friday, 18 July 2014

မလေးရှား ခရီးသည်တင် လေယာဉ် ပျက်ကျ ခရီးသည်အားလုံး သေဆုံး

18 July 2014 09:21(+0630)

 ယူကရိန်းနိုင်ငံအရှေ့ပိုင်း ​ရုရှားနယ်စပ်အနီး ​ဒေါညက်စ်ဒေသမှာ ​လူပေါင်း ​၃၀၀ ​နီးပါးတင်ဆောင်လာတဲ့ ​မလေးရှားခရီးသည်တင် ​လေယာဉ်တစင်း ​ပျက်ကျခဲ့တာကြောင့် ​လေယာဉ်ပေါ်ပါလာသူ ​အားလုံး ​သေဆုံးခဲ့ရပါတယ်။

ခရီးသည် ​၂၈၀ ​နဲ့ ​လေယာဉ်အမှုထမ်း ​၁၅ ​ဦး ​အားလုံး ​၂၉၅ဦး ​သေဆုံးခဲ့ရပြီး ​အဲဒီအထဲမှာ ​သြစတြေးလျနိုင်ငံသား ​၂၇ ​ဦး ​ပါဝင်တယ်လို့ ​ဆိုပါတယ်။

လေယာဉ်အမှတ် ​MH17 ​ဟာ ​အမ်စတာဒမ်ကနေ ​ကွာလာလမ်ပူကို ​ပျံသန်း ​လာစဉ် ​ရေဒါ ​ကနေ ​ပျောက်ဆုံး ​သွားခဲ့တယ်လို့ ​ဆိုပါတယ်။

ဒါဟာ ​မြေပြင်ကနေ ​ဒုံးကျည်နဲ့ ​ပစ်ချခံရတာ ​ဖြစ်နိုင်ပြီး ​ဒါဟာ ​အကြမ်းဖက် ​သမားတွေရဲ့ ​လက်ချက်ဖြစ်နိုင်ကြောင်း ​ယူကရိန်းအစိုးရက ​ပြောလိုက်ပေမယ့် ​ရုရှားလိုလားတဲ့ ​သူပုန်တွေ ​ဘက်ကတော့ ​ဒီစွပ်စွဲချက်ကို ​ငြင်းဆိုလိုက်ပြီး ​ဒါဟာ ​ယူကရိန်း ​အစိုးရရဲ့ ​လက်ချက်ဖြစ်နိုင်တယ်လို့ ​တန်ပြန်စွပ်စွဲလိုက်ပါတယ်။

မလေးရှားခရီးသည်တင် ​လေယာဉ်မပျက်ကျခင် ​နာရီပိုင်းအတွင်းမှာပဲ ​ရုရှားလိုလားတဲ့ ​ခွဲထွက်ရေးသမားတွေကို ​ထိုးစစ်ဆင်ရေးမှာပါဝင်တဲ့ ​ယူကရိန်း ​SU25 ​တိုက်လေယာဉ်ကို ​ရုရှား ​တိုက်လေယာဉ်က ​ပစ်ချခဲ့တယ်လို့ ​ယူကရိန်းစစ်တပ်က ​ပြောပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese/2014-07-18/1344775

ပျက်ကပြီး မီးလောင်းပြာကျသွားတဲ့ MH17 လေယာဉ်

0 comments:

Post a Comment

.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙အကြောင်းအမျိုးကြောင့်ဆက်သွယ်လိုလျှင်.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙

foxyform