မန္တလေးမြို့၊ မဟာအောင်မြေ ကျောက်မျက်ဈေးတွင် ဇူလိုင် ၁၈ရက်နေ့ နံနက် ၁၀နာရီခွဲခန့်က water cooler ဂတ်စ်အိုးပေါက်သည့် ဖြစ်စဉ်ကြောင့်ကျောက် မျက် ရောင်းဝယ်သူများ ပြေးလွှားမှုကြောင့် အရောင်းဝယ် ပြုလုပ်ရန် ခင်းကျင်း ထားသော ကျောက်စိမ်းအပွင့်များ ပျောက်ဆုံးခဲ့ မှုများရှိကြောင်း အဆိုပါ ဈေး ကော်မတီဝင်တစ်ဥိးကပြော သည်။
"လက်ကောက်ရောင်းဝယ်တဲ့ နေရာနားက အများသောက်သုံးဖို့ချထားတဲ့ water cooler ကဂက်စ်အိုးပေါက်ခဲ့ ရာက အရောင်းအ၀ယ်လုပ်နေသူတွေ ဟိုပြေး၊သည်ပြေးလုပ်ကြတော့ ခင်းကျင်းထားတဲ့ ကျောက်စိမ်းပစ္စည်း တွေ ကျပျောက်တာရှိတယ်။ဖြစ်စဉ်က အကြီးမားပေမယ့် ဖေ့စ်ဘုတ်မှာ ကြီးကြီးကြယ်ကြယ်ရေးကြတာပါ။"ဟု ယင်းကဆက်လက်ပြောဆိုသည်။
အဆိုပါဂက်စ်အိုးမှ အပေါက်ကွဲမီ ယိုစိမ့်မှုဖြစ်ပွားခဲ့ပြီး ဂတ်စ် အနံ့များထွက် လာခဲ့ရာတွင် အနီးတွင်ထိုင်သူများ ကဂတ်စ်နံ့ရရှိကာပေါက်ကွဲတော့မည် ဟု အော်ဟစ်ပြောဆိုပြေးလွှာရာက ယခုကဲ့သို့သော ဖြစ်ပွား ခဲ့သည်။
" လူမှုကွန်ယက်စာမျက်နှာပေါ်မှာ ကျောက်မျက်ဈေးဗုံးပေါက်ကွဲမှုဖြစ်တယ်၊ ပဋိပက္ခ ဖြစ်နေတယ်ဆိုပြီး ကောလ ဟာလသတင်း ဖြန့်တာရှိခဲ့တယ် ။အဲဒိကိစ္စရပ်က လုံးဝမဟုတ်မှန်ပါဘူး။ပုံကြီးချဲ့ တဲ့သူတွေနဲ့ အကြားနဲ့ ရေးကြတော့ သတင်းအမှားတွေဖြစ်လာတာ။ "ယင်းက အတည်ပြုပြောကြားသည်။
အောင်သန့်ခိုင်။
Mandalay News Agency
https://www.facebook.com/mandalay.newsagency
ဓါတ်ပုံ - ကိုညို (facebook)





0 comments:
Post a Comment