စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန်* အများအကျိုးပြုခြင်းဖြင့်ပျော်ရွှင်မှုရပါစေ...။ (မည်သူမဆို မျှဝေယူနိုင်ပါသည်- ရွှေအိမ်စည်)

ပင်မစာမျက်နှာ

ဗဟုသုတ

ဘုရားသမိုင်း

တရားဒါန

ပညာရေး

ကျန်းမာရေး

နည်းပညာ

ကဗျာများ

စီးပွား/စီမံ

ဘလော့ပိုစ်များ

ဟင်းချက်နည်း

ထူးခြားဆန်းပြား

mp3 သီချင်းများ

ဟာသလွင်ပြင်


စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန

Thursday, 10 July 2014

ငွေချေးရာမှ စကားများရန်ဖြစ်စဉ် ဓါးဖြင့်ထိုး၍သေဆုံး

ရန်ကုန်၊ ဇူလိုင် ၁၀

 ၁၀.၇.၂၀၁၄ ရက်နေ့ ၀၀၁၅ အချိန်တွင် ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် သင်္ဃန်းကျွန်းစံပြဆေးရုံသို့ အမျိုးသားတစ်ဦး ဓါးဒဏ်ရာများဖြင့် သေဆုံးရောက်ရှိလာကြောင်း ဆေးရုံ မှုခင်းရဲ၏ အကြောင်းကြားချက်အရ သွားရောက်စစ်ဆေးခဲ့ရာ သေဆုံးသူမှာ ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ်နေ ၀င်းနိုင်၊ (၃၉)နှစ်၊ (ဘ)ဦးတင်ဝင်းဖြစ်ပြီး ၀ဲရင်အုံထိုးသွင်းဒဏ်ရာ၊ လည်ပင်းယာဘက် ထိုးသွင်းဒဏ်ရာများဖြင့် သေဆုံးနေသည်ကိုတွေ့ရှိရပါသည်။

ဖြစ်စဉ်အားစုံစမ်းရာ သေဆုံးသူဝင်းနိုင်၏နေအိမ်ရှေ့လမ်းမပေါ်၌ ၎င်းနှင့် ပွဲစား အလုပ်အတူ လုပ်ကိုင်သူ ပဲခူးတိုင်းဒေသကြီး၊ သနပ်ပင်မြို့နယ်နေ ကျော်ခိုင်၊ (ဘ)ဦးကြည်အေးမှ ငွေချေးရာ ၀င်းနိုင်မှ ယခင်ချေးထားသော ငွေကျပ်(၅)သိန်း ရရန်ရှိသေးသည့်အတွက် ထပ်မံမချေးနိုင်ကြောင်း ပြောဆိုသဖြင့် စကားများကြစဉ် ကျော်ခိုင်မှအသင့်ပါလာသော ဓါးဖြင့်ထိုးခဲ့၍ ဒဏ်ရာရရှိသေဆုံးခြင်း
ဖြစ်ကြောင်း သိရှိရပါသည်။

ယင်းသို့ ပြစ်မှုကျူးလွန်သူ ကျော်ခိုင်အား ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့မရဲစခန်း (ပ)၂၇၂/၂၀၁၄၊ ပြစ်မှု ပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်လှစ်ကာ ဖမ်းဆီးရမိရေးစုံစမ်း ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police

https://www.facebook.com/yangonpolice

0 comments:

Post a Comment

.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙အကြောင်းအမျိုးကြောင့်ဆက်သွယ်လိုလျှင်.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙

foxyform