စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန်* အများအကျိုးပြုခြင်းဖြင့်ပျော်ရွှင်မှုရပါစေ...။ (မည်သူမဆို မျှဝေယူနိုင်ပါသည်- ရွှေအိမ်စည်)

ပင်မစာမျက်နှာ

ဗဟုသုတ

ဘုရားသမိုင်း

တရားဒါန

ပညာရေး

ကျန်းမာရေး

နည်းပညာ

ကဗျာများ

စီးပွား/စီမံ

ဘလော့ပိုစ်များ

ဟင်းချက်နည်း

ထူးခြားဆန်းပြား

mp3 သီချင်းများ

ဟာသလွင်ပြင်


စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန

Sunday, 13 July 2014

ကွက်လပ်ဖြည့်ကြည့်တတ်ဖို့ ဘဲလိုတယ်

“မန္တလေးမြို့”မှ “မစိုးရိမ်ကျောင်းတိုက်ကြီး”ကို လှူခဲ့သော“ဒကာကြီး”တစ်ယောက် ၏ ကိုယ်တွေ့အဖြစ်အပျက်တစ်ခု နှင့် ပဲ ဤဓမ္မဆောင်းပါး ကို စ လိုက်ချင်ပါသည်။

တစ်နေ့သောအခါ ဖော်ပြပါ ကျောင်း“ဒကာကြီး ”အိမ်သို့  သူ၏ မိတ်ဆွေရင်းတစ်ဦးက ရောက်လာပြီး-

“သူငယ်ချင်း- မင်းကတော့ မစားရက်မသောက်ရက်နဲ့စုပြီး ကျောင်းတိုက်ကြီး လှူထားတာကွာ။
အခုပဲ မင်းလှူထားတဲ့ ကျောင်းကို ငါရောက်ခဲ့တော့
ဘုန်းကြီးတွေ သင်္ကန်းတလွှားလွှားနဲ့ ဘောလုံးကန်နေတယ်။ ဘယ် မြင်လို့မှ မကောင်းကွာ” ဆို၍ သတင်းထူး လာပေးပါ၏။

ထိုအခါ ကျောင်း“ဒကာကြီး”ကလည်း -
“ဟုတ်လား ၊ ကိုင်း…လာ ကွာ….၊ ကျောင်းသွားရအောင်”ဟု ဆိုကာ ထို မိတ်ဆွေ နှင့် အတူ ကျောင်းကိုသွားကြပါသည်။

ကျောင်းရောက်သော အခါ သူ့ မိတ်ဆွေ ပြောသည့်အတိုင်းပင် ကျောင်းဝင်းထဲ၌ ဘုန်းကြီး၊ ကိုရင် များ ခြင်းခတ် နေသည် ကို တွေ့ရပါ၏။

ထို ကျောင်း “ဒကာကြီး”သည် မျက်နှာ မပျက်ပဲ သူ့မိတ်ဆွေ ကို-
“လာ ၊ သူငယ်ချင်း - ကျောင်းတိုက်ပေါ် ခဏတက်ကြဦးစို့” ဟူ၍ ကျောင်းပေါ် သို့ ခေါ်ဆောင်သွားပါ၏။

ကျောင်းပေါ်ရောက်သောအခါတွင်ကား-
“စာအံ နေသော ကိုရင်” များ, “စာသင်နေသော ရဟန်း” များ, “တရားထိုင်နေသော ရဟန်း” များ , အစရှိသဖြင့်မြင်တွေ့ရပါ၏။

ထို အခါ ကျောင်း“ဒကာကြီး”က သူ့ မိတ်ဆွေ ကို-
“မင်း ခုနက ကျောင်းဝင်းထဲ မှာ ခြင်းခတ်နေတဲ့ဘုန်းကြီး ဘယ်နှစ်ပါး မြင်သလဲ သူငယ်ချင်း” ဟု မေးလိုက်ပါသည်။

သူ့ မိတ်ဆွေ မှ-
“ရော်….၊ မင်း မမြင်ဘူးလားဟ…၊ ဘုန်းကြီးသုံးပါးဘော်လုံးကန် နေတယ်လေ။”

ကျောင်း“ဒကာကြီး” က -
“နော့ဖြင့် ဟော့ဒီကျောင်းပေါ်မှာ စာအံ, စာချနေတဲ့ ဘုန်းကြီးတွေ ကိုရင်တွေ ဘယ်နှစ်ပါး ရှိမယ် ထင်သလဲ ” ဟု ထပ်မံ မေးခွန်းထုတ်လိုက်ပြန်ပါသည်။

“အလိုလေး….၊ ဒီမှာ ကတော့ အများကြီးပဲပေါ့။”

“အေး…၊ ဟုတ်တယ်..သူငယ်ချင်း..။
မင်း က အပြင်မှာ ခြင်းခတ်နေတာကိုပဲ မြင်တာ ကိုးကွ။
အထဲလည်းဝင်ကြည့်ပါဦးကွာ”……ဟုဆိုလိုက်ပါသည်။ကြားဖြတ်၍ ရဟန်းသံဃာများ နှင့် ပက်သတ်ပြီး “ဆရာတော် အရှင်သူရိယ မထေရ်” “ဆုံးမသြ ဝါဒ”ပေးသည် ကို ဖြတ်ကနဲ သတိရမိပါသေးသည်။

တစ်ခါက -
တိုင်းတစ်ပါး၌“မိဘုရားကြီး”သည်“ဆဒ္ဒန်ဆင်မင်းဘုရားအလောင်းတော်”၏ ဆင်စွယ်ကို“နားတောင်းလုပ်ပန်ချင်သည်”ဟူ၍ “ဘုရင်မင်းကြီး”အား လျှောက်ထားလေရာ ၊“မင်းကြီး”က မုဆိုးအတတ်ပညာ၌ အကျွမ်းကျင်ဆုံးသူကို ရှာစေပြီ “ဆဒ္ဒန်ဆင်မင်း”အားအသတ်ခိုင်းလေသည်။

မုဆိုးက (၇)ရက်တိတိ“ဆဒ္ဒန်ဆင်မင်း”၏ တစ်နေ့တာ သွားလာကျက်စား သည့်နေရာများကို လေ့လာပြီး “ဆဒ္ဒန်ဆင်မင်း”ရေချိုးပြီးနားလေ့ရှိသော နေရာသို့ ဥမင်လှိုဏ်ခေါင်းတူး၍ အဆိပ်လှူး လေးမြှားဖြင့် စောင့်၍နေ၏။

“ဆဒ္ဒန်ဆင်မင်း”လည်း ရေချိုးပြီး နားလေ့ရှိသော နေရာတို့လာကာ နားလေသောအခါ မုဆိုးကြီးက အဆိပ်လူးမြှားဖြင့်ပြစ်လိုက်ရာ “ဆဒ္ဒန်ဆင်မင်း”၏ လည်ပင်းတို့သွား၍စိုက်လေ၏။

ထိုအခါ “ဆဒ္ဒန်ဆင်မင်း”၏ အပေါင်းအဖော်များကရန်သူကို အပြေးအလွှာ လိုက်ရှာကြသည်။
“ဆဒ္ဒန်ဆင်မင်း”မှာမူ မြှားက အောက်ဘက်က လာ၍လည်ပင်းတို့စိုက်ရာ၏ ထို့ကြောင့် ရန်သူသည်အောက်မှာပင်ရှိရမည်ဟူ၍ သိလေသောအခါ မြေကြီးကိုတဖုန်းဖုန်းရိုက်လိုက်လေရာ လှိုဏ်ခေါင်းပြို၍ မုဆိုးအား ရှာတွေ့လေ၏။

ထိုအခါဒေါသတကြီးနှင့်“ဆဒ္ဒန်ဆင်မင်း”ကမုဆိုးအားသတ်ရန်လုပ်သောအခါမုဆိုးက“မိဘုရားကြီး”ကအဆောင်အဖြင့် ပေးတော်မူထားသော “ရဟန်း သင်္ကန်း အစ”ကို ထောင်ပြလိုက်လေရာ “ဆဒ္ဒန်ဆင်မင်း”၏ ဒေါသသည် လျှပ်တစ်ပျက် ဆိုသလို ချက်ခြင်း ပျောက်ကွယ်သွားလေသည်။

ထိုနောက် “ဆဒ္ဒန်ဆင်မင်း”သည် မုဆိုးအား အကြောင်းရင်းမေး၍ သိလေသောအခါ ကိုယ်တော်တိုင်“အစွယ်”ကိုဖြတ်စေ၍ မုဆိုးအားပေးလေ၏။

ဆိုလိုသည် က “ရဟန်းသင်္ကန်း”ကို မြင်၍ “ကိုယ့်အသက်ကိုသတ်သူကိုပင် မသတ်ပဲ ကူညီ၍ အသက်ပေးခဲ့လေသော ဆဒ္ဒန်ဆင်မင်း”ကို စံနှမှူနာထား၍ “ဒကာ ဒကာမများ”အနေဖြင့် “အချို့သော ရဟန်းသံဃာများ”၏ အမြင်မတော်သော အပြုအမူများ ကို မေတ္တာရှေ့ထားပြီး“ပြောဆို,ခွင့်လွှတ်သင့်ကြောင်း”နှင့် “ရဟန်းသံဃာများ” အနေဖြင့်လည်း “သင်္ကန်းအစကို မြင်၍ ဒေါသငြိမ်သွားလေသော ဆဒ္ဒန်ဆင်မင်း”ကို နှလုံးမှု၍ ဝတ်ထားသော“သင်္ကန်း”နှင့် ထိုက်တန်အောင်သော်လည်းကောင်း၊ “ဒကာ ဒကာမများ”အကြည်အညို မပျက်ရလေအောင် “သီလ,သမာဓိ” ဖြင့် ကြိုးစားပြီး နေသင့်ကြာင်း" “အရှင်သူရိယ” က ဆုံးမသြဝါဒ ပေးခဲ့ဖူးလေသည်။လူသားမှန်သမျှ သူတစ်ပါးအပေါ် အလွန်အပြစ်မြင်လွယ်ပါသည်။
သူ့ကျေးဇူးကို သိသူကား အလွန်ရှားပါသည်။
လူသားတို့သည် “မိဘ၊ ဆရာ၊ ရဟန်းသံဃာများ”နှင့် ဆက်ဆံသောအခါ  အပြစ်ကို မကြည့်ဘဲ “ကျေးဇူး”ကို ကြည့်တတ်ဖို့ အလွန်လိုပါသည်။
ထိုလိုသော အကွက်ကိုဖြည့်ရန် ဤ ဓမ္မဆောင်းပါးဖြင့် တိုက်တွန်းလိုက်ပါ၏။

(“ထီးချိုင့်မြို့တည်တောဆရာတော်ဘုရားကြီး”၏သီလ,သမာဓိ,ပညာ,တို့ကိုပူဇော်ကြည်ညိုသောအားဖြင့်ဆရာတော်
ဟောကြား သည့် တရားတော် တစ်ပုဒ် ကို ,ပြန်လည်,မျှဝေ,ဓမ္မဒါနပြုခြင်းဖြစ်ပါသည်)

0 comments:

Post a Comment

.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙အကြောင်းအမျိုးကြောင့်ဆက်သွယ်လိုလျှင်.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙

foxyform