အမှန်တကယ်ထူးခြားလာပါလိမ့်မည်
စိတ်ချမ်းသာချင်ရင် ဒါတွေကို မမေ့ ပါနဲ့ 
(၁) ငါဟာ ငါ့ဘဝမှာ အရေးပါတဲ့သူ ဖြစ်တယ်။မိသားစုဘဝမှာလည်း အရေးပါတဲ့သူဖြစ်တယ်။အသိုင်းအ၀ိုင်းမှာလည်း အရေးပါတဲ့သူ ဖြစ်တယ်။
ဘာတွေ လုပ်ပေးနိုင်လို့ အရေးပါတာလဲ။ငါ့ဘဝမှာ ငါဟာအရေးပါဆုံးလူ မဟုတ်ရင် ဘယ်သူက ငါ့ဘဝမှာ အရေးအပါဆုံး ဖြစ်မလဲ။ ငါဟာ ဘာမှ အသုံးမကျတဲ့သူလို့ ငါ့ကိုယ်ငါ သဘောထားရင် ဘယ်လို စိတ်ချမ်းသာမလဲ။ ဘယ်လိုလုပ် စိတ်အားတက်နိုင်မလဲ။
(၂) ငါ့ကိုယ်ကိုငါ ကျေနပ်နေတယ်။ ငါ့ဘဝကိုငါ ကျေနပ်နေတယ်။ ငါစိတ်
ချမ်းသာနေမှ ငါနဲ့တွေ့တဲ့သူတွေကို စိတ်ချမ်းသာမှု ပေးနိုင်မယ်။ အနည်းဆုံး
တော့ ငါ့အပြုံးဟာ လှိုက်လှဲတဲ့အပြုံး ဖြစ်စေရမယ်။ဒါကြောင့် တပါးသူကို စိတ်ချမ်းသာမှု မပေးနိုင်ပါစေ၊စိတ်ဆင်းရဲမှုတော့ မပေးမိအောင် သတိထား
ပါတယ်။

(၃) ဒီနေ့ဟာ အရေးအကြီးဆုံးနေ့ပဲ ။ဒီနေ့ကို တန်ဖိုးထားမှနေ့ တိုင်းတန်ဖိုး
ရှိတဲ့နေ့ ဖြစ်မယ်။ နေ့တိုင်း တန်ဖိုးရှိတဲ့နေ့ဖြစ်မှ ငါ့ဘဝဟာ တန်ဖိုးရှိတဲ့
ဘဝဖြစ်မယ်။ ဒါကြောင့် ဒီနေ့ တန်ဖိုးရှိတာ လုပ်မယ်။ ပညာရှာမယ်။ မိတ်ဆွေကောင်းရှာမယ်။ကုသိုလ်ရှာမယ်။ စိတ်ချမ်းသာအောင် နေမယ်။
ရှိတဲ့နေ့ ဖြစ်မယ်။ နေ့တိုင်း တန်ဖိုးရှိတဲ့နေ့ဖြစ်မှ ငါ့ဘဝဟာ တန်ဖိုးရှိတဲ့
ဘဝဖြစ်မယ်။ ဒါကြောင့် ဒီနေ့ တန်ဖိုးရှိတာ လုပ်မယ်။ ပညာရှာမယ်။ မိတ်ဆွေကောင်းရှာမယ်။ကုသိုလ်ရှာမယ်။ စိတ်ချမ်းသာအောင် နေမယ်။
(၄) ဒီနေ့လုပ်မယ့် အလုပ်တွေကို အကောင်းဆုံးဖြစ်အောင် လုပ်မယ်။
တတ်နိုင်သလောက်ကို ပျော်ပျော်ရွှင်ရွှင် စိတ်ပါလက်ပါလုပ်မယ်။မတတ်နိုင်
တာကို မတတ်နိုင်ဘူးလို့ သဘာထားပြီး အဲဒါကိုကာင်းဆုံးကျော်ဖြတ်နိုင်
အောင် စိတ်ဆင်းရဲမခံဘဲ ကြိုးစားမယ် ။
တတ်နိုင်သလောက်ကို ပျော်ပျော်ရွှင်ရွှင် စိတ်ပါလက်ပါလုပ်မယ်။မတတ်နိုင်
တာကို မတတ်နိုင်ဘူးလို့ သဘာထားပြီး အဲဒါကိုကာင်းဆုံးကျော်ဖြတ်နိုင်
အောင် စိတ်ဆင်းရဲမခံဘဲ ကြိုးစားမယ် ။
(၅) လူ့ဘဝမှာ တစ်ဦးကိုတစ်ဦး အကူအညီပေးပြီးနေသွားမှ အားလုံးအ
ဆင်ပြေမယ်။ဘယ်သူ့ကိုမှ အကူအညီမေပးဘူး။ ဘယ်သူ့ဆီကမှလည်း
အကူအညီ မယူဘူး ဆိုပြီး နေလို့ မဖြစ်ဘူး။
ဆင်ပြေမယ်။ဘယ်သူ့ကိုမှ အကူအညီမေပးဘူး။ ဘယ်သူ့ဆီကမှလည်း
အကူအညီ မယူဘူး ဆိုပြီး နေလို့ မဖြစ်ဘူး။
(၆) ငါ ခင်သလို ငါ့ကို မခင်ကြဘူးလို့ အပြစ် မတင်ဘူး။ သူတို့ မခင်တာ
ငါ့အတွက် စိတ်ဆိုးစရာ မဟုတ်ဘူး။
ငါ့အတွက် စိတ်ဆိုးစရာ မဟုတ်ဘူး။
(၇) ငါဟာ ငါ့ရဲ့ အကောင်းဆုံးမိတ်ဆွေဖြစ်နိုင်သလို အဆိုးဆုံးရန်သူလည်း ဖြစ်နိုင်တယ်။သူများက ငါ့ကို နေရာမရွေး အချိန်မရွေး ဒုက္ခမပေးနိုင်ဘူး။ ငါ့စိတ်ကိုငါ မထားတတ်ရင် အချိန်မရွေး နေရာမေရွး စိတ်ဆင်းရဲနိုင်တယ်။ ငါ့စိတ်ကို ငါသိလို့ စိတ်ထားတတ်ရင်လည်း နေရာမရွေး အချိန်ေမရွး စိတ်ချမ်းသာနိုင်တယ်။
(၈) ဘယ်လိုသဘောထားရင် စိတ်ချမ်းသာမယ်။ ဘယ်လိုတွေးရင် စိတ်
ချမ်းသာမယ်။ ဘာလုပ်ရင် စိတ် ချမ်းသာမယ်။ ဘယ်သူနဲ့ပေါင်းရင် စိတ်ချမ်း
သာမယ်ဆိုတာကို အမြဲ လေ့လာရမယ်။ စိတ်ချမ်းသာတဲ့ သူတွေကို လေ့လာမယ်။
ချမ်းသာမယ်။ ဘာလုပ်ရင် စိတ် ချမ်းသာမယ်။ ဘယ်သူနဲ့ပေါင်းရင် စိတ်ချမ်း
သာမယ်ဆိုတာကို အမြဲ လေ့လာရမယ်။ စိတ်ချမ်းသာတဲ့ သူတွေကို လေ့လာမယ်။
(၉) ကိုယ် စိတ်ဝင်စားတာ၊ ကိုယ်ဝါသနာပါတာကို လုပ်တယ်။ ချီးမွမ်းရင် ကျေနပ်ပါတယ်။ဒါပေမယ့် ငါလုပ်တာကို ချီးမွမ်းမှာလား၊ ကဲ့ရဲ့မှာလားလို့ မတွေးဘူး။ချီးမွမ်းတာခံရဖို့ မလုပ်ဘူး။အဲဒါကို သိပ်အရေးကြီးတယ်လို့ သဘောမထားဘူး။
(၁၀)ငါ့စိတ် ချမ်းသာမှုဟာ ငါ့တာဝန်ပဲဆိုတာ ငါသိတယ်။ငါဒုက္ခရောက်တာ သူတို့ကြောင့်လို့ တွေးသလား။ အဲဒီလို တွေးနေရင် စိတ်ဆင်းရဲနေမယ်။ စိတ်ချမ်းသာတဲ့သူ မဖြစ်သေးဘူး။ ငါ့စိတ်မှာဖြစ်တဲ့ ခံစားမှုအတွက် ငါ့မှာပဲ တာဝန်ရှိတယ်။ ဘယ်သူ့ကိုမှ အပြစ်တင်ဖို့ မလိုဘူး။
ငါနဲ့တွေ့ရတဲ့ လူတွေဟာ ငါ့လိုပဲ ဘဝကို ရုန်းကန်ပြီး နေထိုင်ကြတယ် လို့ 
သူ့ ဘက်ကိုယ်ဘက် ညီမျှခြင်းတွေးမယ်။
သူ့ ဘက်ကိုယ်ဘက် ညီမျှခြင်းတွေးမယ်။
ဒီလို သဘောထားကို ပြတ်ပြတ်သားသား ထားနိုင်တဲ့သူဟာ စိတ်ချမ်းသာ
တဲ့သူ။ ငါ့ကို စိတ်ဆင်းရဲအောင် လုပ်ကြတယ်။ ငါ့ကို စိတ်ဆင်း ရဲအောင် မလုပ်ကြနဲ့လို့ ပြောတဲ့သူဟာ စိတ်ဆင်းရဲနေတဲ့သူပါပဲ။
တဲ့သူ။ ငါ့ကို စိတ်ဆင်းရဲအောင် လုပ်ကြတယ်။ ငါ့ကို စိတ်ဆင်း ရဲအောင် မလုပ်ကြနဲ့လို့ ပြောတဲ့သူဟာ စိတ်ဆင်းရဲနေတဲ့သူပါပဲ။
အကောင်းမြင်မှုကိုအခြေခံပြီး ဘဝတိုးတက်အောင်ြ ကြိုးစားနေသူများဟာ
စိတ်ချမ်းသာအောင်နေတတ်သူတွေမှာ ရှိတဲ့ အချင်းအရာလက္ခဏာတွေက
ဘာတွေလဲဆိုတာကို သိထားရပါမယ် ။
စိတ်ချမ်းသာအောင်နေတတ်သူတွေမှာ ရှိတဲ့ အချင်းအရာလက္ခဏာတွေက
ဘာတွေလဲဆိုတာကို သိထားရပါမယ် ။
စိတ်ချမ်းသာအောင် နေတတ်တဲ့သူဟာ-
Boldness: သတ္တိရှိတယ်။ ဆုံးဖြတ်ရဲတယ်။ ပြောရဲတယ်။ လုပ်ရဲတယ်။ Brightness: အသိဉာဏ် တောက်ပြောင်တယ်။
Cheerfulness: ရွှင်လန်းတယ်။
Common sense: ပင်ကိုအသိဥာဏ်ရှိတယ်။
Confidence: ကိုယ့်ကိုယ်ကို ကိုယ် ယုံကြည်မှုရှိတယ်။
Control: မိမိကိုယ်ကို(အခြေအနေ) ထိန်းသိမ်းနိုင်တယ်။
Enthusiasm: စိတ်အားထက်သန်တယ်။ တက်ကြွတယ်။
Forgiveness: ခွင့်လွှတ်နိုင်တယ်။
Friendliness: ခင်ခင်မင်မင် ဆက်ဆံတတ်တယ်။
Gratitude: ကျေးဇူးသိတတ်တယ်။တန်ဖိုးထားတတ်တယ်။
Joyousness: ကြည်လင်ရွင်လန်းတယ်။
Kindness: ကြင်နာ ညှာတာတတ်တယ်။
Mental fitness: စိတ်ဓာတ် ကြံ့ခိုင်တယ်။
Optimist: အကောင်းမြင်တဲ့ အပြုသဘောရှိတယ်။
Patience: စိတ်တည်ငြိမ်တယ်။ စောင့်ထိန်းနိုင်တယ်။
Peacefulness: စိတ်ငြိမ်းချမ်းတယ်။
Power: စိတ်စွမ်းအားကြီးတယ်။
Productiveness: အလုပ်များများလုပ်နိုင်တယ်။
Wisdom: ဥာဏ်ပညာရှိတယ်။

ဒီအရည်အချင်းတွေ ဒီဂုဏ်တွေကြောင့် စိတ်ချမ်းသာတဲ့သူဟာ အခက်အခဲတွေကို ရင်ဆိုင် ကျော်လွှားနိုင်တယ်။
ဘဝပညာနဲ့ အသိပညာ တိုးတက်ဖို့  စိတ်ချမ်းသာအောင်ကြပါစို့ ...။
ဘယ်ဝါဒတွေကြားမှာမှ စိတ်တွေကို ညစ်နွမ်းပြီး လမ်းမမှားစေပါနဲ့ ။
အဲဒါသေချာတယ်....သင့်ဘဝမှာ သင်သာ အရေးကြီးဆုံးဆိုတာကို အဖြေရှာမနေနဲ့ ။
ဘယ်ဝါဒတွေကြားမှာမှ စိတ်တွေကို ညစ်နွမ်းပြီး လမ်းမမှားစေပါနဲ့ ။
အဲဒါသေချာတယ်....သင့်ဘဝမှာ သင်သာ အရေးကြီးဆုံးဆိုတာကို အဖြေရှာမနေနဲ့ ။
ဒါ့ကြောင့် စိတ်ချမ်းသာအောင်နေပါ ။
မိတ်ဆွေ အမှန်တကယ် ထူးခြားလာပါလိမ့်မယ် ။
မိတ်ဆွေ အမှန်တကယ် ထူးခြားလာပါလိမ့်မယ် ။
နန်းရှေ့ သားမှ ကောက်နူတ်ဝေမျှသည်။
ကိုး ဘား
0 comments:
Post a Comment