စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန်* အများအကျိုးပြုခြင်းဖြင့်ပျော်ရွှင်မှုရပါစေ...။ (မည်သူမဆို မျှဝေယူနိုင်ပါသည်- ရွှေအိမ်စည်)

ပင်မစာမျက်နှာ

ဗဟုသုတ

ဘုရားသမိုင်း

တရားဒါန

ပညာရေး

ကျန်းမာရေး

နည်းပညာ

ကဗျာများ

စီးပွား/စီမံ

ဘလော့ပိုစ်များ

ဟင်းချက်နည်း

ထူးခြားဆန်းပြား

mp3 သီချင်းများ

ဟာသလွင်ပြင်


စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန

Friday, 18 July 2014

တနင်္သာရီမြို့နယ် မမသောင်ရွာတွင် ဘိန်းစာမှုန့်အထုပ်(၃၀၀)ဖမ်းဆီးရမိ

 တနင်္သာရီ ဇူလိုင် ၁၈ ရက်

 တနင်္သာရီ တိုင်းဒေသကြီး၊ တနင်္သာရီမြို့မရဲစခန်းတွင် ဇူလိုင်လ(၁၅)ရက်နေ့ နံနက်(၇း၄၅)နာရီတွင် တနင်္သာ ရီမြို့နယ် ဆင်ခြေဖုန်း ကျေးရွာအုပ်စု မမသောင်ကျေးရွာတွင် ဘိန်းစာမှုန့်များ ဖမ်းဆီးရရှိမိခဲ့ကြောင်း သိရှိရ သည်။

ဖြစ်စဉ်မှာ တနင်္သာရီမြို့မရဲစခန်းမှ ရဲအုပ်နိုင်စိုးဦးနှင့်အဖွဲ့သည် သက်သေဦးခင်မောင်ဝင်း၊ ဦးအင်ဟိုတို့နှင့် အတူ ဇူလိုင်လ(၁၅)ရက်နေ့ နံနက်(၁း၃၀)နာရီအချိန်တွင် မူးယစ်ဆေးဝါးသတင်းအရ တနင်္သာရီမြို့နယ်၊ ဆင်ခြေ ဖုန်းကျေးရွာအုပ်စု၊ မမသောင်ရွာထိပ်တံတား အနီးတွင် စောင့်ဆိုင်းနေစဉ် မသင်္ကာဘွယ်အထုပ်များထမ်းလျက် ရွာ လမ်း အတိုင်း လမ်းလျှောက် လာသည့်လူ(၄)ဦးအား ရှာဖွေစစ်ဆေးရာ(၂)ဦးမှာ ထွက်ပြေးလွတ်မြောက် သွားပြီး ကျန် (၂) ဦးဖြစ်သည့် မြင့်ထွန်းနှင့်သက်နိုင်ဦး တို့အား ဖမ်းဆီးရမိခဲ့သည်။

၎င်းတို့(၂)ဦးကိုယ်စီ ထမ်းလာသည့် မိကျောင်းတံဆိပ်ပါ ပီနံအိတ်အတွင်းမှ ပလပ်စတစ်အဖြူရောင်အိတ် ခံထည့်ထားသည့် တစ်ထုပ်လျှင်(၇၀)ဂရမ်ခန့်ရှိ ဘိန်းစာမှုန့်ဟုယူဆရသော အစိမ်းဝါရောင်အမှုန့်(၁၅၀)ထုပ်စီ၊ အလေးချိန် (၁၀.၅)ကိလိုဂရမ်စီ (၂)ဦးစလုံး အရေအတွက်တူ၊ အလေးချိန်တူ စုစုပေါင်း(၃၀၀)ထုပ်၊ အလေးချိန် (၂၁)ကီလိုဂရမ် ရှာဖွေတွေ့ရှိ ရသဖြင့် သက်သေများ အရှေ့ရှာဖွေပုံစံဖြင့် သိမ်းဆီးပြီး ဖမ်းဆီး ခဲ့ကြပြီး တနင်္သာရီ မြို့နယ်ရဲတပ်ဖွဲ့မှ ဥပဒေအရ အရေးယူဆောင်ရွက်လျက်ရှိကြောင်းသတင်းရရှိသည်။

MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar

0 comments:

Post a Comment

.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙အကြောင်းအမျိုးကြောင့်ဆက်သွယ်လိုလျှင်.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙

foxyform