စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန်* အများအကျိုးပြုခြင်းဖြင့်ပျော်ရွှင်မှုရပါစေ...။ (မည်သူမဆို မျှဝေယူနိုင်ပါသည်- ရွှေအိမ်စည်)

ပင်မစာမျက်နှာ

ဗဟုသုတ

ဘုရားသမိုင်း

တရားဒါန

ပညာရေး

ကျန်းမာရေး

နည်းပညာ

ကဗျာများ

စီးပွား/စီမံ

ဘလော့ပိုစ်များ

ဟင်းချက်နည်း

ထူးခြားဆန်းပြား

mp3 သီချင်းများ

ဟာသလွင်ပြင်


စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန

Friday 28 August 2015

အပြန်အလှန် ပြောစကားများမှ ကောက်နှုတ်ချက်များ (၁၂)

အပြန်အလှန် ပြောစကားများမှ ကောက်နှုတ်ချက်များ (၁၂)
……………………………………………………………………
ဒီနေ့သင်ခန်းစာကတော့ နေ့စဉ်ပြောကြတဲ့အခါ အသုံးများတဲ့ ၀ါကျလေးတွေပါ

.
(1) May I ask you some personal questions?
ကိုယ်ရေးကိုယ်တာ မေးခွန်းတချို့ မေးလို့ရနိုင်ပါမလား
.
(2) What would you like to know?
ခင်ဗျားက ဘာများသိချင်တာပါလဲ
.
(3) May I ask you how old you are?
ခင်ဗျားအသက်ဘယ်လောက်ဆိုတာ မေးလို့ရနိုင်ပါမလား
(သူ့ချည်းသက်သက်ဆိုလျင် How old are you? လို့ မေးရမှာဖြစ်ပေမယ့် ရှေ့မှာ May နဲ့မေးထားတဲ့ question word က ရှိပြီးသားမို့လို့ question နှစ်ခု မထပ်စေပဲ how old you are လို့ ပြောင်းသွားပါတယ်)
.
(4) I’m 25 years old.
ကျနော်က ၂၅ နှစ်ပါ
.
(5) I’m 24 years old. I thought you were younger than me.
ကျနော်က ၂၄ နှစ်ပါ ၊ ခင်ဗျားက ကျနော့်ထက် ပိုငယ်တယ်လို့ ထင်ခဲ့တာ
.
(6) I must thank you for that.
အဲဒီအတွက် ကျနော်က ခင်ဗျားကို ကျေးဇူးတင်ရမယ် (ပိုနုတယ်ထင်လို့)
……………………………………
(7) Where do you go to school?
ခင်ဗျား ဘယ်ကျောင်းကို တက်ပါသလဲ
.
(8) What is your major?
ခင်ဗျားရဲ့ အဓိက ဘာသာရပ်က ဘာပါလဲ
( ကျနော်တို့ မှတ်ခဲ့ရတုန်းက majoring subject လို့ မေးရမှာပေမယ့် အခုဒီမှာ major နဲ့ပဲ ပြီးသွားပါတယ် ၊ ရှေ့နောက်စကားဆက်သွားတဲ့အတွက် အတိုသုံးသွားတာ ဖြစ်နိုင်ပါတယ် ၊ စကားစပ် မရှိပဲ မေးမယ်ဆိုလျင် major subject လို့လည်း သုံးနိုင်ပါတယ်)
.
(9) I go to UCLA and my major is modern literature.
ကျနော် UCLA မှာ တက်ပါတယ် ၊ ကျနော့်ရဲ့ အဓိက ဘာသာရပ်က ခေတ်သစ်စာပေ ဖြစ်ပါတယ်
(UCLA = University of California, Los Angeles)
.
(10) What year are you?
ခင်ဗျားက ဘယ်နှစ်မှာ တက်နေတာလဲ
.
(11) I’m a senior.
ကျနော်က အကြီးတန်းမှာပါ
………………………………….
(12) Where are you from?
ခင်ဗျား ဘယ်နိုင်ငံကပါလဲ
.
(13) I am from Canada.
ကျနော် ကနေဒါကပါ
.
(14) Where did you grown up?
ခင်ဗျား ဘယ်မှာကြီးပြင်းတာလဲ
.
(15) How long have you lived in Seoul?
ခင်ဗျား ဆိုလ်းမြို့မှာနေလာတာ ဘယ်လောက်ကြာပြီလဲ
.
(16) I have been in Korea for two years.
ကျနော် ကိုရီးယားကို ရောက်တာ နှစ်..နှစ်ရှိပါပီ
…………………………………………..
(17) How tall are you?
ခင်ဗျား အရပ်ဘယ်လောက်မြင့်ပါသလဲ
( How high are you? I am 5 feet 6 inches high. လို့လည်းရှိပါတယ် ၊ ဒီမှာတော့ I am 5 feet 6 inches tall. လို့ ဖြေရပါလိမ့်မယ်)
.
(18) How much do you weigh?
ခင်ဗျား အလေးချိန် ဘယ်လောက်ပါလဲ
( I weigh 115 pounds. I weigh 60 kilos. စသည်ဖြင့် ဖြေလေ့ ရှိကြပါတယ်)
.
(19) You’re in good shape.
ခင်ဗျားရဲ့ ခန္ဓာကိုယ်က ကျစ်ကျစ်လျစ်လျစ်နဲ့ အချိုးကျပါတယ်
.
(20) How do you keep in shape?
ခန္ဓာကိုယ် အချိုးကျ ကျစ်လျစ်အောင် ဘယ်လို ထိန်းသိမ်းပါသလဲ
……………………………………………
ဒါတွေက အမေရိကန် စကားပြောပုံစံတွေ မို့လို့ ကျနော်တို့ အသားကျနေတဲ့ အင်္ဂလိပ်တွေရဲ့ စကားပြောပုံစံနဲ့ မတူတာလေးတွေ တွေ့ရနိုင်ပါတယ် ..
.
မေတ္တာဖြင့်

0 comments:

Post a Comment

.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙အကြောင်းအမျိုးကြောင့်ဆက်သွယ်လိုလျှင်.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙

foxyform