စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန်* အများအကျိုးပြုခြင်းဖြင့်ပျော်ရွှင်မှုရပါစေ...။ (မည်သူမဆို မျှဝေယူနိုင်ပါသည်- ရွှေအိမ်စည်)

ပင်မစာမျက်နှာ

ဗဟုသုတ

ဘုရားသမိုင်း

တရားဒါန

ပညာရေး

ကျန်းမာရေး

နည်းပညာ

ကဗျာများ

စီးပွား/စီမံ

ဘလော့ပိုစ်များ

ဟင်းချက်နည်း

ထူးခြားဆန်းပြား

mp3 သီချင်းများ

ဟာသလွင်ပြင်


စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန

Friday 28 August 2015

အပြန်အလှန် ပြောစကားများမှ ကောက်နှုတ်ချက်များ (၃)

အပြန်အလှန် ပြောစကားများမှ ကောက်နှုတ်ချက်များ (၃)
……………………………………………………………………..
ဒီသင်ခန်းစာကတော့ ပေါ့ပေါ့ပါးပါး အပြင်မှာတွေ့ဆုံစကားပြောတဲ့ စကားပြောခန်းလေးတွေ ဖြစ်နိုင်ပါတယ် ၊ အခန်းတစ်ခုစီအလိုက် ရေးသွားတာမို့ စာကြောင်းရေ အနည်းအများ စသည်ဖြင့် အမျိုးမျိုးြ
ဖစ်နေရခြင်း ဖြစ်ပါတယ်..
.
(1) May I see you for a few minutes?
ကျနော်ခင်ဗျားကို မိနစ်အနည်းငယ် (အချိန်အနည်းငယ်) တွေ့ခွင့်ပြုနိုင်ပါမလား (တွေ့ခွင့်ပြုပါ)
.
(2) Let’s go some place to talk.
စကားပြောဖို့ နေရာတစ်ခုခုကို သွားကြပါစို့
.
(3) Do you have a second?
ခင်ဗျားမှာ အချိန်အနည်းငယ်ရှိပါသလား
.
(4) I need to tell you something.
ကျနော်ခင်ဗျားကို တစ်ခုခုပြောပြရမယ် (ပြောဖို့လိုအပ်တယ်)
.
(5) Are you sure?
သေချာရဲ့လားဗျာ
.
(6) That explains it all.
အားလုံးကိုရှင်းသွားတာပဲ
.
(7) It is an incredible story.
အဲဒါက မယုံနိုင်ဖွယ်ရာ ဇတ်လမ်းတစ်ပုဒ်ပါ
(Incredible (adj) မယုံနိုင်ဖွယ်ရာဖြစ်သော)
.
(8) I’ve never heard of such a thing.
ကျနော် အဲလိုမျိုး (အကြောင်းအရာ) တစ်ခုကို မကြားဖူးပါဘူး
.
(9) The story has been around for a while.
အဲဒီဇတ်လမ်းက အချိန်အနည်းငယ်ပျံ့နှံ့နေခဲ့တာပေါ့
…..
ရှင်းလင်းချက်များ
.
someplace နဲ့ some place ပုံစံနှစ်မျိုးကွဲနေပြီး ကမ္ဘာ္ဘကျော် သတင်းစာကြီးများမှာပင် နှစ်ခုလုံးကို တွေ့နိုင်ပါတယ် ၊ some place ကိုပိုပြီး သုံးကြတယ်လို့ ဆိုပါတယ်..
စကားပြောလို့ကောင်းတဲ့ နေရာတစ်ခုခု (သို့) သွားနေကျနေရာတွေထဲက တစ်ခုခုစသည်ဖြင့် သတ်မှတ်ချက် ရှိပြီးသားမို့ any place ကို မသုံးတာဖြစ်ပါတယ် ၊ သတ်မှတ်ချက်မရှိဘူး ဘယ်နေရာသွားသွားဆိုတဲ့ သဘောမျိုးဆိုလျင် any place သုံးနိုင်ပါတယ်
.
မေတ္တာဖြင့်

0 comments:

Post a Comment

.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙အကြောင်းအမျိုးကြောင့်ဆက်သွယ်လိုလျှင်.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙

foxyform