စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန်* အများအကျိုးပြုခြင်းဖြင့်ပျော်ရွှင်မှုရပါစေ...။ (မည်သူမဆို မျှဝေယူနိုင်ပါသည်- ရွှေအိမ်စည်)

ပင်မစာမျက်နှာ

ဗဟုသုတ

ဘုရားသမိုင်း

တရားဒါန

ပညာရေး

ကျန်းမာရေး

နည်းပညာ

ကဗျာများ

စီးပွား/စီမံ

ဘလော့ပိုစ်များ

ဟင်းချက်နည်း

ထူးခြားဆန်းပြား

mp3 သီချင်းများ

ဟာသလွင်ပြင်


စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန

Friday 28 August 2015

ခရီးသွားသည့်အခါ အသုံးပြုနိုင်သော အင်္ဂလိပ်စကားအသုံးအနှုန်း (၁၀)မျိုး

ခရီးသွားသည့်အခါ အသုံးပြုနိုင်သော အင်္ဂလိပ်စကားအသုံးအနှုန်း (၁၀)မျိုး
--------------------------------------------------------------------
Posted by Soe Soe Win on April 30, 2014 at 12:06
သင့်အနေနဲ့ အင်္ဂလိပ်စကားကို ကောင်းကောင်းမပြောတတ်ပေမဲ့ အင်္ဂလိပ်စကားပြောတဲ့တိုင်းပြည်ကို ခရီးသွားရမယ်ဆိုရင်တော့ သင့်ခရီးစဉ် လွယ်ကူချောမွေ့စေဖို့ အင်္ဂလိပ်စကားအသုံးအနှုန်းတချို့ကို သိထားဖို့ အရေးကြီးပါတယ်။ ဒါပေမဲ့လည်း အဲဒီအသုံးအနှုန်းတွေကို သိရုံသာ သိထားပြီး အဓိပ္ပါယ်ကို နားမလည်ရင်တော့ သင့်အတွက် အထောက်အကူဖြစ်မှာ မဟုတ်ပါဘူး။ ၄င်းတို့ရဲ့ အဓိပ္ပါယ်ကိုပါ နားလည်ထားမှသာ ဘယ်အသုံးအနှုန်းကို ဘယ်အခြေအနေမှာ အသုံးပြုရမယ်ဆိုတာကို သိနိုင်မှာ ဖြစ်ပါတယ်။ အခြေအနေ တစ်ခုခုမှာ မသင့်တော်တဲ့ အသုံးအနှုန်းတစ်ခုခုကို မှားပြီးသုံးလိုက်မယ်ဆိုရင် လူတွေကြားမှာ အခက်တွေ့ရမှာ ဖြစ်ပါတယ်။
ဒါကြောင့် ခရီးသွားတဲ့အခါ တခြားသူများနှင့် ထိထိရောက်ရောက် ဆက်ဆံနိုင်ပြီး ဘာလုပ်ရမှန်း ဘာကိုင်ရမှန်းမသိတဲ့ အခြေအနေမျိုးလည်း သိပ်မရှိရလေအောင် ခရီးသွားတဲ့အခါ အသုံးပြုနိုင်မဲ့ စကားအသုံး အနှုန်း (၁၀) မျိုးကို ဖော်ပြလိုက်ပါတယ်။
1. Excuse me - ဒီအသုံးအနှုန်းကိုတော့ သင်သွားမယ့်လမ်းမှာ တစ်စုံတစ်ယောက်က (တဆိတ်လောက်) ပိတ်ပြီး ရပ်နေတဲ့အခါ (သို့) သင့်အနေဖြင့် တခြားသူတစ်ယောက် ဘေးကနေ နီးနီးကပ်ကပ်ဖြတ်သွားရမယ့်အခါမျိုးမှာ အသုံးပြုပါတယ်။ Excuse me ကို မသုံးဘဲ ထိုသူ မဖယ်မချင်း ရပ်စောင့်နေတာမျိုး (သို့) ထိုသူကို ၀င်တိုက်သွား တာမျိုးကို မယဉ်ကျေးတဲ့အပြုအမူအဖြစ် အထင်ခံရတတ်ပါတယ်။
2. I'm sorry - သင့်အနေဖြင့် တစ်စုံတစ်ယောက်ကို မတော်တဆ ၀င်တိုက်မိတဲ့အခါ (တောင်းပန်ပါတယ်) (သို့) တခြားသူတွေကို မတော်တဆ အနှောက်အယှက်ပေးမိတဲ့အခါမှာ I'm sorry ဆိုတဲ့ စကားကို ပြောရမှာဖြစ်ပါတယ်။ ဒီလိုပြောတာကို ယဉ်ကျေးတဲ့အပြုအမူလို့ သတ်မှတ်ကြပြီး အတိုက်ခံရတဲ့သူ (သို့) အနှောက်အယှက်ခံလိုက် ရတဲ့သူတွေဟာ ဒီဖြစ်ရပ်ကို ရေးကြီးခွင်ကျယ် လုပ်မနေတော့ဘဲ That's okay လို့ ပြောပြီး ပြီးသွားမှာဖြစ်ပါတယ်။
3.Where is the restroom? - အဆောက်အအုံတစ်ခုခုမှာ သင့်အနေနဲ့ အများသုံးရေအိမ် ဘယ်မှာလဲ (ရေအိမ်ဘယ်မှာပါလဲ?) ဆိုတာ မသိတဲ့အခါမှာ ဒီအသုံးအနှုန်းဟာ သင့်တော်တဲ့ အသုံးအနှုန်း ဖြစ်ပါတယ်။ သင်မေးလိုက်တဲ့သူ (ဖြစ်နိုင်ပါက ၀န်ထမ်းတစ်ဦးဦး) ကို ရေအိမ်ရှိမဲ့ နေရာကို လက်ညှိုးထိုးပြခိုင်းပါ (သို့) လိုက်ပြီးပို့ခိုင်းပါ။
4. How much does this cost? - ဒီအသုံးအနှုန်းကိုတော့ သင်ဝယ်လိုတဲ့ ပစ္စည်းတစ်ခုခုမှာ ဈေးနှုန်းတပ် (ဒါဘယ်လောက်ကျပါသလဲ) မထားတဲ့အတွက် သင့်အနေနဲ့ကလည်း ဈေးနှုန်းသိမှဖြစ်မယ့်အခါမျိုးမှာ အသုံးပြုတဲ့ မေးခွန်းဖြစ်ပါတယ်။ အင်္ဂလိပ်စကားပြောတဲ့ တိုင်းပြည် တစ်ပြည်မှာ ဈေးဝယ်တဲ့အခါ သင့်အနေဖြင့် ကိုယ့်စိတ်ကိုကိုယ် ထိန်းချုပ် ထားဖို့ မလိုပါဘူး။
5. Thank You - ဒီစကားအသုံးအနှုန်းကိုတော့ ခပ်များများလေးသုံးပေးရမှာဖြစ်ပါတယ်။ (ကျေးဇူးတင်ပါတယ်) ဒီလိုပြောတာဟာ သင့်ကို အကူအညီပေးတဲ့သူ (သို့) သင့်ကို အချက်အလက်ပြောပေးတဲ့သူအပေါ် ယဉ်ကျေးရာရောက်ပါတယ်။ ဒါ့အပြင် အရောင်းဝန်ထမ်းတွေ၊ ငွေကိုင်တွေက သင့်အား ၀န်ဆောင်မှုပေးပြီးတဲ့ အခါမှာလည်း သူတို့ကို thank you ပြောတာဟာ ကောင်းတဲ့လုပ်ရပ်ဖြစ် ပါတယ်။
6. I don't understand - ဒီအသုံးအနှုန်းကတော့ အကြောင်းအရာတစ်ခုခုကို သင်နားလည်နိုင်ရန် (နားမလည်ပါဘူး) အတွက် အချက်အလက်ပိုမိုရရှိစေဖို့ အထောက်အပံ့ပေးမှာဖြစ်ပါတယ်။ တစ်စုံတစ်ယောက်က သင့်ကို အင်္ဂလိပ်စကား တစ်သက်လုံးပြော လာခဲ့တဲ့သူတစ်ယောက်လို့ထင်ပြီး စကားလာပြောတဲ့အခါ ထိုသူ၏ စကားပြောတဲ့နှုန်းကို လျော့သွားစေမှာ ဖြစ်ပါတယ်။ (သို့) အဲဒီလူအနေနဲ့ အဓိပ္ပါယ်ရှိသော ပုဒ်စု (meaningful phrases) များအနေဖြင့် ပိုင်းပိုင်းပြီး ပြောသွားစေမှာ ဖြစ်ပါတယ်။ ဒီလိုဆိုရင် သင့်အတွက်တော့ ပိုကောင်းမှာပါ။
7. How are you? - ဒီမေးခွန်းလေးကတော့ သင်ယဉ်ကျေးကြောင်း ပြသတဲ့ သင်္ကေတဖြစ်တဲ့ (ဘယ့်နှယ်လဲ/မာရဲ့လား) အတွက် အသုံးပြုသင့်တဲ့ စကားအသုံးအနှုန်းဖြစ်ပါတယ်။ အထူးသဖြင့် သင့်အနေဖြင့် စတိုးဆိုင်တစ်ခုခု(သို့) အဆောက်အအုံတစ်ခုခုထဲသို့ ၀င်သွားတဲ့အခါ တစ်စုံတစ်ယောက်က "hello" လို့ လှမ်းပြီး နှုတ်ဆက်တဲ့ အခါ ထိုအသုံးအနှုန်းဖြင့် ပြန်တုန့်ပြန်သင့်ပါတယ်။ သူတို့က သင့်ကို ဒီမေးခွန်းမေးလာရင်လည်း သင့်အနေဖြင့် Fine, how are you? (သို့) Good, how are you?" ဆိုပြီး တုန့်ပြန်နိုင်ပါတယ်။
8. Have a nice day - အဆောက်အအုံ တစ်ခုခုကနေ ပြန်ထွက်တဲ့အခါမှာ အသုံးပြုနိုင်တဲ့ (ကောင်းတဲ့နေ့ ဖြစ်ပါစေ) အသုံးအနှုန်း ဖြစ်ပါတယ်။ "goodbye" လို့ပြောရင်လည်း လုံလောက်ပါတယ်။ တစ်စုံတစ်ယောက်က သင့်ကို have a nice day လို့ ပြောလာရင် သင့်အနေဖြင့် အဲဒီအတိုင်း ပြန်မပြောချင်ပဲ ဘာပြောရမှန်းမသိရင် ရိုးရိုးရှင်းရှင်းလေးနဲ့ "Thank you" လို့ပဲ တုန့်ပြန်ရင်လည်း သင့်တော်ပါတယ်။
9. You are welcome - ဒီစကားအသုံးအနှုန်းကိုတော့ တစ်စုံတစ်ယောက်က သင့်ကို "Thank you" လို့ပြောလာတဲ့အခါ ပြန်ပြောရတဲ့ (ကိစ္စမရှိပါဘူး/ရပါတယ်) အသုံးအနှုန်းဖြစ်ပါတယ်။ ဒီအသုံး အနှုန်းကိုတော့ ငွေရှင်းပေးပြီး ကောင်တာမှ ထွက်ခွာတဲ့အခါ (သို့) စားသောက်ဆိုင်မှာ ကျသင့်ငွေတောင်းခံလွှာအပေးခံရတဲ့အခါမှာ မကြာ ခဏ အသုံးပြုပါ တယ်။
10. No, thank you - ဒီအသုံးအနှုန်းကိုတော့ တစ်စုံတစ်ယောက်က သင့်ကို တစ်ခုခုပေးလာ (နေပါစေ၊ ကျေးဇူးတင်ပါတယ်) တဲ့အခါ သင့်အနေနဲ့ အဲဒီအရာကို မလိုချင်ပါက "No, thank you" ကို အသုံးပြုရပါတယ်။
အင်္ဂလိပ်စကားပြောတဲ့ တိုင်းပြည်တစ်ပြည်ကို ခရီးသွားတဲ့အခါ အထက်ပါ ဖော်ပြခဲ့တဲ့ အသုံးအနှုန်းတွေဟာ တော်တော်လေး အထောက်အကူဖြစ်နိုင်ပါတယ်။ ဒီအသုံးအနှုန်းတွေဟာ ပုံမှန်ပတ်ဝန်းကျင်တွေမှာ သင့်ကို သွားလာလှုပ်ရှားနိုင်အောင် အကူအညီပေးမှာဖြစ်ပါတယ်။ ဒါပေမဲ့လည်း သင်ဘယ်ကိုသွားမှာလည်းဆို တဲ့အပေါ်မှာတော့ မူတည်နေပါတယ်။ တချို့အသုံးအနှုန်းတွေက မြို့ပေါ်မှာသုံးတာနဲ့ ကမ်းခြေမှာ အသုံးပြုပုံတို့ဟာ မတူပါဘူး။ ဒါကြောင့် ဘယ်အသုံးအနှုန်းတွေဟာ သင့်အတွက် အထောက်အကူအများဆုံး ဖြစ်မလဲ ဆိုတာကို စစ်ဆေးကြည့်ဖို့တော့လိုပါတယ်။
Amy Nutt ၏ 10 English Phrases to Use When Traveling ကို ဘာသာပြန်ဆိုထားတာဖြစ်ပါတယ်။
မူရင်းလင့်..>>>>
Read more: ခရီးသွားသည့်အခါ အသုံးပြုနိုင်သော အင်္ဂလိပ်စကားအသုံးအနှုန်း (၁၀)မျိုး - Myanmar Network

0 comments:

Post a Comment

.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙အကြောင်းအမျိုးကြောင့်ဆက်သွယ်လိုလျှင်.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙

foxyform