စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန်* အများအကျိုးပြုခြင်းဖြင့်ပျော်ရွှင်မှုရပါစေ...။ (မည်သူမဆို မျှဝေယူနိုင်ပါသည်- ရွှေအိမ်စည်)

ပင်မစာမျက်နှာ

ဗဟုသုတ

ဘုရားသမိုင်း

တရားဒါန

ပညာရေး

ကျန်းမာရေး

နည်းပညာ

ကဗျာများ

စီးပွား/စီမံ

ဘလော့ပိုစ်များ

ဟင်းချက်နည်း

ထူးခြားဆန်းပြား

mp3 သီချင်းများ

ဟာသလွင်ပြင်


စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန

Friday 28 August 2015

အပြန်အလှန် ပြောစကားများမှ ကောက်နှုတ်ချက်များ (၁၅)

အပြန်အလှန် ပြောစကားများမှ ကောက်နှုတ်ချက်များ (၁၅)
……………………………
ဒီတစ်ခါတော့ တွေ့ဆုံဖို့ချိန်းဆိုချက်လေးတွေ အကြောင်းပါ ၊ ၀ါကျလေးတွေကို ပုံစံတူပြုလုပ်ပွားယူပြီး အသုံးပြုလျင် အလွန်အသုံးဝင်ပါလိမ့်မယ် ..
.
(1) Do you have any plans this Saturday?
ဒီစနေနေ့အတွက် ခင်ဗျားမှာ အစီအစဉ်တစ်ခုခု ရှိပါသလား
.
(plans မှာ “s” ပါနေတာကိုတွေ့ရမယ် ၊ အဲဒါက ဘာစီစဉ်ထားတယ်ဆိုတာ မသိတဲ့အတွက် အားလုံးကိုခြုံငုံမေးတဲ့သဘောဖြစ်ပါတယ် ၊ မသိရသေးတဲ့အတွက် အစီအစဉ် ဖြစ်နိုင်ခြေက အများကြီး ရှိနေတယ် ။ အစီအစဉ်တစ်ခုကို တိတိကျကျ ရည်ညွှန်းလျင် “s” မပါဘဲ ဖြစ်သွားပါမယ် ၊ Do you have any PLAN for your trip to Bagan? ပုဂံခရီးစဉ်အတွက် အစီအစဉ်တစ်ခုခုရှိပါသလား.. စသည်ဖြင့် သုံးပါတယ် ဒီမှာ ပုဂံခရီးစဉ်တစ်ခုအတွက်ပဲ ဖြစ်တယ်ဆိုတာ သိနိုင်ပါတယ် )
.
(2) I don’t think I’ve got anything planned yet.
ခုထိတော့ စီစဉ်ပြီးသားတစ်ခုခု ရှိတယ်လို့ မထင်ပါဘူး (မရှိဘူးထင်ပါတယ်)
.
(3) How about going to a movie together?
အတူတူ ရုပ်ရှင်သွားကြည့်ကြမယ်ဆိုလျင် ဘယ်လိုလဲ
.
(4) That’s a good idea. What time should we make it?
အဲဒါက ကောင်းတဲ့ အကြံတစ်ခုပဲ ၊ ဘ်ာအချိန်မှာ လုပ်ကြမလဲ
.
(5) How about seven o’clock?
ခုနှစ်နာရီဆို ဘယ့်နှယ်လဲ
.
(6) That would be great. Where do you want to meet?
သိပ်ကောင်းမှာပေါ့ ၊ ဘယ်နေရာမှာဆုံချင်လဲ (ရုပ်ရှင်ကြည့်ဖို့)
.
(7) Let’s meet at Seoul Theater.
ဆိုးလ် ဇတ်ရုံကြီးမှာ ဆုံကြပါစို့
.
(8) That’s okay with me. See you then.
အဲဒီအတိုင်း ကျနော်နဲ့ အဆင်ပြေပါတယ် ၊ ဒါဆိုတွေ့ကြမယ်လေ
.
(9) Can we meet an hour earlier?
ကျနော်တို့ တစ်နာရီ စောပြီးတွေ့လို့ရနိုင်ပါမလား
.
(10) Can we meet an hour later?
ကျနော်တို့ တစ်နာရီ နောက်ကျပြီးတွေ့လို့ရနိုင်ပါမလား
.
(11) Why don’t we make it a little earlier?
နည်းနည်းလေး ပိုစောပြီး တွေ့ကြရအောင်လား
.
(12) I am afraid I have to cancel tomorrow’s appointment with you.
အားနာပါတယ်ဗျာ ၊ မနက်ဖန် ခင်ဗျားနဲ့ ချိန်းထားတာကို ကျနော်ဖျက်ရပါလိမ့်မယ်
.
(13) Are you doing anything this evening?
ဒီညနေမှာ ခင်ဗျား တစ်ခုခုလုပ်မလို့လား
.
(14) When would it be the most convenient for you?
ဘယ်အချိန်က ခင်ဗျားအတွက် အဆင်ပြေဆုံး ဖြစ်ပါမလဲ
.
(15) Is there a good place to meet?
တွေ့ဖို့ ကောင်းတဲ့နေရာ ရှိပါသလား (ဘယ်မှာတွေ့ချင်ပါသလဲ)
.
(16) I would like to change the time to six o’clock.
အချိန်ကို ခြောက်နာရီကို ပြောင်းချင်ပါတယ် ခင်ဗျာ

ချိန်းဆိုချက်များ အဆင်ပြေကြပါစေ…..
.
မေတ္တာဖြင်Win Naing Oo့

0 comments:

Post a Comment

.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙အကြောင်းအမျိုးကြောင့်ဆက်သွယ်လိုလျှင်.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙

foxyform