စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန်* အများအကျိုးပြုခြင်းဖြင့်ပျော်ရွှင်မှုရပါစေ...။ (မည်သူမဆို မျှဝေယူနိုင်ပါသည်- ရွှေအိမ်စည်)

ပင်မစာမျက်နှာ

ဗဟုသုတ

ဘုရားသမိုင်း

တရားဒါန

ပညာရေး

ကျန်းမာရေး

နည်းပညာ

ကဗျာများ

စီးပွား/စီမံ

ဘလော့ပိုစ်များ

ဟင်းချက်နည်း

ထူးခြားဆန်းပြား

mp3 သီချင်းများ

ဟာသလွင်ပြင်


စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန

Friday 28 August 2015

အစားအစာကို အခြေခံထားသော ဓလေ့သုံးစကားများ (Food Idioms)

အစားအစာကို အခြေခံထားသော ဓလေ့သုံးစကားများ (Food Idioms)
----------------------------------------------------
Posted by Soe Soe Win on August 18, 2014 at 11:24 in
အစားအစာကို အခြေခံထားသော ဓလေ့သုံးစကား အမြောက်အများကို ကြည့်ခြင်းအားဖြင့် ကမ္ဘာအနှံ့က လူတွေဟာ အစားအစာအပေါ်မှာ ဘယ်လောက်တောင် စိတ်ဝင်စား အလေးထားနေကြသလဲဆိုတာ ထင်ရှားလှပါတယ်။ ဒီဆောင်းပါးမှာတော့ အစားအစာများအပေါ် အခြေခံထားတဲ့ ဓလေ့ သုံးစကား (၁၀) ခုကို ဖော်ပြထားပါတယ်။
1. Apples and oranges (ပန်းသီးနှင့်လိမ္မော်သီးများ) - ပင်ကိုယ်အားဖြင့် ခြားနားသောအရာနှစ်ခု (သို့) သဟဇာတမဖြစ် သော အရာနှစ်ခု။
e.g. To compare The Chronicles of Narnia to the Twilight series is to compare apples to oranges (The Chronicles of Narnia ကို Twilight ဇာတ်လမ်းတွဲတွေနဲ့ နှိုင်းယှဉ်တာဟာ ပန်းသီးကို လိမ္မော်သီးနဲ့ နှိုင်းယှဉ် သလိုပဲ။)
2. Bad apple (ပုပ်နေသော ပန်းသီး) - တခြားသူတွေပေါ် မကောင်းသော (သို့) အကျင့်ပျက်စေသော သြဇာလွှမ်းမိုးမှုရှိခြင်း၊ ဒုက္ခပေးသော (သို့) စက်ဆုပ်ဖွယ်ကောင်း သော သူ
e.g "One official of a national motorcycle organization argued that a few bad apples shouldn't be allowed to ruin all mortorcyclists reputation…" (အကျင့်ပျက်တဲ့သူအနည်းငယ်ကြောင့် မော်တော်ဆိုင်ကယ်သမားအားလုံးရဲ့ ဂုဏ်သတင်းကို မပျက်စီးစေသင့်ပါဘူး" လို့ အမျိုးသားမော်တော်ဆိုင်ကယ်အဖွဲ့အစည်းတစ်ခုရဲ့ အရာရှိတစ်ဦးက ပြောဆိုခဲ့ပါတယ်။)
မြန်မာ စကားပုံမှာလည်း "ငါးခုံးမ တစ်ကောင်ကြောင့် တစ်လှေလုံးပုပ်တယ်" ဆိုပြီး ရှိတယ်လေ။
3. Bring home the bacon (၀က်ဆားနယ်ခြောက်ကို အိမ်ယူခဲ့ခြင်း။) - မိသားစု စားဝတ်နေရေးအတွက် ငွေရှာခြင်း
အမေရိကန်အသုံးအနှုန်းမှာတော့ "to bring home the bacon" ဟူသော စကားအသုံးအနှုန်းသည် "မိသားစုအတွက် ၀င်ငွေရှာခြင်း" (to earn a living for a household) လို့ အဓိပ္ပါယ်ရပါတယ်။ ဒီအသုံးအနှုန်းဟာ Dunmow Flitch ဆိုတဲ့ ရိုးရာပုံပြင်က အစပြုလာတာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။
"A flitch of bacon" ဆိုတာ ကတော့ ဆားနယ်ပြီး အခြောက်လှန်းထားတဲ့ ၀က်ဆားနယ်ခြောက်ထူထူတစ်ပြားကို ခေါ်ခြင်းဖြစ်ပါတယ်။ Essex ပြည်နယ်မှာရှိတဲ့ Dunmow မြို့ကို အလည်လာတဲ့ အိမ်ထောင်သည်တွေထဲက ချွန်နေတဲ့ ကျောက်တုံးတွေပေါ်မှာ ဒူးထောက်ပြီး လွန်ခဲ့တဲ့ (၁၂) လအတွင်း မိမိရဲ့ အိမ်ထောင်ဖက်နှင့် တစ်ခါမှ ရန်မဖြစ်ဖူးကြောင်း (သို့) အိမ်ထောင်ပြုခဲ့တာကို တစ်ခါမှ နောင်တမရခဲ့ဖူးကြောင်းကို ကျိန်တွယ်ပြီး ပြောနိုင်သောသူဟာ ၀က်ဆားနယ် ခြောက် ထူထူတစ်ပြားကို ရရှိနိုင်မှာ ဖြစ်ပါတယ်။
နောက်ထပ်ဖြစ်နိုင်ခြေတစ်ခုကတော့ ဒီအသုံးအနှုန်းဟာ ကျေးလက်ပွဲဈေးတွေ (county fair) မှာ ပြုလုပ်တဲ့ အမဲဆီလိမ်းဝက်ပြိုင်ပွဲ (greased pig contests) တွေကနေ ဆင်းသက်လာခြင်းပဲဖြစ်ပါတယ်။ ၀က်ကို ဖမ်းနိုင်တဲ့ပြိုင်ပွဲဝင်သည် ၀က်ဆားနယ်ခြောက်ကို အိမ်သယ်သွားခဲ့ပါတယ်။
e.g. If Jo's going to be at home looking after the kids, someone needs to bring home the bacon. (Jo က အိမ်မှာ ကလေးထိန်းရမယ်ဆိုရင် မိသားစု စာဝတ်နေရေးအတွက် ငွေရှာဖို့ လူတစ်ယောက်တော့ လိုလိမ့်မယ်။)
4. Chew the fat (အဆီကို ၀ါး) - အကြောင်းအရာတစ်ခုခုနဲ့ပတ်သက်ပြီး အငြင်းပွားခြင်း (အငြင်းပွားသူတွေရဲ့ ပါးစပ်လှုပ်ရှားမှုသည် အရွတ်ကို ၀ါးနေသကဲ့သို့ အားရပါးရ လှုပ်နေတဲ့အတွက်ကြောင့် ဖြစ်ပါတယ်။)
ဗြိတိသျှစကားအသုံးအနှုန်းမှာတော့ "chew the fat" နှင့် "chew the rag" (အ၀တ်စုတ်ကိုဝါး) ဆိုတဲ့ အသုံးအနှုန်း (၂)ခုစလုံးရဲ့ အဓိပ္ပါယ်ကတော့ အငြင်းပွားသည် (သို့) ညည်းညူသည်ပဲ ဖြစ်ပါတယ်။ အမေရိကန်အသုံး အနှုန်းမှာတော့ ၄င်း၏ အဓိပ္ပါယ်ကတော့ "ရင်းနှီးစွာ စကားစမြည်ပြောနေသည်" (to engage in friendly conversation) ပဲဖြစ်ပါတယ်။
e.g. We spent the evening watching the TV and chewing the fat. (ငါတို့တွေ ညနေက တီဗွီကြည့်ပြီး စကားပြောရင်း အချိန်ကုန်သွားတယ်။)
5. Cream puff (မလိုင်ဌာပနာပါသောကြွပ်ရွသည့်မှုန့်) - cream puff ရဲ့ တိုက်ရိုက်အဓိပ္ပါယ်ကတော့ "အထဲမှာ မလိုင်အဆာသွတ်ထားတဲ့ ဖောင်းကြွပြီး ကြွပ်ရွနေတဲ့ နူးညံ့တဲ့ အဆာသွတ်မုန့်မွမွလေးပဲဖြစ်ပါတယ်။
ဗြိတိသျှအသုံးအနှုန်းမှာတော့ "effeminate person" (မိန်းမဆန်သောသူ) လို့ အဓိပ္ပါယ်ရပြီး အမေရိကန်အသုံးအနှုန်းမှာတော့ "အခြေအနေအထူးကောင်းမွန်နေသေးသော တစ်ပတ်ရစ်ကား" လို့ အဓိပ္ပါယ်ရပါတယ်။
e.g. We'll never win with a bunch of cream puffs on our team! (မိန်းမဆန်တဲ့ လူတွေ ငါတို့ အသင်းထဲမှာ ရှိနေသရွေ့ ငါတို့ ပြိုင်ပွဲမှာ အနိုင်ရမှာမဟုတ်ဘူး။)
6. A cup of tea (လက်ဖက်ရည်တစ်ခွက်) - လူတစ်ဦးတစ်ယောက်ရဲ့ ပင်ကိုယ်စရိုက်နှင့် ကိုက်ညီသော တစ်စုံတစ်ခု
ဒီအသုံးအနှုန်းကို အပြုသဘောဆောင်သော အခြေအနေနှင့် အပျက်သဘောဆောင်သော အခြေအနေ (၂) မျိုးစလုံးတွင် အသုံးပြုပါတယ်။
e.g "A Mozart concert? Just my cup of tea!" (မိုးဇတ်ရဲ့ ဂီတပွဲ? ငါ့အကြိုက်ပဲ။)
"A ball game? Sorry, football is not my cup of tea" (ဘောလုံးပွဲ? စိတ်မကောင်းပါဘူး။ ဘောလုံးပွဲကို ကျွန်တော် မကြိုက်ဖူး)
7. A pretty / fine kettle of fish (ဒုက္ခလှလှရောက်ခြင်း) - အနေခက်သော အရေးကိစ္စ၊ ကမောက်ကမ အခြေအနေ (သို့) ရောထွေးမှု
e.g. That's a fine kettle of fish - the car won't start and I have to leave in five minutes. (ငါတော့ ဒုက္ခလှလှနဲ့ တွေ့ပြီ။ ကားက စက်လုံးဝ နှိုးလို့မရတဲ့အပြင် ငါကလည်း နောက် ၅ မိနစ် ဆိုသွားမှ ဖြစ်မှာ။)
ဒါနဲ့ဆင်တဲ့ "a different kettle of fish" (သို့) "another kettle of fish" လို့သုံးထားရင်တော့ "လုံးဝကို တခြားအရာပဲ" "လားလားမှမတူသည့်အရာ" လို့ အဓိပ္ပါယ် ပြောင်းလဲသွားတာကို တွေ့ရပါတယ်။ မတူတာသတိချပ်ပါ။
e.g. Your website needs to be a whole different kettle of fish. (ခင်ဗျားရဲ့ website က လုံးဝ မတူညီတဲ့ အခြားအရာဖြစ်သင့်တယ်။)
8. A lemon (သံပုရာသီး) - ဆိုးသော (သို့) မလိုလားအပ်သော တစ်စုံတစ်ရာ
မျှော်မှန်းချက်နှင့် မကိုက်ညီသော ဘယ်အရာကိုမဆို a lemon (သံပုရာသီး) လို့ ခေါ်နိုင်ပါတယ်။
e.g . Her first husband was a lemon. (သူ့ပထမယောက်ျားက အသုံးမကျတဲ့လူတစ်ယောက်ဖြစ်တယ်။)
အများအားဖြင့်တော့ ဒီအသုံးအနှုန်းကို စ၀ယ်ကတည်းက ပြဿနာအမျိုးစုံရှိနေတဲ့ မော်တော်ကားအတွက် အသုံးပြုသော အသုံးအနှုန်းဖြစ်ပါတယ်။ အမေရိကန်နိုင်ငံ အချို့ပြည်နယ်တွေမှာဆို "lemon laws" တွေရှိပါတယ်။ ဒီဥပဒေက ၀ယ်ယူတွေကို အဆင့်မမီသော ကားများ ၀ယ်ယူခြင်းမှ ကာကွယ်ပေးပါတယ်။ ၁၉၇၅ ခုနှစ်က ထုတ်ပြန်ခဲ့သော Federal Lemon Law သည် ပြည်နယ်အားလုံးမှ မြို့သားအားလုံးကို ကာကွယ်ပေးပါတယ်။
9. Full of beans (ပဲအပြည့်) - စွမ်းအားနှင့် တက်ကြွသော စိတ်ဓာတ်အပြည့်
e.g. Hollins is still full of beans as he settles at Crawly Town (ခရော်လီမြို့မှာ အခြေချနေသော ဟော်လင်း(စ်)သည် စွမ်းအားနှင့်တက်ကြွတဲ့ စိတ်ဓာတ်အပြည့်ရှိ နေတုန်းပါပဲ။)
မြန်မာလို ပဲများတယ် (အလှကြိုက်တယ်) ဆိုတာနဲ့ဆင်သလိုရှိပေမဲ့ မတူတာကိုဂရုပြုပါ။
10. Hot potato (ဗြဟ္မာဦးခေါင်း) - (အထူးဂရုတစိုက် ကိုင်တွယ်ဖြေရှင်းရမည်၊ သိမ်မွေ့နက်နဲ သော အခြေအနေ)
e.g. The racial discrimination issue is a political hot potato. (လူမျိုးရေး ခွဲခြားဆက်ဆံခြင်းသည် ဖြေရှင်းရန် ခက်သော နိုင်ငံရေး ကိစ္စတစ်ရပ်ပင်ဖြစ်သည်။)
Idiom တွေကိုနေ့တိုင်းနဲနဲသုံးကြည့်မယ်ဆိုရင် မှတ်မိပြီးနောင်ပြန်သုံးနိုင်မှာဖြစ်ပါတယ်။ ပြန်မသုံးရင်တော့ ပြန်မေ့သွားမှာသေချာပါတယ်။ အောက်က comment ထဲမှာ ခုပြောပြတဲ့ idiom တွေကိုသုံးပြီး ဝါကျတွေ ကျင့်ရေးကြည့်ပါလား။
Dailywritingtips.com မှ Maeve Maddox ၏ Food Idioms ကို ကိုးကားဘာသာပြန်ထားတာ ဖြစ်ပါတယ်။
မူရင်းလင့်>>>> အစားအစာကို အခြေခံထားသော ဓလေ့သုံးစကားများ (Food Idioms) - Myanmar Network http://www.myanmar-network.net/forum/topics/food-idioms…

0 comments:

Post a Comment

.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙အကြောင်းအမျိုးကြောင့်ဆက်သွယ်လိုလျှင်.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙

foxyform