စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန်* အများအကျိုးပြုခြင်းဖြင့်ပျော်ရွှင်မှုရပါစေ...။ (မည်သူမဆို မျှဝေယူနိုင်ပါသည်- ရွှေအိမ်စည်)

ပင်မစာမျက်နှာ

ဗဟုသုတ

ဘုရားသမိုင်း

တရားဒါန

ပညာရေး

ကျန်းမာရေး

နည်းပညာ

ကဗျာများ

စီးပွား/စီမံ

ဘလော့ပိုစ်များ

ဟင်းချက်နည်း

ထူးခြားဆန်းပြား

mp3 သီချင်းများ

ဟာသလွင်ပြင်


စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန

Friday 28 August 2015

အပြန်အလှန် ပြောစကားများမှ ကောက်နှုတ်ချက်များ (၁၇)

အပြန်အလှန် ပြောစကားများမှ ကောက်နှုတ်ချက်များ (၁၇)
……………………………
စိတ်ခံစားမှုနဲ့ဆိုင်တဲ့ သုံးစွဲပုံတွေပါ ၊ နူးညံ့တာတွေလည်းရှိမယ် ၊ ကြမ်းရှတာတွေလည်း ရှိမယ် ၊ ဖွင့်ထုတ်တာတွေလည်းရှိမယ် ၊ ပေါက်ကွဲတာတွေလည်း ပါချင်ပါမယ် .. ကြုံလာလျင် နားလည်ဖို့ပါ ..
(1) I’m so sad. I feel so hopeless.
ငါသိပ်ကို ၀မ်းနည်းတယ် ၊ လုံးဝမျှော်လင့်ချက်မဲ့သလိုခံစားနေရတယ်
.
(2) What am I supposed to do?
ငါဘာလုပ်ပေးရမလဲ
( be+ supposed to >> ရမည် ၊ သင့်သည် ။ မူလစာလုံး suppose (ယူဆသည် ၊ မှတ်ယူသည် ၊ ဆိုပါစို့ ) နဲ့ အဓိပ္ပါယ် သီးခြား ဖြစ်နေလို့ သတိထားပြီး မှတ်လိုက်ပါ ..
.
(3) Don’t worry too much.
တအားကြီး စိတ်မပူပါနဲ့
.
(4) Don’t take it so seriously.
အရမ်းကြီး အရေးတယူလုပ်မနေပါနဲ့
(seriously (adv) လေးလေးနက်နက် ၊ အရေးတယူ ၊ အရေးတကြီး ၊ စိုးရိမ်ဖွယ်ရာ)
.
(5) You can lean on me.
ငါ့အပေါ်မှီခို အားထားနိုင်ပါတယ်
(lean on someone = တစ်စုံတစ်ယောက်အပေါ်အားထားမှီခိုသည်)
.
(6) I’ll be there for you.
ငါလည်း မင်းနဲ့အတူရှိနေမယ်
.
(7) What else can I do?
တခြား ငါဘာလုပ်ပေးနိုင်ဦးမလဲ
(else(adj) အခြားသော ၊ else က adv လည်းရှိပါတယ် ၊ ဒီမှာက adj လိုပြုမူပါတယ် ၊ who else ဘယ်သူမှန်းမသိတဲ့ အခြားတစ်ယောက် ၊ what else ဘာမှန်းမသိတဲ့ အခြားတစ်ခု ၊ someone else အခြားတစ်ယောက် ..စသည်ဖြင့်)
.
(8) Calm down. Try not to think about it.
စိတ်တည်ငြိမ်အောင် လျှော့ချပါ ၊ အဲဒါကိုမတွေးဖို့ အားထုတ်ပါ
(calm(v) စိတ်ငြိမ်စေသည် ၊ အေးဆေးစေသည်)
.
(9) Are you OK? You look angry.
အခြေအနေကောင်းရဲ့လား ၊ မင်းကို ကြည့်ရတာ ဒေါသထွက်နေသလိုပဲ
.
(10) I am really angry. That’s so offensive. How could he do such a thing?
ငါတကယ် စိတ်ဆိုးတယ် ၊ သိပ်ကို စော်ကားပုတ်ခတ်တယ် ၊ သူဒါမျိုး ဘယ်လိုများလုပ်နိုင်ခဲ့ပါလိမ့်
( offensive(adj) စော်ကားပုတ်ခတ်သော ၊ ထိုးနှက်တိုက်ခိုက်သော )
.
(11) He made me mad. I can’t stand it any more.
သူငါ့ကို စိတ်ဆိုးအောင်လုပ်ခဲ့တယ် ၊ ငါထပ်ပြီး သီးမခံနိုင်တော့ဘူး
.
(12) He drives me crazy. I’m really displeased with his behavior.
သူငါ့ကို စိတ်ဆိုးအောင် လုပ်တယ် ၊ သူ့အပြုအမူကို ငါလုံးဝ မကျေနပ်ဘူး
.
(13) My patience is wearing thin. How rude can you be?
ငါသည်းခံနိုင်စွမ်းတွေ လျော့ပါးလာနေပြီ ၊ မင်း တော်တော်ရိုင်းတာပဲ
(wear thin = to be weakened gradually အားပျော့လာတယ် ၊ လျော့ပါးလာတယ်)
.
(14) What are you talking about?
မင်းဘာတွေ ပြောနေတာလဲ
.
(15) You say some silly things sometimes.
တစ်ခါတရံ မင်းက ရူးကြောင်ကြောင်တွေ ပြောတတ်တယ်နော်
(sometimes တစ်ခါတရံ ၊ ရံဖန်ရံခါ)
.
(16) Shame on you.
မင်းမရှက်ဘူးလား (ရှက်စရာပဲ)
.
(17) Shame on you for hitting a woman.
မိန်းမတစ်ယောက်ကို ထိုးတာ မင်းမရှက်ဘူးလား
.
(18) Are you out of your mind?
မင်းရူးနေလား ၊ မင်းစဉ်းစားညာဏ်မရှိတော့ဘူးလား
.
(19) How could you be so thoughtless!
အတွေးအခေါ်မရှိလိုက်တဲ့ကောင် ကွာ
( thouhgtless(adj) စဉ်းစားဆင်ခြင်မှုမရှိသော ၊ အတွေးမရှိသော )
.
(20) Don’t get on my nerves.
ငါ့ကို စိတ်ရှုပ်စိတ်တိုအောင် ထပ်ခါထပ်ခါ လုပ်မနေနဲ့
(get on somebody’s nerves = to annoy someone by doing something again and again စိတ်ရှုပ်အောင် ထပ်ခါထပ်ခါလုပ်သည်)
.
နူးညံ့နွေးထွေးသော ပျော်ရွှင်ဖွယ်ရာများသာ ကြုံပါစေ..
.
မေတ္တာဖြင့် Win Naing Oo

0 comments:

Post a Comment

.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙အကြောင်းအမျိုးကြောင့်ဆက်သွယ်လိုလျှင်.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙

foxyform