စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန်* အများအကျိုးပြုခြင်းဖြင့်ပျော်ရွှင်မှုရပါစေ...။ (မည်သူမဆို မျှဝေယူနိုင်ပါသည်- ရွှေအိမ်စည်)

ပင်မစာမျက်နှာ

ဗဟုသုတ

ဘုရားသမိုင်း

တရားဒါန

ပညာရေး

ကျန်းမာရေး

နည်းပညာ

ကဗျာများ

စီးပွား/စီမံ

ဘလော့ပိုစ်များ

ဟင်းချက်နည်း

ထူးခြားဆန်းပြား

mp3 သီချင်းများ

ဟာသလွင်ပြင်


စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန

Saturday 29 August 2015

Handsome woman နှင့် Pretty man

Handsome woman နှင့် Pretty man
----------------------------------------
• Posted by zar ni (My Way!) on July 22, 2011 at 10:33am
• အင်္ဂလိပ်စာလေ့လာခဲ့တဲ့တစ်လျောက်လုံးရုပ်ရည်ရူပကာချောမောတာကိုပြောချင်တဲ့အခါမှာ ယောက်ျားလေးဆိုရင် handsome မိန်းကလေးဆိုရင် pretty လို့သုံးရတယ်ဆိုလို့ မှတ်သားမိခဲ့ကြမှာ ပါ။ ဝေါဟာရဆိုတာကလည်း သင်္ချာညီမျှခြင်းလို ပုံသေ သတ်မှတ်ဖို့အခက်သားကလား။ စာရေးတဲ့သူ မိမိပြောလိုတဲ့ အဓိပ္ပါယ်ရောက်အောင် တစ်ခါတစ်လေ တင်စားချက်နဲ့ သုံးကြတဲ့အခါ စကားလုံးတွေနဲ့ ကျား/မ ဆက်စပ်မှုဟာ နေရာရွေ့သွားတတ်ကြပါတယ်။ ပုံမှန်အားဖြင့်တော့ ယောက်ျားလေးတစ်ယောက်ကို pretty man လို့အခေါ်ခံ ရတာဟာ
နည်းနည်းစော်ကားသလိုဖြစ်မယ်နဲ့တူပါတယ်။ ဒါပေမယ့်လည်း မြန်မာစကားမှာလည်း မိန်းမချော ချောတယ် လို့ သုံးလေ့ရှိတယ်မဟုတ်လား။ တစ်ချို့ယောက်ျားလေးတွေကျတော့ မိန်းကလေးတွေထက်ကို ချောနေတဲ့အခါ ကွယ်ရာမှာ pretty man လို့အခေါ်ခံရတတ်တယ်လေ။ ဥပမာအားဖြင့် အခုတကော အင်မတန်နာမည်ကြီးနေတဲ့ Justin Beieber ကို တစ်ချို့က pretty boy လို့ခေါ်ကြသလိုပေါ့။ M2M ရဲ့ pretty boy သီချင်းကိုလည်း ကြားဖူးကြမှာပါ။

ဒီလိုပဲ handsome ကို မိန်းမတစ်ယောက်နဲ့တွဲသုံးလိုက်တဲ့အခါ မိန်းကလေးလို သွယ်လျနွဲ့နှောင်းမနေဘဲ ခန္ဓာကိုယ်အချိုးအဆက်ပြေပြစ်တဲ့ လုံးကြီးပေါက်လှ မိန်းမတစ်ယောက်ရဲ့အသွင် မြင်ယောင်လာပါလိမ့်မယ်။ အောက်စဖို့ အဘိဓာန်မှာ ဒီလို ရှင်းပြထားပါတယ်။
handsome
adjective (handsomer, handsomest)
1 (of a man) good-looking.
(of a woman) striking and imposing rather than conventionally pretty.
(of a thing ) well made , imposing, and of obvious quality:handsome cookery books
ဆိုတော့ သာမန်သမရိုးကျလှတာထက် ပိုတယ်။ ကိုယ်ခန္ဓာအချိုးအဆက်၊ ဂုဏ်သရေ၊
ကျက်သရေရှိမှု၊ ခန့်ညားမှု ဆိုတဲ့ အရာတွေမြင်ယောင်လာပါတယ်။ She's a Handsome Woman ဆိုတဲ့သီချင်းတစ်ပုဒ်လည်းရှိသေးတယ်။ ရုပ်ရှင်မင်းသမီး Katherine Hepburn တို့၊ Meryl Streep တို့ Jeniffer Lopez တို့ကို handsome ဖြစ်တယ်လို့ တစ်ချို့ကမြင်ကြ တယ်လေ။
စိတ်ဝင်စားဖို့ကောင်းတာက handsome ဆိုတဲ့စကားလုံးကို စာရေးဆရာမ Jane Austen က အမျိုးသမီးဇာတ်ကောင်တစ်ချို့အတွက် မကြာမကြာသုံးလေ့ရှိဖူးတယ်တဲ့။ သူ့ရဲ့ နာမည်ကျော်ဝတ္ထု Pride and Prejudice ထဲမှာ ဇာတ်ကောင် Mr Bingley က Elizabeth Bennet ကို a handsome woman လို့သုံးထားတယ်။
အချုပ်အားဖြင့်တော့ စကားလုံးဆိုတာသုံးစွဲသူရဲ့ စိတ်ခံစားမှုနဲ့တနည်းနည်းဆက်စပ်နေ တတ်ပါတယ်။ ဒီတော့ တစ်နေရာရာမှာ အမြီးအမောက်မတည့်တဲ့ အသုံးအနှုံးကိုတွေ့လိုက်လို့ ဒါမှားနေတယ်လို့ တန်းပြီးကောက်ချက်မချ လိုက်ပါနဲ့ဦး။ စာရေးသူ ဘာဖြစ်လို့ ဒီလို သုံးရသလဲ ဆိုတာ နည်းနည်းလောက်စဉ်းစားပေးလိုက်ပါဦးဟု တိုက်တွန်းရင်း ကိုယ်တိုင်လည်း ဝေါဟာရတို့၏ အဓိပ္ပါယ်အတိမ်အနက်ကို ပိုစိတ်ဝင်စားလာပါတော့တယ်။
လူတစ်ဦးရဲ့ရုပ်ရည်ကိုဖော်ပြတဲ့ နာမ၀ိသေသနတစ်ချို့ကိုဖော်ပြပေးလိုက်ပါတယ်။
Attractive – Butt Ugly – Cute – Eye catching – Foxy – Fugly – Gorgeous – Good looking – Hideous – Hot – Revolting – Striking – Stunning – Unattractive
------------------
အထက်ပါ ဆောင်းပါးအားကူးယူ၍ အခြား website နှင့် blog များတွင် တင်မည်ဆိုပါက www.myanmar-network.net/forum/topics/why-language-is-like မှကူးယူကြောင်း ထည့်သွင်းဖော်ပြပေးပါရန်။

0 comments:

Post a Comment

.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙အကြောင်းအမျိုးကြောင့်ဆက်သွယ်လိုလျှင်.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙

foxyform