စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန်* အများအကျိုးပြုခြင်းဖြင့်ပျော်ရွှင်မှုရပါစေ...။ (မည်သူမဆို မျှဝေယူနိုင်ပါသည်- ရွှေအိမ်စည်)

ပင်မစာမျက်နှာ

ဗဟုသုတ

ဘုရားသမိုင်း

တရားဒါန

ပညာရေး

ကျန်းမာရေး

နည်းပညာ

ကဗျာများ

စီးပွား/စီမံ

ဘလော့ပိုစ်များ

ဟင်းချက်နည်း

ထူးခြားဆန်းပြား

mp3 သီချင်းများ

ဟာသလွင်ပြင်


စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန

Friday 28 August 2015

အပြန်အလှန် ပြောစကားများမှ ကောက်နှုတ်ချက်များ (၁၈)

အပြန်အလှန် ပြောစကားများမှ ကောက်နှုတ်ချက်များ (၁၈)
…………………
ဒီတစ်ခါတော့ လက်ဆောင်တစ်ခုခုပေးတဲ့ စကားပြောခန်းလေးပါ ၊ ပေးကမ်းခြင်းဖြင့် အောင်မြင်ရာ၏တဲ့ ၊ ပေးနည်းတတ်လျှင် သူဌေးအကြီးစားကြီးတွေတောင် ဖြစ်နိုင်တယ်နော် ..
.
(1) Here’s something for you.
ဟောဒီမှာ ခင်ဗျားအတွက် တစ်ခုခုပါ (လက်ဆောင်ပစ္စည်းတစ်ခုခုပေါ့ ၊ ဘာရယ်လို့ ပြောမထားဘူး)
.
(2) Is this really for me?
ဒီဟာက တကယ် ကျနော့်အတွက်လား
.
(3) It’s not much but it comes from the heart.
များတော့ မများပါဘူး ဒါပေမယ့် (ပေးချင်တဲ့စိတ်က) ကျနော့်ရင်ထဲအသဲထဲကနေ လာတာပါ
.
(4) It’s not much but I hope you like it.
များတော့မများပါဘူး ဒါပေမယ့် ခင်ဗျားကြိုက်နှစ်သက်မယ်လို့ မျှော်လင့်ပါတယ်
.
(5) Thank you for being so thoughtful.
အရမ်း သတိတရ ရှိနေတတ်တဲ့အတွက် ကျေဇူးတင်ပါတယ်
(thoughtful (adj) စဉ်းစဉ်းစားစား လုပ်တတ်ကိုင်တတ်သော ၊ သတိရတတ်သော ၊ အတွေးနယ်ချဲ့သော)
.
(6) That’s very thoughtful of you.
ခင်ဗျားက သိပ်ပြီးစိတ်ကူးကောင်းတဲ့သူပဲနော်
.
(7) I really appreciate it.
ကျနော် တကယ်ပဲ အသိအမှတ်ပြုပါတယ်
(appreciate (v) အသိအမှတ်ပြုသည် ၊ သဘောကျသည်)
.
(8) I can’t thank you enough.
ကျနော် ကျေးဇူးတင်လို့မဆုံးပါဘူး
.
(9) This gift is something I made myself.
လက်ဆောင်ကို ကျနော်ကိုယ်တိုင်ကိုယ်ကျ လုပ်ခဲ့တာပါ
.
(10) Thank you for all of your hard work.
ခင်ဗျားရဲ့ ကြိုးစားလုပ်ဆောင်မှု(ဖန်တီးမှု) အားလုံးအတွက် ကျေးဇူးတင်ရှိပါတယ်
.
(11) This is just what I wanted.
ဒီဟာက ကျနော်လိုချင်နေခဲ့တာနဲ့ အံကိုက်ပါပဲ
(just (adv) .. before noun (or) noun phrase >> အံကိုက် ၊ ကွက်တိ)
.
(12) I am glad you like it.
ခင်ဗျားကြိုက်နှစ်သက်တဲ့အတွက် ၀မ်းသာပါတယ်
................
ကဲ လက်ဆောင်လေးတွေပေးချင်ကြလျင် လက်ခံနေပြီနော် .. ကျေးဇူးတင်စကားလှလှလေးတွေ အခုလိုပဲ ပြောပေးမယ်လေ..ဟုတ်ပီလား tongue emoticon
.
မေတ္တာဖြင့် Win Naing Oo

0 comments:

Post a Comment

.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙အကြောင်းအမျိုးကြောင့်ဆက်သွယ်လိုလျှင်.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙

foxyform