စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန်* အများအကျိုးပြုခြင်းဖြင့်ပျော်ရွှင်မှုရပါစေ...။ (မည်သူမဆို မျှဝေယူနိုင်ပါသည်- ရွှေအိမ်စည်)

ပင်မစာမျက်နှာ

ဗဟုသုတ

ဘုရားသမိုင်း

တရားဒါန

ပညာရေး

ကျန်းမာရေး

နည်းပညာ

ကဗျာများ

စီးပွား/စီမံ

ဘလော့ပိုစ်များ

ဟင်းချက်နည်း

ထူးခြားဆန်းပြား

mp3 သီချင်းများ

ဟာသလွင်ပြင်


စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန

Friday 28 August 2015

အပြန်အလှန် ပြောစကားများမှ ကောက်နှုတ်ချက်များ (၄)

အပြန်အလှန် ပြောစကားများမှ ကောက်နှုတ်ချက်များ (၄)
…………………………………………………………………
တွေ့ဆုံမိတ်ဆက်ပေးခြင်း နဲ့ ဆိုင်တဲ့ စကားပြောခန်းလေးတွေဖြစ်ပါတယ် ..

.
(1) I’d like you to meet Brad Jordan.
ဆရာ့ကို Brad Jordan နဲ့ တွေ့စေချင်ပါတယ်
.
(2) Brad, this is Professor Kim.
Brad .. ဒါက ပါမောက္ခ Kim ပါ
.
(3) Professor Lee is always talking about you.
ပါမောက္ခ Lee က ခင်ဗျားအကြောင်းကို အမြဲပြောနေတာဗျ
.
(4) I hope only good things.
ကောင်းတာတွေပဲ (ပြောခဲ့လိမ့်မယ်) လို့ မျှော်လင့်ပါတယ်
.
(5) I’ve been waiting to meet you.
.ကျနော်က ခင်ဗျားကိုတွေ့ဖို့ စောင့်နေခဲ့တာပါ
( အရင်ကတည်းက အချိန်တော်တော်ကြာ စောင့်နေခဲ့တာ ခုထိပါ ဆိုတဲ့သဘောမို့ perfect continuous tense ကိုသုံးထားတာပါ)
.
(6) Professor, this is Brad Jordan, Brad, this is Professor Kim.
ပါမေက္ခခင်ဗျာ .. ဒါက Brad Jordan ပါ ၊ Brad .. ဒါက ပါမောက္ခ Kim ပါ ။
………………….
(7) Mr. Lee is the director of the sales department.
မစ္စတာလီ က အရောင်းဌာနရဲ့ စီမံအုပ်ချုပ်သူပါ
.
(8) How do you do Mr. Jordan?
တွေ့ရတာဝမ်းသာပါတယ် Mr. Jordan
( ပုံစံကျ တွေ့ဆုံနှုတ်ဆက်နည်းဖြစ်ပါတယ် ၊ မြန်မာလို တိတိကျကျ ပြန်လို့မရပါဘူး ၊ ဘာသာမပြန်ပဲ မှတ်ထားလိုက်တာ အကောင်းဆုံးပါ)
.
(9) I’ve been looking forward to meeting you.
ကျနော်ခင်ဗျားကို တွေ့ဆုံဖို့ (စိတ်ထက်သန်ပျော်ရွှင်စွာ) မျှော်လင့်စောင့်စားနေခဲ့ပါတယ်
(Look forward to = To think of (a future event) with pleasurable, eager anticipation.. ဆိုတော့ ရိုးရိုးမျှော်လင့်တာမဟုတ်ပဲ ၊ စိတ်အားထက်သန်မှု ..ပျော်ရွှင်လိမ့်မယ်လို့ တွေးထင်မှု စတဲ့ အဓိပ္ပါယ်တွေပါ ပေါင်းစပ်ပါဝင်နေတာ )
.
(10) Have you two met before?
ခင်ဗျားတို့ နှစ်ယောက် အရင်က တွေ့ဆုံပြီးကြပြီလား
.
(11) Mr. Brown, let me introduce my friend Minho to you.
Mr. Brown.. ခင်ဗျားကို ကျနော့်သူငယ်ချင်း မင်းဟို နဲ့ မိတ်ဆက်ပေးပါရစေ
.
(12) This is Minho, a friend of mine.
ဒါက မင်းသိုပါ ၊ ကျနော့် သူငယ်ချင်း တစ်ယောက်ပါ
.
(13) I work in the Planning Department.
ကျနော်က စီမံကိန်း(ရေးဆွဲတဲ့) ဌာနမှာ အလုပ်လုပ်ပါတယ်
.
(14) May I have your name, please?
ခင်ဗျားရဲ့ နာမည်လေး ရ..ပါရစေ (သိပါရစေ)
.
(15) I’m Thomas. Just call me Tom.
ကျနော်က Thomas ပါ ၊ Tom လို့ပဲ ခေါ်ပါ ..
( နာမည်ရှည်ကို မမှတ်မိနိုင်တဲ့ နိုင်ငံခြားသားတွေနဲ့ ပြောတဲ့အခါ သုံးလို့ရပါတယ် .. ဥပမာ I’m Win Naing Oo. Just call me Win. စသည်ဖြင့်)
…………….
ဝေါဟာရ ရှင်းလင်းချက် အပိုလက်ဆောင်
.
အစိုးရရုံးတွေမှာ သုံးလေ့ရှိတာက
.
Director ညွှန်ကြားရေးမှူး ( ညွှန်မှူး)
Director General ညွှန်ကြားရေးမှူးချုပ် ( ညွှန်ချုပ်)
…………..
ကုမ္ပဏီတွေမှာသုံးတတ်တာက
.
Director စီမံအုပ်ချုပ်သူ ၊ ဒါရိုက်တာ
Managing Director (MD) ဦးဆောင်ညွှန်ကြားရေးမှူး .. စသည်ဖြင့်
Chief Executive Officer (CEO) အမှုဆောင် အရာရှိချုပ် ( အမေရိကန်သုံး)

0 comments:

Post a Comment

.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙အကြောင်းအမျိုးကြောင့်ဆက်သွယ်လိုလျှင်.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙

foxyform