စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန်* အများအကျိုးပြုခြင်းဖြင့်ပျော်ရွှင်မှုရပါစေ...။ (မည်သူမဆို မျှဝေယူနိုင်ပါသည်- ရွှေအိမ်စည်)

ပင်မစာမျက်နှာ

ဗဟုသုတ

ဘုရားသမိုင်း

တရားဒါန

ပညာရေး

ကျန်းမာရေး

နည်းပညာ

ကဗျာများ

စီးပွား/စီမံ

ဘလော့ပိုစ်များ

ဟင်းချက်နည်း

ထူးခြားဆန်းပြား

mp3 သီချင်းများ

ဟာသလွင်ပြင်


စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန

Saturday, 11 January 2014

ဒေါက်တာ ရှောလူး (ပထမ ဆရာဝန်)

ဒေါက်တာ ရှောလူး (ပထမ ဆရာဝန်)

ပထမဆိုသော ပုဂ္ဂိုလ်ထူးများထဲတွင် ဗမာလူမျိုးသာမက မွန်လူမျိုး ဒေါက်တာ ရှောလူးလဲ
ပါဝင်ပေသည် ။ မော်လမြိုင်ဇာတိ ဒေါက်တာ ရှောလူးသည် သူ၏ မိသားစုမိတ်ဆွေ
ဒေါက်တာဂျပ်ဆင်ဆိုသူ နာမကျန်းဖြစ်သောအခါ ၊ မြန်မာပြည်တွင် ပျောက်ကင်းအောင်
ဆေးကုသပေးနိုင်သူ မရှိသောကြောင့် နိုင်ငံခြားသို့ သဘောင်္ဖြင့် ပို့ဆောင်စဉ်
လမ်းခုလတ်မှာ သေဆုံးခဲ့ရသည်ကို မြင်တွေ့ ပြီးတည်းက ၊ အနောက်တိုင်းဆေးပညာ
မြန်မာနိုင်ငံတွင် လိုအပ်ကြောင်း မြင်တွေ့ ခံစားခဲ့သည် ။ ထို့ကြောင့် အသက်
၁၇ နှစ်အရွယ်တွင် အိန္ဒိယပြည်နယ် ကာလကတ္တားမြို့သို့ စွန့်စားသွားရောက်ပြီး
ဆေးပညာကို ရှာဖွေခဲ့သည် ။ ထို့နောက် အမေရိကန်သို့ ခရီးဆက်၍ ပထမဆုံးသော
မြန်မာပြည်မှ ကျောင်းသားအဖြစ် တက္ကသိုလ်တခုတွင်ပညာသင်ကြားရာ ဘီအေဘွဲ
့ရပြီးသောအခါ အမိမြန်မာနိုင်ငံသိုပြန်ခါ ပညာရေး ဆေးပညာပိုင်းတို့တွင်
မြန်မာပြည်အတွက် စွမ်းစွမ်းတမံလုပ်ဆောင်ခဲ့သည် ။ ဒေါက်တာရှောလူးအား
မြန်မာနိုင်ငံသို့ မပြန်ခင် ၁၇ ဆက်မြောက် အမေရိကန်ပြည်ထောင်စု သမ္မတ
အင်ဒရူးဂျွန်ဆင်က ပထမဆုံး အမေရိကန်တွင် လာရောက်ပညာသင်ကြားသော မြန်မာပြည်မှ
ကျောင်းသားတယောက်အဖြစ် ၀မ်းပန်းတသာ တွေ့ ဆုံခဲ့သေးသည် ။

မင်းယုဝေ
— 
Photo: ဒေါက်တာ ရှောလူး (ပထမ ဆရာဝန်) ▬▬▬▬▬▬▬▬▬▬▬▬▬▬▬<br /

0 comments:

Post a Comment

.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙အကြောင်းအမျိုးကြောင့်ဆက်သွယ်လိုလျှင်.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙

foxyform