စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန်* အများအကျိုးပြုခြင်းဖြင့်ပျော်ရွှင်မှုရပါစေ...။ (မည်သူမဆို မျှဝေယူနိုင်ပါသည်- ရွှေအိမ်စည်)

ပင်မစာမျက်နှာ

ဗဟုသုတ

ဘုရားသမိုင်း

တရားဒါန

ပညာရေး

ကျန်းမာရေး

နည်းပညာ

ကဗျာများ

စီးပွား/စီမံ

ဘလော့ပိုစ်များ

ဟင်းချက်နည်း

ထူးခြားဆန်းပြား

mp3 သီချင်းများ

ဟာသလွင်ပြင်


စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန

Saturday, 11 January 2014

ဒေါ်ဦးဇွန်း (ပထမ လူမှုဝန်ထမ်း အမျိုးသမီး)

ဒေါ်ဦးဇွန်း (ပထမ လူမှုဝန်ထမ်း အမျိုးသမီး)

ရတနာပုံနေပြည်တော်မှ ပိုးကုန်သည်ကြီးမိသားစုတွင် ပေါက်ဖွားခဲ့သော တဦးတည်းသောသမီး
ဒေါ်ဦးဇွန်းသည် ပစ္စည်းဥစ္စာ ချမ်းသာကြွယ်ဝသော ဘ၀တွင် နေထိုင်ခဲ့ရသည် ။
ထို့အပြင် သူမသည် ရုပ်ရည်လည်း လှပတင့်တယ်၏ ။ သို့သော်
မာနထောင်လွှားခြင်းမရှိ ၊ စိတ်နေသဘောထား အမူအကျင့် မွန်မြတ်လှသည် ။ အသက် ၁၆
နှစ်အရွယ်မှ စတင်၍ မိဘများ၏ ပိုးထည်လုပ်ငန်းတွင် အောင်မြင်စွာ
ဝင်ရောက်လုပ်ကိုင်နိုင်ခဲ့သည် ။ အိမ်ထောင်ရက်သားမကျသော ဒေါ်ဦးဇွန်း အသက်
၄၀ အရွယ်တွင် မိဘနှစ်ပါးကွယ်လွန်၍ အမွေများအားလုံး ဆက်ခံရရှိသည် ။
သို့ရာတွင် သူမသည် ဘ၀တွင်မပျော်ပိုက် ၊ မိဘများကို
လွမ်းဆွတ်တမ်းတသောကြောင့် ၊ စိတ်ပြေလက်ပျောက် ရန်ကုန်သို့ သွားရောက်လေသည်
။ ထိုအခါ ခရစ်ယာန် ဘုန်းကြီးနှင့် သီလရှင်များ တည်ထောင်ထားသော
လူအိုရုံတခုကို တွေ့ ရှိပြီး ၊ မြန်မာလူမျိုး ဗုဒ္ဓဘာသာတွင်လည်း ထိုမျှ
မွန်မြတ်သော လုပ်ငန်းမျိုးရှိသင့်သည် ၊ မိမိကပင် ဦးဆောင်ဦးရွက် ပြုမည် ၊
ထိုမှသာ ကွယ်လွန်သူ မိဘနှစ်ပါးကိုယ်စား ခိုကိုးရာမဲ့
သက်ကြီးရွယ်အိုတို့ကို စောင့်ရှောက်ခြင်းဖြင့် စိတ်ချမ်းသာမှုရနိုင်တော့မည်
ဟု ဆုံးဖြတ်လိုက်သည် ။ ထိုမှစ၍ နှင်းဆီကုန်း နှင့် မင်းကွန်း လူအိုရုံများ
ပေါ်ပေါက်ခဲ့ကြသည် ။ ဒေါ်ဦးဇွန်း မကွယ်လွန်မီ နှင်းဆီကုန်း လူအိုရုံအား
ဝိုင်းဝန်းစောင့်ရှောက်ပေးကြသော အဖွဲ့ အစည်းဟာ ထိုသို့ ရေးသားခဲ့သည် ...
အဘွားလည်း အသက်အရွယ် ကြီးပါပြီ ။ ကောင်းကောင်းလည်း မကျန်းမာသဖြင့်
မောင်တို့ပဲ ဒီလုပ်ငန်းကို ဆက်လက် တာဝန်ယူကြပါ ။ အဘွားတော့
မတတ်နိုင်တော့ပါ ။
ဒေါ်ဦးဇွန်းကြောင့် မြန်မာနိုင်ငံတွင် ဘိုးဘွားရိပ်သာများ ပေါ်ထွန်းခဲ့ကြကြောင်း သူမ သိမည်ဆိုလျှင် ၊ ၀မ်းသာပီတိ
ဖြစ်နေမည် ထင်ပါသည် ။

မင်းယုဝေ
---------------------------------------------------------------------------------------------
ပိုစ့်အဟောင်းများပြန်လည်ဖတ်ရှုလိုပါက ရွှေအိမ်စည် စာကြည့်တိုက်  http://drshweeaimsi.blogspot.com/ တွင်ဝင်ရောက်ဖတ်ရှု့ နိုင်ပါသည်။
ခင်မင်လေးစားလျှက်
ရွှေအိမ်စည်
Photo: ဒေါ်ဦးဇွန်း (ပထမ လူမှုဝန်ထမ်း အမျိုးသမီး) ▬▬▬▬▬▬▬▬▬▬▬▬▬▬<br /

0 comments:

Post a Comment

.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙အကြောင်းအမျိုးကြောင့်ဆက်သွယ်လိုလျှင်.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙

foxyform