စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန်* အများအကျိုးပြုခြင်းဖြင့်ပျော်ရွှင်မှုရပါစေ...။ (မည်သူမဆို မျှဝေယူနိုင်ပါသည်- ရွှေအိမ်စည်)

ပင်မစာမျက်နှာ

ဗဟုသုတ

ဘုရားသမိုင်း

တရားဒါန

ပညာရေး

ကျန်းမာရေး

နည်းပညာ

ကဗျာများ

စီးပွား/စီမံ

ဘလော့ပိုစ်များ

ဟင်းချက်နည်း

ထူးခြားဆန်းပြား

mp3 သီချင်းများ

ဟာသလွင်ပြင်


စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန

Friday, 18 July 2014

AIDS ညီလာခံကိုယ်စားလှယ် ရာကျော် လေယာဉ်ပျက်ရာ သေဆုံး

 ယူကရိန်းနိုင်ငံပေါ်မှာ ပျံသန်းနေတဲ့အချိန် ပစ်ချခံခဲ့ရတဲ့ မလေးရှားလေကြောင်း လိုင်းက ခရီးသည် တင်လေယာဉ်ပေါ်မှာ ပါသွား တဲ့ ခရီးသည်တွေထဲ သြစတြေးလျနိုင်ငံမှာ ကျင်းပမယ့် နိုင်ငံတကာ AIDS ညီလာခံကို တက်ရောက်မယ့်သူ အများအပြားပါပြီး အဲဒီထဲမှာ အထင်ရှားဆုံးကတော့ နယ်သာလန်နိုင်ငံက HIV သုတေသီ၊ နိုင်ငံတကာ AIDS အဖွဲ့အစည်းရဲ့ ဥက္ကဋ္ဌဟောင်း Joep Lange ဖြစ်ပါတယ်။

“ပျက်ကျသွားတဲ့ MH17 မလေးရှားခရီးသည်တင်လေယာဉ်ပေါ်မှာ သြစတြေးလျနိုင်ငံ၊ မဲလ်ဘုန်းမြို့မှာကျင်းပ မယ့် အကြိမ် ၂၀ မြောက် နိုင်ငံတကာ AIDS ညီလာခံကို တက်ရောက်မယ့် လုပ်ဖော်ကိုင်ဘက်တွေ၊ မိတ်ဆွေ သူငယ်ချင်းတွေ ပါသွားတယ်ဆိုတာသိရတဲ့အတွက် နိုင်ငံတကာ AIDS အဖွဲ့အစည်း အနေနဲ့ အလွန်အမင်းဝမ်းနည်းရပါတယ်။ အခုလို ၀မ်းနည်း ကြေကွဲဖွယ်အချိန်မျိုးမှာ ကျနော်တို့ အဖွဲ့အစည်း အနေနဲ့ နိုင်ငံတကာ မိသားစုတွေနဲ့ အတူတကွ ရပ်တည်ပြီး ဒီဖြစ်ရပ်ဆိုးကြီးမှာ အသက် ဆုံးပါးသွားကြသူတွေရဲ့ ကျန်ရစ်သူမိသားစုတွေအတွက် ၀မ်းနည်းစကားပြောကြားလိုပါတယ်။” လို့ နိုင်ငံတကာ AIDS အဖွဲ့အစည်းအရဲ့ ဥက္ကဋ္ဌအဖြစ် ရွေးချယ်ခံထားရသူ Chris Beyrer က ပြောခဲ့ပါတယ်။

သေဆုံးတဲ့ထဲမှာ ဥက္ကဋ္ဌဟောင်း Lange လည်းပါတယ်ဆိုတဲ့ သတင်းသာ မှန်ခဲ့မယ်ဆိုရင် HIV/AIDS တိုက်ဖျက်ရေး လှုပ်ရှားမှု အတွက် အရေးပါသူတဦးကို ဆုံးရှုံးလိုက်ရတာပဲ ဖြစ်ပါလိမ့်မယ်လို့လည်း Beyrer က ပြောပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com/content/most-of-passengers-headed-to-aids-conference/1960346.html

မလေးရှား လေယာဉ်ပျက်ကျရာနေရာ။ (ဇူလိုင် ၁၈၊ ၂၀၁၄)

0 comments:

Post a Comment

.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙အကြောင်းအမျိုးကြောင့်ဆက်သွယ်လိုလျှင်.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙

foxyform