၁၇.၇.၂၀၁၄ ရက်နေ့ ၂၂၀၀ အချိန် သင်္ဃန်းကျွန်းမြို့နယ်၊ ပေါ်ဆန်းမွှေးလမ်း အတိုင်း ကမာကြည်တံတားဘက်မှ ကမာကြည်မီးပွိုင့်ဘက်သို့ သင်္ဃန်းကျွန်း မြို့နယ်နေ ယာဉ်မောင်း ကျော်ကျော်စိုး (၂၉)နှစ် မောင်းနှင်လာသော ၆င --- ပါဂျဲရိုး ကိုယ်ပိုင်ယာဉ်သည် သံသုမာလမ်းဆုံ အရောက် ယာဘက်သို့ချိုးကွေ့ မောင်းနှင်စဉ် သံသုမာလမ်းပေါ်တွင် စက်ဘီးစီးနင်းသွားနေသော အသက်
(၃၀)နှစ်ခန့်အမျိုးသားအား ၀င်ရောက်တိုက်မိခဲ့ပါသည်။
ယာဉ်တိုက်မှုကြောင့် ၎င်းအမျိုးသားတွင် ယာနားထင်၊ ယာတံတောင်၊ ယာဒူးတို့၌ ပွန်းပဲ့ဒဏ်ရာများ ရရှိခဲ့သဖြင့် သင်္ဃန်းကျွန်းစံပြဆေးရုံသို့ ပို့အပ်ကုသစဉ် သေဆုံး သွားခဲ့ပါသည်။
ယင်းကဲ့သို့ ယာဉ်မဆင်မခြင်မောင်းနှင်သူ ယာဉ်မောင်း ကျော်ကျော်စိုးအား သုဝဏ္ဏနယ်မြေရဲစခန်း ယာဉ်(ပ)၂၇/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၀၄-က/၂၇၉ ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။
Yangon Police
https://www.facebook.com/yangonpolice




0 comments:
Post a Comment