စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန်* အများအကျိုးပြုခြင်းဖြင့်ပျော်ရွှင်မှုရပါစေ...။ (မည်သူမဆို မျှဝေယူနိုင်ပါသည်- ရွှေအိမ်စည်)

ပင်မစာမျက်နှာ

ဗဟုသုတ

ဘုရားသမိုင်း

တရားဒါန

ပညာရေး

ကျန်းမာရေး

နည်းပညာ

ကဗျာများ

စီးပွား/စီမံ

ဘလော့ပိုစ်များ

ဟင်းချက်နည်း

ထူးခြားဆန်းပြား

mp3 သီချင်းများ

ဟာသလွင်ပြင်


စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန

Monday, 14 July 2014

ကျောင်းလမ်းများရေကြီးရေလျှံ မြွေအန္တရာယ်စိုးရိမ်ရ

ရန်ကုန် ဇူလိုင် ၁၃

 ရန်ကုန်တိုင်း ဒေသကြီး တောင်ဥက္က လာပမြို့နယ် အခြေခံပညာ အထက်တန်း ကျောင်း အမှတ်(၄) တွင် ကျောင်း လမ်းမများ ရေကြီး ရေလျှံလျက်ရှိပြီး ကျောင်းသားမိဘ များနှင့် အလှူရှင်များက ကိုယ့်အား ကိုယ်ကိုး အလှူငွေများ ဖြင့် ကျောင်းလမ်းပြင်ဆင် မြေဖို့ခြင်းများကို လုပ်ကိုင် လျက်ရှိကြောင်း ဇူလိုင် ၁၂ ရက်က သိရှိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် မြွေဟောက်များကို မကြာခဏတွေ့ရှိ ရပြီး အလုပ်သမားများက ၎င်းတို့ကို ရှောင်ရှား ပြုလုပ် နေရကြောင်း သိရသည်။

''မနေ့ညနေပိုင်းလောက်က လက်ကောက်ဝတ် လောက်ရှိတဲ့ မြွေဟောက်တစ်ကောင်ကို တွေ့ရတယ်''ဟု စေတနာ့ဝန်ထမ်း ကျောင်း အကျိုးတော်ဆောင် မိဘတစ်ဦးက ပြောသည်။

နေ့ခင်းပိုင်းမှာပင် ရေထဲ၌သွား နေသည့်မြွေကိုတွေ့ရပြီး ၎င်းးကိုယ်တိုင် ဓာတ်ပုံရိုက်ယူထားကြောင်းလည်း ပြောသည်။

အဆိုပါကျောင်းတွင် ရေကြီးရေလျှံမှုများဖြစ်ပြီး ကျောင်းလမ်းများ ရေနစ်မြုပ်နေသည့်အတွက် ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ၊ ရေထဲတွင်ဖြတ်သန်း သွားလာနေရပြီးြေ>ွမအန္တရာယ်ကို စိုးရိမ်နေရသည့်အတွက် လမ်းများ ရေလွတ်အောင် အမြန်ပြုပြင်နိုင်ရေး မျှော်လင့်လျက်ရှိကြောင်း သိရ သည်။

ဝင်းမြင့်ထွန်း

The Mirror Daily
https://www.facebook.com/TheMirrorDaily

0 comments:

Post a Comment

.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙အကြောင်းအမျိုးကြောင့်ဆက်သွယ်လိုလျှင်.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙

foxyform