စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန်* အများအကျိုးပြုခြင်းဖြင့်ပျော်ရွှင်မှုရပါစေ...။ (မည်သူမဆို မျှဝေယူနိုင်ပါသည်- ရွှေအိမ်စည်)

ပင်မစာမျက်နှာ

ဗဟုသုတ

ဘုရားသမိုင်း

တရားဒါန

ပညာရေး

ကျန်းမာရေး

နည်းပညာ

ကဗျာများ

စီးပွား/စီမံ

ဘလော့ပိုစ်များ

ဟင်းချက်နည်း

ထူးခြားဆန်းပြား

mp3 သီချင်းများ

ဟာသလွင်ပြင်


စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန

Monday, 14 July 2014

တက္ကသိုလ် ကျောင်းသားများအား အရက်မူးပြီး အကြောင်းမဲ့ ရိုက်နှက်သူ လေးဦးကို ရဲတပ်ဖွဲ့က စုံစမ်းနေ

တောင်ငူ ဇူလိုင် ၁၃

တောင်ငူမြို့နယ် ကံလှကျေးရွာနေ မောင်ကောင်းမြတ်ဝေယံ (၂၁နှစ်)သည် ဇူလိုင် ၁၀ ရက် ညနေ ၃ နာရီ မိနစ် ၂၀ ခန့်က ညီမဖြစ်သူ မသက်သက်ခိုင် (၁၅နှစ်) တက္ကသိုလ်ဝင်တန်း ကျောင်းသူကို ကျူရှင်သို့ လိုက်ပို့ရန် နေအိမ်မှ ဆိုင်ကယ်ဖြင့် တောင်ငူ- ညောင်ကိုင်း ကားလမ်းအတိုင်း မောင်းနှင်လာစဉ် ကံလှကျေးရွာ အနီးတွင် ရှေ့မျက်နှာချင်းဆိုင်ဘက်မှ ဆိုင်ကယ်နှစ်စီးဖြင့် အမည်မသိ လူငယ်လေးဦးသည် အရက်များ မူးနေပြီး အရှည် သုံးပေခန့်ရှိ ဝါးရင်းတုတ် နှစ်ချောင်း ကိုင်ဆောင်ကာ မောင်းနှင်လာသည်ကို တွေ့ရပြီးနောက် အနားကို ရောက်စဉ် လူငယ်တစ်ဦးက ဝါးရင်းတုတ်နှင့် ရိုက်ခဲ့သဖြင့် ဆိုင်ကယ်နောက်တွင် စီးနင်း လိုက်ပါလာသည့် မသက်သက်ခိုင်၏ ခါးကို ရိုက်မိပြီး နာကျင်ဒဏ်ရာ ရရှိခဲ့သည်။

ဆိုင်ကယ် မောင်းနှင် ထွက်ပြေး သွားသည့် လူငယ်လေးဦးသည် ပတ္တားကျေးရွာ ဇရပ်အနီး ရောက်ရှိစဉ် ရှေ့မှ လမ်းလျှောက်ပြီး သွားနေသည့် ဇော်ထက် (၂၀နှစ်) တောင်ငူတက္ကသိုလ် လဲဘူးကျေးရွာနေသူ၊ ဖြိုးဝေ (၂၁နှစ်) တောင်ငူတက္ကသိုလ် ကျောင်းစု ကျေးရွာနေသူနှင့် ကျောင်းသူတစ်ဦး အပါအဝင် သုံးဦးကို နောက်မှနေ၍ တုတ်နှင့်ရိုက်ခဲ့သဖြင့် ဇော်ထက်နှင့် ဖြိုးဝေတို့တွင် ဒဏ်ရာများ ရရှိခဲ့သည်။

တုတ်ဖြင့် အကြောင်းမဲ့ရိုက်နှက်သူ လူငယ်လေးဦးမှာ တောင်ငူ တက္ကသိုလ်ရှေ့မှ တောင်ငူ အမြန်လမ်းမကြီးလမ်း အတိုင်း တောင်ငူဘက်ကို မောင်းနှင် ထွက်ပြေးသွားကြောင်း သိရ၍ တောင်ငူ အမှတ်(၂) နယ်မြေရဲစခန်းက ဆက်လက် စုံစမ်းလျက် ရှိကြောင်း သိရသည်။

MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar

0 comments:

Post a Comment

.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙အကြောင်းအမျိုးကြောင့်ဆက်သွယ်လိုလျှင်.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙

foxyform