စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန်* အများအကျိုးပြုခြင်းဖြင့်ပျော်ရွှင်မှုရပါစေ...။ (မည်သူမဆို မျှဝေယူနိုင်ပါသည်- ရွှေအိမ်စည်)

ပင်မစာမျက်နှာ

ဗဟုသုတ

ဘုရားသမိုင်း

တရားဒါန

ပညာရေး

ကျန်းမာရေး

နည်းပညာ

ကဗျာများ

စီးပွား/စီမံ

ဘလော့ပိုစ်များ

ဟင်းချက်နည်း

ထူးခြားဆန်းပြား

mp3 သီချင်းများ

ဟာသလွင်ပြင်


စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန

Friday, 18 July 2014

အသတ်ခံရသည့် မြန်မာအလုပ်သမား အလောင်း သဂြိုဟ်ခွင့်ရပြီ

၂၀၁၄ ခု ဇူလိုင်လ ၁၆

 မြန်မာအချင်းချင်း လုယက်သတ်ဖြတ် ခံထားရသည့် အလောင်းတစ်ခုအား  မြန်မာ အလုပ်သမား သံအရာ ရှိနှင့် MAT အဖွဲ့တို့ ပူးပေါင်း ဆောင်ရွက် ပေးမှုဖြင့် ယနေ့ညနေက မိသားစုများ ကောင်းမွန်စွာ သဂြိုဟ်ခွင့် ရရှိ သွားပြီဖြစ်ကြောင်း သိရသည်။

 သေဆုံးသူ မောင်ခိုင်မင်း အသက် ၂၆ နှစ်သည် တနင်္သာရီတိုင်း လောင်းလုံမြို့နယ်၊ ဂငယ် ရပ်ကွက် မှ ဦးစိုးမြင့်+ဒေါ်ကြည်ကြည်ဌေး တို့၏ သားငယ်ဖြစ်သည်။ ဇွန်လကုန်အပတ်က နေအိမ်မှ ရွှေသုံးကျပ်သား ပျောက်ဆုံးခဲ့ပြီး ထိုင်းနိုင်ငံ၊ နကပထုန်နယ်မြေ၊ အုန်းယိုင်၊ မော်စီလမ်း အနီးတွင် ခင်ပွန်းဖြစ်သူ သတ်ဖြတ်ခံ ခဲ့ရခြင်း ဖြစ်ကြောင်း ဇနီးဖြစ်သူ မအေးအေးအောင်က  ပြောသည်။

 “ဇွန်လ ၂၂ ရက်နေ့ညနေ ၈နာရီခန့်က သော်သော် ဆိုသူက ကျမယောက်ျားက သော့ယူခိုင်းတယ်ဆိုပြီး လာတောင်းလို့ ပေးလိုက်တယ်။ အဲဒီကတည်းက ကျမယောက်ျားကို ဆက်သွယ်မရတော့ဘူး။၂၆ရက်နေ့မှာ ရွှေသုံးကျပ်  သားပါ ထပ်ပျောက်သွားတယ်။ ဇူလိုင် ၁ရက်နေ့မှာ သော်သော်က အချွန်ဆိုသူကို ရွှေတစ်ကျပ်ခွဲသား ရောင်းခိုင်း တယ်။ အဲဒါကို ကျမတို့ သံသယဖြစ်တဲ့အတွက် ခေါ်မေးတော့ ညနေပိုင်းမှာအမိုင်း သော်သော်နဲ့ အစိုင်း ဆိုသူတို့က အချွန် ကို ဓါးနဲ့ထိုး၊ မီးပူနဲ့ဟပ်ကြတယ်။ ခု သူတို့ကို ရဲစခန်းမှာဖမ်းထားပါပြီ။ အမှုအခြေအနေတော့   ဘယ်လိုဖြစ် လာမယ် မသိရသေးဘူး” ဟုပြောသည်။

 လူသတ်တရားခံများနှင့် ပါသက်သူဟု ယူဆရသူတစ်ဦး ရွှေရောင်းရာမှ  ခြေရာခံဖမ်းမိကြောင်း အလောင်း  မှာ နှစ်ပတ်နီးပါးမှ တွေ့ရှိခဲ့ရသဖြင့် ရုပ်ပျက်ဆင်းပျက် ဖြစ်နေပြီ ဖြစ်ကြောင်း၊ အလောင်းအနားမှ  သေဆုံးသူ၏   ဖိနပ်၊ လက်ပတ် စသည်များအား ရဲစခန်းတွင် တင်ပြခဲ့ကြကြောင်း။ MAT အဖွဲ့က ပြောသည်။

  ဘန်ကောက်မြို့အခြေစိုက် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ MAT ဒါရိုက်တာ ဦးကျော်သောင်းက “သေမှု သေခင်းကိစ္စ၊ နိုင်ငံသားကိစ္စ လူသတ်မှုကိစ္စတွေက အမှုကြီးဆိုတော့ သံရုံး လုပ်ကိုင်ခွင့်ဖြစ်သွားပြီး။ ဒါကြောင့် သံအမတ်ကြီး ဦးဝင်းမောင် ကို အကူညီတောင်းတယ်။ အလုပ်သမားသံအရာရှိ ဦးသိန်းနိုင် နဲ့ ကျနော်တို့နဲ့ နကပထုန်နယ်မြေ ရဲစခန်းကို သွားပြီး အလောင်းရအောင် ကူညီပေးလိုက်ကြတာပါ။ အချိန်ကြာနေတာကတစ်ပိုင်း၊ လူသတ်မှုလည်း ဖြစ်နေပြန်၊ အလောင်းကလည်း ပျက်စီးနေပြီဆိုတော့  အလောင်းပြန်ရဖို့ တော်တော် ပြောယူရပါ တယ်။ ကျနော်တို့သာမန်အလုပ်သမား အဖွဲ့ ပြောလို့ မရနိုင်ဘူး။ မြန်မာသံရုံးလိုက်လံ ကူညီပေးတာကို ကျေးဇူးတင် ပါတယ်” ဟုပြောသည်။ 
        
  ထိုင်းနိုင်ငံ နေရာအချို့တို့တွင် မြန်မာအချင်းချင်း သတ်ဖြတ်ခြင်း၊ လုယက်ခြင်း၊ လိမ်လည်ခြင်းနှင့် အဓမ္မပြု ကျင့်ခြင်းများ မကြာမကြာဖြစ်ပေါ်လေ့ရှိသော်လည်း အမှုမှန်ပေါ်ပေါက်ခြင်း အထူးနည်းပါသည်။ ထို့သို့ဖြစ်ခြင်းမှာ ကာယကာရှင်မိသားစုတို့တွင် ခိုင်မာသည့်အချက်အလက်များ အားနည်းခြင်း၊ အမှုအခင်းများပေါ်ပေါက်သည်ကို   မြန်မာအစိုးရပိုင်းက ကိုင်တွယ်ဖြေရှင်းပေးရန်  လူအင်အား အခက်အခဲရှိခြင်းတို့ကြောင့် ထိုင်းနိုင်ငံအတွင်း မြန်မာ အလုပ်သမားများအကြားတွင် အဆိုပါ လူမှုပြဿနာများမှာ ပြောမဆုံးနိုင်လောက်အောင် နေ့စဉ် ဖြစ်ပေါ်လျှက်ရှိ ကြောင်း အလုပ်သမားအရေး ဆောင်ရွက်သည့် အဖွဲ့အစည်းများက ညည်းညူ ပြောဆိုကြသည်။ 

 မင်းဘခက်                         
 Golden Worker
http://www.goldenworkers.asia/2014/07/blog-post_16.html

0 comments:

Post a Comment

.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙အကြောင်းအမျိုးကြောင့်ဆက်သွယ်လိုလျှင်.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙

foxyform