စစ်ကိုင်းတိုင်း ဒေသကြီး၊ ခန္တီးခရိုင်၊ ဟုမ္မလင်းမြို့နယ်၊ ပိုင်လောင်ဖောင် အုပ်စု၊ ဝေတောင်စိမ်း ရွှေမှော်ရှိ ရွှေ တောင်ကြား ရွှေသတ္ထု တူးဖော်ရေး ကုမ္မဏီ လုပ်ကွက် အမှတ် SHMN – 378 တွင် ဇူလိုင် ၁၅ ရက်နေ့ ညနေ ၃ နာရီအချိန်က ရွှေတူးဖော်ရေး လုပ်ငန်းများ လုပ်ကိုင်နေစဉ် ရုတ်တရက် မြေကမ်းပါးရံ ပြိုကျခဲ့ရာ ရွှေလုပ် သား တစ်ဦး သေဆုံးပြီး ကျန်ရွှေလုပ်သား သုံးဦးမှာ အသက်ဘေးမှ လက်မတင်လေး လွတ်မြောက် သွား ခဲ့ ကြောင်း သိရသည်။
အဆိုပါ ရုတ်တရက် မြေပြိုကျ၍ လူသေဆုံးခဲ့ရသည့် သဘာဝဘေး အန္တရာယ်ဖြစ်ပွား ခဲ့ရာ အရပ်သို့ မိုင်းကိုင်း နယ်မြေ ရဲစခန်းမှူး ရဲအုပ် ဇော်ဝင်းနှင့်အဖွဲ့က အချိန်မီ လာရောက်စစ်ဆေးခဲ့သည်။ ထိုသူတို့၏ စစ်ဆေးပေါ် ပေါက်ချက်များအရ ရွှေတူးဖော်ရေးလုပ်ငန်းခွင်၌ ရုတ်တရက်မြေပြိုကျခဲ့မှုကြောင့် မြေပိ၍သေဆုံးသွားခဲ့သူ မှာ ရွှေဘိုခရိုင်၊ တန့်ဆည်မြိဲု့နယ်၊ ဖုံးရိုးကျေးရွာဇာတိဖြစ်သူ ရွှေလုပ်သား ကိုမြင့်နိုင် အသက်(၃၄)နှစ်ဆိုသူ ဖြစ်ကြောင်း သိရသည်။
ထိုနေ့က ရွှေလုပ်သားများဖြစ်ကြသည့် မောင်ဖုးံ၊ မောင်အေး၊ မောင်ဆန်းလင်း ဆိုသူတို့နှင့် သေဆုံးသူ ကိုမြင့်နိုင်တို့မှာ ရွှေတူးဖော်ရေးလုပ်ကွက်တွင် အတူတကွ ရွှေတူးဖော်နေခဲ့သည်။ ထိုသို့ ရွှေတူးဖော်နေစဉ် ရွှေတူးဖော်ရေး လုပ်ငန်းသုံး ချိန်းကြားအပေါ်ရှိ အမှိုက်များအား စက်ကြီးမောင်း တာဝန်လုပ်ကိုင်နေသူ ကိုမြင့်နိုင်မှ ဖယ်ရှားနေခိုက် အနီးရှိ မြေကမ်းပါးရံမှ ရုတ်တရက်ပြိုကျကာ မြေပိ၍သေဆုံးခဲ့ခြင်းဖြစ်သည်။ ကျန်ရွှေလုပ်သားသုံးဦးမှာ လက်မတင်အချိန်လေးအတွင်း အသက်ဘေးမှ လွတ်မြောက်သွားခဲ့သည်။
ထို့ကြောင့် ရုတ်တရက်မြေပြိုကျ၍ လူသေဆုံးမှုဖြစ်ပွားခဲ့ရခြင်းအပေါ် မိုင်းကိုင်းနယ်မြေရဲစခန်းက မှုခင်း ဆေးပညာများအရ ဆက်လက်၍ စစ်ဆေးဆောင်ရွက်နိုင်ရန် သေမှုသေခင်းအမှတ်စဉ် ၂၉/၂၀၁၄ အရ အမှု ဖွင့်ဆောင်ရွက်လျက်ရှိကြောင်း ခန္တီးခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ သိရှိရသည်။
အဆိုပါ ဟုမ္မလင်းဒေသသည် ရွှေတူးဖော်ရေးလုပ်ငန်းများ အများအပြားတည်ရှိပြီး နှစ်စဉ် ရွှေတူးဖော်ရေး လုပ်ငန်းအတွင်း ရုတ်တရက်မြပြိုကျခဲ့မှုကြောင့် မြေပိ၍သေဆုံးသူ ရွှေလုပ်သားဦးရေမှာ ရာဂဏန်းနီးပါးရှိ နေခဲ့သော်လည်း လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေး ကြိုတင်ဆောင်ရွက်ထားမှု အခြေအနေမှာ အလွန် နည်းလွန်းသေးကြောင်း မြို့နယ်ထွေအုပ်ရုံးဝန်ထမ်းတစ်ဦးမှ သုံးသပ်ပြောဆိုခဲ့သည်။
သတင်း၊ ကိုတိုးကြီး
https://www.facebook.com/KoToeChinDween
![]() |
| ကချင်ပြည်နယ်မှ ရွှေတူးဖော်ရေး လုပ်ငန်းခွင် တခုအားတွေ့ ရစဉ် |




0 comments:
Post a Comment