၂ဝ၁၃ ဇန်နဝါရီလမှ ဇွန်လ ကုန်အထိ ယာဉ်တိုက်မှုပေါင်း ၆၉၂၈ မှု၊ သေဆုံးသူ ၁၉၃၁ ဦး၊ ဒဏ်ရာရရှိသူ ၁၂၃၅၄ ဦးရှိခဲ့ပြီး ၂ဝ၁၄ ဇန်နဝါရီလမှ ဇွန်လကုန် အထိ ယာဉ်တိုက်မှုပေါင်း ၇၆၉၈ မှု၊ သေဆုံးသူ ၂၃ဝ၇ ဦး၊ ဒဏ်ရာရရှိသူ ၁၃၄၇၈ ဦးရှိခဲ့ကြောင်း ယာဉ်ထိန်း တပ်ဖွဲ့မှူးရုံးမှ သိရသည်။
ထိုနှစ် နှစ်ခု၏ ပထမခြောက်လ အတွင်း ဖြစ်ပွားမှုများကို နှိုင်းယှဉ် ကြည့်ပါက ယာဉ်တိုက်မှုပေါင်း ၇၇ဝ ပိုများခဲ့ပြီး ဒဏ်ရာရရှိသူ ၁၁၂၄ ဦး တိုးလာပြီး သေဆုံးသူ ၃၇၆ ဦး ပိုမို များပြားလာသည်ကို လေ့လာတွေ့ရှိ ရသည်။ ယာဉ်ထိန်းတပ်ဖွဲ့၏ အဆို အရ ယာဉ်တိုက်မှုထက်ဝက်ကျော်မှာ မော်တော်ဆိုင်ကယ်တိုက်မှုများ ဖြစ်သည်ဟု ယာဉ်ထိန်းရဲတပ်ဖွဲ့မှ သိရသည်။
ယာဉ်တိုက်မှုဖြစ်စဉ်များကြောင့် ၂ဝ၁၄ ဇန်နဝါရီလတွင်ငွေကျပ်သန်း ပေါင်း ၂ဝဝ ကျော်၊ ဖေဖော်ဝါရီလ တွင် ငွေကျပ်သန်းပေါင်း ၁၄ဝ ကျော်၊ မတ်လတွင် ကျပ်သန်းပေါင်း ၁၈ဝ ကျော်၊ ဧပြီလတွင် ငွေကျပ်သန်းပေါင်း ၂၂ဝ ကျော်၊ မေလတွင် ငွေကျပ်သန်း ပေါင်း ၃၉ဝ ကျော်၊ ဇွန်လတွင်ငွေကျပ် သန်းပေါင်း ၄ဝဝ ကျော်၊ ခြောက်လ အတွင်း စုစုပေါင်း ငွေကျပ်သန်းပေါင်း ၁၅၃ဝ ကျော် ဆုံးရှုံးခဲ့ကြောင်းသတင်းထုတ်ပြန်မှုအရ သိရသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း ၌ မူလစဉ်ယာဉ်တိုက်မှုပေါင်း ၂ဝဝ ဝန်းကျင်ခန့် ဖြစ်ပွားလျက်ရှိပြီး ယာဉ်တိုက်ပြီး ထွက်ပြေးသည့် ယာဉ်မောင်းများစွာ ရှိနေကြောင်း ၄င်းတို့က ဆိုသည်။
နံနက်၊ နေ့ခင်း၊ ညနေ ယာဉ်တိုက်မှုဖြစ်၍ ယာဉ်ကိုထားပြီး ထွက်ပြေးသူများကို ယာဉ်နံပါတ် အခြေခံ၍ အမြန်ဆုံး ဖမ်းနိုင်ခြင်း ရှိသော်လည်း ညဥ့်အချိန် လူပြတ်သည့်နေရာတို့၌ တိုက်ပြေးပါက ယာဉ်မောင်းသူအား ဖမ်းဆီးရန်အခက်အခဲများရှိနေကြောင်း၊ အချို့ လနှင့်ချီ ဖမ်းမိနိုင်ခြင်း မရှိသေးသကဲ့သို့ အချို့နှစ်နှင့်ချီ ကြာမြင့်မှုများ ရှိနေကြောင်း၊ သို့အတွက် ပြည်သူများအနေဖြင့် ယာဉ်တိုက်မှု ဖြစ်စဉ်များအပေါ် ဝိုင်းဝန်းအကူအညီပေးရန် အထူးလိုအပ်ကြောင်းအမှတ်(၂) ယာဉ်ထိန်း ရဲတပ်ဖွဲ့ခွဲမှူးဒုတိယရဲမှူးကြီး လင်းထွဋ်က ဟြေသည်။
ညဥ့်နက်ပိုင်းယာဉ်တိုက်မှု များတွင် ကားကောင်း ကားသန့်လေးများဖြင့် လူငယ်လေးများ အများဆုံး ဖြစ်ပွားလေ့ရှိနေသည်။ ''ကလပ်က ပြန်ကြတယ်။ ဘီယာဆိုင်က ပြန်ကြတယ်။ လမ်းက ကောင်းကောင်း၊ ကားကကောင်းကောင်း၊ လူရှင်း ကားရှင်း အရက်သောက်မောင်းကြ တဲ့အတွက် အဖြစ်များကြတယ်'' ဟု အောက်ကြည့်မြင်တိုင် လမ်းမကြီးပေါ်တွင် နေထိုင်သူတစ်ဦးက ဟြေသည်။
ကိုကြီးတင်
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS




0 comments:
Post a Comment