စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန်* အများအကျိုးပြုခြင်းဖြင့်ပျော်ရွှင်မှုရပါစေ...။ (မည်သူမဆို မျှဝေယူနိုင်ပါသည်- ရွှေအိမ်စည်)

ပင်မစာမျက်နှာ

ဗဟုသုတ

ဘုရားသမိုင်း

တရားဒါန

ပညာရေး

ကျန်းမာရေး

နည်းပညာ

ကဗျာများ

စီးပွား/စီမံ

ဘလော့ပိုစ်များ

ဟင်းချက်နည်း

ထူးခြားဆန်းပြား

mp3 သီချင်းများ

ဟာသလွင်ပြင်


စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန

Thursday, 17 July 2014

မြိတ်မြို့တွင် မိုးသည်း ထန်စွာ ရွာသွန်း၍ မြေနိမ့်ပိုင်း ရပ်ကွက်များနှင့် အဓိက လမ်းများပေါ်သို့ ဒီရေလျှံတက်

မြိတ် ဇူလိုင် ၁၆

တနင်္သာရီ ကမ်းရိုးတန်း တစ်လျှောက် တွင် ယခုရက်ပိုင်း အတွင်း ဘင်္ဂလား ပင်လယ်အော် အနောက် မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအား နည်းရပ်ဝန်းသည် ဆက်လက်တည်ရှိ နေသည့်အတွက် ကပ္ပလီပင်လယ်ပြင် နှင့် ဘင်္ဂလား ပင်လယ်အော်တို့တွင် မုတ်သုံလေ အားကောင်းရာမှ အား အလွန် ကောင်း နေခြင်းကြောင့် မြိတ် မြို့နယ်အတွင်း မိုးသည်းထန်စွာ ရွာသွန်း၍ မြေနိမ့်ပိုင်း လူနေရပ်ကွက် များနှင့် အဓိကလမ်းများပေါ်သို့ ဒီရေလျှံတက်မှု ယခင်နှစ်ကထက် ပိုမို လျှံတက်မှုများပြား လာကြောင်း သိရ သည်။

မြိတ်မြို့အတွင်းရှိ မြေနိမ့်ပိုင်းများ ဖြစ်သော ကမ်းနားလမ်း၊ ရွှေပြည်တန်လမ်း၊ အောင်ဆန်းလမ်းမကြီး၊ မြို့သစ်လမ်းမကြီးတစ်လျှောက်၊ ထားဝယ်ကမ်းနားလမ်းမကြီး၊ ဦးမြတ်လေး လမ်းမကြီးနှင့် လမ်းသွယ်များတွင် ဒီရေလျှံတက်ခြင်းများ ဖြစ်ပေါ်နေ ကြောင်း သိရသည်။ ''လွန်ခဲ့တဲ့နှစ်တွေ က ဒီရေတက်တာ ပုံမှန်ဖြစ်ပေမယ့် ဒီနှစ်မှာ ဒီရေလျှံတက်မှု ပိုကြီးလာ ပါတယ်။ တချို့လမ်းတွေမှာ ရေမြောင်းတွေဖောက်ပြီး တံတားတွေ ဆောက်ထားတာကြောင့် ရေစီးကြောင်း တွေပိတ်၍ မိုးရွာသွန်မှုများပြားတဲ့ အခါ မိုးရေတွေ ဝပ်ကျန်နေတာနဲ့ ယခု ဝါဆိုလဆုတ်ရက်တွေမှာ ဒီရေကတက်လာတော့ ရေပိုကြီးသွား ပါတယ်။ ရေမြောင်းတွေ၊ ချောင်းတွေ တိမ်ကောပိတ်ဆို့တာတွေကို ကြိုတင် လုပ်ထားနိုင်ရင် ဒီလောက်ဖြစ်မှာ မဟုတ်ပါဘူး''ဟု ဆိပ်ငယ်ရပ်ကွက် တွင်နေထိုင်သူတစ်ဦးက ပြောပြ သည်။

အဆိုပါရပ်ကွက်များရှိ လမ်းမကြီး များ၌ ဒီရေတက်ချိန်များတွင် ရေကြီးရေလျှံမှုကြောင့် ကျောင်းသား ကျောင်းသူများ၊ ရုံးဝန်ထမ်းများ၊ ကုမ္ပဏီဝန်ထမ်းများ၊ ရပ်ကွက်နေ ပြည်သူများ သွားလာမှုအခက်အခဲ များနှင့် ကြုံတွေ့ရပြီး ဆိုင်ကယ်များ လိုင်းကားများ၊ အိမ်စီးကားများ ရေမြုပ်ပြီး ကားပျက်ခြင်း၊ ဆိုင်ကယ် အိတ်ဇောအတွင်းရေဝင်ပြီး စက်ထိုးရပ် ၍ သွားလာရေးခက်ခဲမှုများ၊ အဆိုပါ ရပ်ကွက်များအတွင်းရှိ နေအိမ်များ၊ ဆိုင်ခန်းများတွင် ဒီရေများဝင်၍ အခက်အခဲများနှင့် ကြုံတွေ့နေရ ကြောင်း သိရသည်။ အဆိုပါ ဒီရေတက်ချိန်မှာ တစ်နေ့နှစ်ကြိမ် တက်ပြီး နံနက် ၁၁ နာရီတွင် တစ်ကြိမ် နှင့် ည ၁၁ နာရီတွင် တစ်ကြိမ်တက် ကြောင်း သိရသည်။

မြင့်ဦး(မြိတ်)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS

0 comments:

Post a Comment

.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙အကြောင်းအမျိုးကြောင့်ဆက်သွယ်လိုလျှင်.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙

foxyform