ဒီကနေ့ နေ့လယ်ပိုင်း မြန်မာ ဂျာနယ်လစ် ကွန်ရက် ရုံးခန်းမှာ ပြုလုပ်တဲ့ တကသ အဖွဲ့ရဲ့ သတင်းစာ ရှင်းလင်း ပွဲမှာ ပြောကြား လိုက်တာပါ။
ဇူလိုင် ၁၉ ရက်နေ့၊ အာဇာနည်နေ့ နံနက် ၁၀ နာရီ ၃၇ မိနစ်မှာ ဥသြဆွဲ ဂုဏ်ပြုမှာ ဖြစ်ပြီး ပြည်သူလူထု ပူပေါင်း ပါဝင်ဖို့လည်း ဖိတ်ခေါ်ထားပါတယ်။ ဥသြဆွဲဂုဏ်ပြုမယ့်နေရာတွေကတော့ ရန်ကုန်မြို့က ရပ်ကွက် တွေနဲ့ မုံရွာ၊ မိတ္ထီလာ၊ ထားဝယ်၊ လားရိုး၊ ကလေး၊ မြိတ်၊ ဧရာဝတီတိုင်းထဲကမြို့ကြီးတွေ၊ အထက်မြန်မာ ပြည်က မြို့ကြီးတွေဖြစ်တယ်လို့ တက္ကသိုလ်ကျောင်းသားသမဂ္ဂ (တကသ) များက ပြောပါတယ်။
ရန်ကုန်မြို့မှာတော့ အာဇာနည်နေ့မှာ ကားတွေ ဟွန်းတီးဂုဏ်ပြုတာ မလုပ်ရဘူးလို့ သက်ဆိုင်ရာက ကြေညာထားပေမယ့် ဧရာဝတီတိုင်းဒေသကြီးမှာတော့ တတိုင်းလုံးမှာ ဥသြစွဲဂုဏ်ပြုသွားမယ်လို့ တိုင်းဒေသကြီးအစိုးရအဖွဲ့က ဒီဗွီဘီကို ပြောပါတယ်။
By ဒီဗွီဘီ
http://burmese.dvb.no/archives/60473
![]() |
| ဇူလိုင် ၁၅ ရက်နေ့က အာဇာနည်နေ့တွင် တနိုင်ငံလုံး ဥသြဆွဲပေးရန် တကသ မှ သမ္မတထံ တောင်းဆိုသည့် စာ |




0 comments:
Post a Comment