စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန်* အများအကျိုးပြုခြင်းဖြင့်ပျော်ရွှင်မှုရပါစေ...။ (မည်သူမဆို မျှဝေယူနိုင်ပါသည်- ရွှေအိမ်စည်)

ပင်မစာမျက်နှာ

ဗဟုသုတ

ဘုရားသမိုင်း

တရားဒါန

ပညာရေး

ကျန်းမာရေး

နည်းပညာ

ကဗျာများ

စီးပွား/စီမံ

ဘလော့ပိုစ်များ

ဟင်းချက်နည်း

ထူးခြားဆန်းပြား

mp3 သီချင်းများ

ဟာသလွင်ပြင်


စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန

Thursday, 10 July 2014

ခြေထောက်နှစ်ဘက်အား ကြိုးချီ၍ ကျောက်ခဲ ဆွဲကာ ရေထဲ၌ ပစ်ချ ထားသော လူသေ အလောင်းတွေ့

အရာတော်၊ ဇူလိုင် ၇

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ အရာတော်မြို့နယ်၊ ၀ါးတန်းကျေးရွာအုပ်စု၊ တောင်ရိုးကျေးရွာ၊ ပကား ကြီးတောတိုက်တွင် ခြေထောက်နှစ်ဘက်အား ကြိုးချီ၍ ကျောက်ခဲဆွဲကာ ရေထဲ၌ပစ်ချထားသော အမျိုး သားတစ်ယောက်၏ အလောင်းတစ်လောင်းအား တွေ့ရှိရသဖြင့် အရာတော်မြို့မရဲစခန်းက ဇူလိုင် ၄ ရက် နေ့ည ၉ နာရီ ၅၅ မိနစ်အချိန်တွင် အမှုဖွင့်အရေးယူခဲ့ရသည်ဟု မုံရွာခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ချင်းစိန်မှ ပြောပြသည်။

သေဆုံးနေသူမှာ အသက်(၃၃)နှစ်အရွယ် အမျိုးသားတစ်ဦးဖြစ်ပြီး ထိုသူ၏ လည်ပင်တွင် ပြတ်ရှဒဏ်ရာ( ၁)ချက်၊ ၀မ်းဗိုက်ဘယ်ဘက်အခြမ်းနေရာတွင် ထိုးသွင်းဒဏ်ရာ(၁)ချက်နှင့် ယာလက်ဝဲစောင်းနေရာတွင် ပြတ်ရှဒဏ်ရာ(၁)ချက်တို့ရရှိကာ သေဆုံးခဲ့ခြင်းဖြစ်သည်။ ထို့နောက် သေဆုံးသူ၏ ခြေထောက်နှစ်ဘက် အား ထန်းတက်ရာတွင် အသုံးပြုသည့် မြေအိုးကြိုးဖြင့် ချီနှောင်ကာ (၇)ပိသာခန့်ရှိ ကျောက်ခဲဆွဲ၍ ရေထဲ သို့ စွန့်ပစ်ထားခဲ့ခြင်းဖြစ်သည်။

လွန်ခဲ့သော (၂)ရက်က အဆိုပါ တောင်ရိုးကျေးရွာနေ မနှင်းနှင်းခိုင်ဆိုသူသည် သူမ၏ ခင်ပွန်းဖြစ်သူ ကိုကျော်မိုးခိုင် ဆိုသူမှာ နေအိမ်သို့ပြန်လည်၍ ရောက်ရှိမလာသည့်အတွက် ကျေးရွာလူကြီး ဦးလှငွေ၊ ဦး ဥာဏ်ဆွေ ဆိုသူတို့ထံ သွားရောက်အကြောင်းကြားခဲ့သေးသည်။

ထို့ကြောင့် ရွာလူကြီးများနှင့် ဒေသခံရွာသူ/ ရွာသားများက တောအတွင်းလိုက်လံရှာဖွေခဲ့ရာ ဇူလိုင်လ ၄ ရက်နေ့ မနက် ၉ နာရီခွဲအချိန်တွင် ရွာ၏အနောက်ဘက်(၁)မိုင်ခန့်ဝေးသော သိန်းထူးချောင်းအတွင်း၌ ယင်းကဲသို့ သေဆုံးနေသည်ကို ပြန်လည်တွေ့ရှိခဲ့ရခြင်းဖြစ်သည်။

အဆိုပါ လူသေဆုံးမှုနှင့်ပတ်သက်၍ သေဆုံး၏ ယောက္ခမတော်စပ်သူ ဦးစိန်က အမှုမှန်ပေါ်ပေါက်စေရေး အတွက် အရာတော်မြို့မရဲစခန်း၌ တရားလိုပြုလုပ်တိုင်တန်းခဲ့ရာ ရဲစခန်းက အမှုကြီးအမှတ်စဉ် ၄/ ၂၀၁၄ (ပ)၁၃၅/၂၀၁၄ ပြစ်မှုပုဒ်မ ၃၀၂ အရ အမှုဖွင့်ဆောင်ရွက်လျက်ရှိကြောင်း မုံရွာခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ သိရှိရ သည်။

သတင်း၊ ကိုတိုးကြီး

https://www.facebook.com/KoToeChinDween

0 comments:

Post a Comment

.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙အကြောင်းအမျိုးကြောင့်ဆက်သွယ်လိုလျှင်.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙

foxyform