စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန်* အများအကျိုးပြုခြင်းဖြင့်ပျော်ရွှင်မှုရပါစေ...။ (မည်သူမဆို မျှဝေယူနိုင်ပါသည်- ရွှေအိမ်စည်)

ပင်မစာမျက်နှာ

ဗဟုသုတ

ဘုရားသမိုင်း

တရားဒါန

ပညာရေး

ကျန်းမာရေး

နည်းပညာ

ကဗျာများ

စီးပွား/စီမံ

ဘလော့ပိုစ်များ

ဟင်းချက်နည်း

ထူးခြားဆန်းပြား

mp3 သီချင်းများ

ဟာသလွင်ပြင်


စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန

Thursday, 10 July 2014

ဂျလန်ပူဒူး နိုက်ကလပ်တွင် မြန်မာအပါအ၀င် ဖျော်ဖြေသူ ၃၉ ဦးအား နယ်မြေခံ မှုခင်း ရဲတပ်ဖွဲ့က ၀င်ရောက်ဖမ်းဆီး

 ကွာလာလမ်ပူမြို့အနီး ဂျလန် ပူဒူးရှိ နိုက်ကလပ်တွင် ဖျော်ဖြေ တင်ဆက်နေတဲ့ မကောင်းမှု ဒုစရိုက် ဆက်နွယ်မှုရှိနေတဲ့ နိုင်ငံခြား အမျိုးသမီးတွေကို ဒါဝမ်ကီ နယ်မြေခံ အထူးရဲတပ်ဖွဲ့မှ ဇူလိုင် ၂ ရက်နေ့ ညက ၀င်ရောက် ဖမ်းဆီးခဲ့သည်ဟု NTV7 သတင်းဌာနမှ ထုတ်လွင့်ပြသ သွားခဲ့သည်။

ဝင်ရောက် ဖမ်းဆီးအချိန်တွင် တချို့အမျိုးသမီးတွေ ကဖီးဆိုင်တွင်းမှာ သူတို့ရဲ့ဖောက်သည် အလာကို စောင့်ဆိုင်းနေကြတာတွေ တွေ့ရှိရပြီ ထိုထိုင်စောင့်နေတဲ့ အမျိုးသမီးတွေထဲက တချို့ ပြည့်တန်ဆာ လုပ်ငန်းနဲ့ ဆက်စပ်မှုရှိနေကြောင်း ဖမ်းဆီးမှုတွင် ဦးဆောင်ခဲ့တဲ့ ရဲအရာရှိ ACP Zainuddin Ahmadက ပြောဆိုသွားခဲ့သည်။

အဖမ်းခံရသူတွေ မြန်မာ၊ ဗီယက်နမ်၊ ပြည်ကြီးတရုတ်၊ နိုက်ကလပ်တွင် ဖျော်ဖြေတင်ဆက်သူ ၃၉ ဦးကို ဒါဝမ်ကီ နယ်မြေခံ ရဲစခန်း ဖမ်းဆီး ခေါ်ဆောင်လာခဲ့ပြီ သူတို့တွေကို စုံစမ်းစစ်ဆေးဖို့နဲ့ တရားဝင်စာရွက် စာတမ်း အထောက်အထား ကိုင်ဆောင်ထားခြင်း ရှိ မရှိ ဆက်လက် စစ်ဆေးသွားမည်ဖြစ်သည်။

အလားတူ ဖြင့်ရပ်မျိုး မလက္ကာ Malim Jayaရှိ တရားမ၀င် နိုင်ငံခြားအမျိုးသမီး ၅၁ ဦးကို တိတ်တဆိတ် သိုလှောင်းထားတဲ့ နေအိမ်သို့ Bukit Aman အထူးရဲတပ်ဖွဲ့နှင့် အဖွဲ့အစည်းပေါင်းစုံ ပါဝင်တဲ့ လူကုန်ကူးမှု တိုက်ဖျက်ရေးဌာနတို့က ပြီခဲ့တဲ့ ဇူလိုင် ၂ ရက်နေ့ညက ၀င်ရောက်ဖမ်းဆီးခဲ့သည်ဟု ဘားနားမား သတင်းစာမျက်နှာတွင် ရေးသားဖော်ပြထားသည်။

အမျိုးသမီးတွေကိုသိုဝှက်ထားတဲ့ နေအိမ်ထဲသို့ ၀င်ရောက်ရှာဖွေရာတွင် ဗီယက်နမ်အမျိုးသမီး ၄၀ ၊ ထိုင်းအမျိုးသမီး ၅ ဦးနှင့် ပြည်ကြီးတရုတ် ၆ ဦးတို့ကို တွေ့ရှိခဲ့ပြီ အသက် ၁၆ နှစ်အရွယ်နှင့် အသက် ၃၄ ရှိသူတွေဖြစ်သည်ဟု အဖွဲ့ပေါင်းစုံပါဝင်တဲ့ ညွှန်းကြားရေးမှုး DSP Kamal Khan Mohd Shariffက သတင်းထောက်များကို ပြောဆိုသွားသည်။

ဒီတရားမ၀င် နိုင်ငံခြားအမျိုးသမီး ဖမ်းမိထားတဲ့သူတွေကို Kempas နေရာကနေ ဂျိုးဟို လ၀က ထိမ်းသိမ်းရေးစခန်းသို့ ပို့ဆောင်လိုက်ပြီး တရားဝင် စာရွက် စာတမ်းကိုင်ဆောင်ထားခြင်းမရှိတဲ့ အတွက် လ၀ကဥပဒေနဲ့အရေးယူမှာဖြစ်ပြီ ဒီတရားမ၀င်နိုင်ငံခြားအမျိုးသမီးတွေကို လက်ခံ သိုဝှက်ထားတဲ့သူတွေကိုပါ ဖမ်းမိခဲ့ပြီ ထိုအထဲတွင် နိုင်ငံသား ၂ ယောက်နှင့် ဘင်္ဂလာဒေ့ရှ်၊ အင်ဒိုနီရှား၊ ဗီယက်နမ်တို့အပါအ၀င် အမျိုးသမီးတွေကို လူကုန်ကူးမှု ၂၀၀၇ အက်ဥပဒေပုဒ်နဲ့ အရေးယူသွားမှာ ဖြစ်သည်ဟု အမှုခင်းအရာရှိက သတင်းထောက်တွေကို ထပ်မံ ရှင်းပြ ပြောဆိုသွားခဲ့သည်။

Thuriya

https://www.facebook.com/pages/Thuriya/1374489779468995



0 comments:

Post a Comment

.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙အကြောင်းအမျိုးကြောင့်ဆက်သွယ်လိုလျှင်.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙

foxyform