စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန်* အများအကျိုးပြုခြင်းဖြင့်ပျော်ရွှင်မှုရပါစေ...။ (မည်သူမဆို မျှဝေယူနိုင်ပါသည်- ရွှေအိမ်စည်)

ပင်မစာမျက်နှာ

ဗဟုသုတ

ဘုရားသမိုင်း

တရားဒါန

ပညာရေး

ကျန်းမာရေး

နည်းပညာ

ကဗျာများ

စီးပွား/စီမံ

ဘလော့ပိုစ်များ

ဟင်းချက်နည်း

ထူးခြားဆန်းပြား

mp3 သီချင်းများ

ဟာသလွင်ပြင်


စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန

Friday, 18 July 2014

အိမ်ရှေ့ရပ်ထားသော ကားများအား ဆိုင်ကယ်စီးအုပ်စုမှ အကြောင်းမဲ့ရိုက်ခွဲမှုဖြစ်ပွား

ဇူလိုင် ၁၆

 ပြည်မြို့တွင် အိမ်ရှေ့ညအိပ် ရပ်နားထားသော ကားများအား ညသန်းခေါင် အချိန်၌ ဆိုင်ကယ်စီးအုပ်စုမှ ကျောက်ခဲများ၊ တုတ်များဖြင့် အကြောင်းမဲ့ ရိုက်ခွဲသွားသည်ဟု ကားမှန်အခွဲခံရသည့် ကားပိုင်ရှင်များက ပြောသည်။

ပြည်မြို့၊ ကုန်သည်လမ်း၊ ဈေးလမ်းနှင့် ဂျပန်လမ်းများရှိ ၎င်းတို့၏ အိမ်ရှေ့တွင် ရပ်ထားသော ကားများအား ၁၆.၇.၂၀၁၄ ည ၁၂ကျော်အချိန်ခန့်တွင် ဆိုင်ကယ်စီး လူတစ်စုက အုတ်နီခဲများဖြင့် ပစ်ပေါက်သွားခြင်း ကြောင့် ကားမှန်များကွဲကြေခြင်း၊ကားဘော်ဒီပိန်ရှုံ့ခြင်းများကြုံတွေ့ခဲ့ရသည်ဟု ကားမှန်အခွဲခံရသည့် ကုန်သည်လမ်းနေ ကားပိုင်ရှင်တစ်ဦးဖြစ်သူ မိုးမေတ္တာလူမှုကူညီရေးအသင်းမှ ကိုမိုးကြီးက ပြောသည်။ ဆိုင်ကယ်များဖြင့် ရောက်လာပြီး အုတ်နီခဲများ၊ကျောက်ခဲများဖြင့် ပစ်ပေါက်သွားခြင်းဖြစ်သည်ဟု ၎င်းကဖြည့်စွက်ပြောကြားသည်။

“ညအိပ်တဲ့အခါလည်း နိုးနိုးကြားကြားအိပ်ပြီးစောင့်ကြည့်နေပါတယ်။ဘယ်သူတွေဘယ်လိုလုပ်သည်ဖြစ်စေ ဒီလိုမင်းမဲ့စရိုက်ဆန်ဆန်အကြောင်းမဲ့ရမ်းကားသူတွေကို အမြန်ဆုံးအရေးယူပေးစေချင်ပါတယ်”ဟု ကားမှန်များအခွဲခံရသည့် ကားပိုင်ရှင်တစ်ဦးက ဆက်သွယ်ပြောကြားသည်။

အဆိုပါ ဆိုင်ကယ်စီးလူရမ်းကားအုပ်စုကြောင့် ၁၆.၇.၂၀၁၄ညက ကားမှန်များဆုံးရှုံးသွားသော ကားလေးစီးရှိပြီး မှန်အခွဲခံရသော ကားများအနက် ပါဂျဲရိုး၊ဟွန်ဒါဖစ်သည့်ကားများဖြစ်ကြောင်းသိရသည်။
မန္တလေးမြို့တွင်လည်း ၂၀၁၃ခုနှစ်၊မတ်လတွင် ရမ်းကားလူငယ်များမှ ယခုကဲ့သို့ပင် မန္တလေးမြို့အချက်အခြာကျသော လမ်းမကြီးများဖြစ်သည့် ၃၅လမ်း၊၂၆ဘီလမ်း၊၇၃လမ်းတို့တွင် ညအိပ်ရပ်နားထားသည့် ကားများအား တုတ်များဖြင့် ရိုက်ခွဲခြင်း၊ ကျောက်ခဲများ၊ အုတ်နီခဲများဖြင့် ရမ်းကားဖျက်ဆီးမှုကြောင့် ကားဆယ်စီးကျော် ကားမှန်များ ကွဲခဲ့ရသေးသည်။

စိုးကြီး
The Union Daily
https://www.facebook.com/pages/The-Union-Daily/139677556201764?ref=br_tf

0 comments:

Post a Comment

.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙အကြောင်းအမျိုးကြောင့်ဆက်သွယ်လိုလျှင်.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙

foxyform