စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန်* အများအကျိုးပြုခြင်းဖြင့်ပျော်ရွှင်မှုရပါစေ...။ (မည်သူမဆို မျှဝေယူနိုင်ပါသည်- ရွှေအိမ်စည်)

ပင်မစာမျက်နှာ

ဗဟုသုတ

ဘုရားသမိုင်း

တရားဒါန

ပညာရေး

ကျန်းမာရေး

နည်းပညာ

ကဗျာများ

စီးပွား/စီမံ

ဘလော့ပိုစ်များ

ဟင်းချက်နည်း

ထူးခြားဆန်းပြား

mp3 သီချင်းများ

ဟာသလွင်ပြင်


စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန

Tuesday 29 April 2014

ရုတ်တစ်ရက် လေပြင်း တိုက်ခိုက်မိုးသီးများ ကြွေကျမှုကြောင့် နေအိမ်များပြို ကျပျက်စီး



ဟင်္သာတ ဧပြီ ၂၇

ဧရာဝတီတိုင်း ဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်တွင် ဧပြီလ ၂၇ ရက်နေ့ညနေ ၅နာရီ အချိန်ခန့်က ရုတ်တစ်ရက် လေပြင်းတိုက်ခိုက် မိုးသီးများ ကြွေကျမှုကြောင့် နေအိမ်များ ပြိုကျပျက်စီး မှုများ ဖြစ်ပွားခဲ့သည်။

အဆိုပါဖြစ်ပွားမှုမှာ ဟင်္သာတမြို့နယ် ခြင်ဘို့ကျေးရွာ အုပ်စု အတွင်းရှိ ကျွန်းဦးကျေးရွာ၊ ဒါးကကျေးရွာ၊ ကျွန်းထိပ်ကျေးရွာ၊ကြွက်ကျွန်းကျေးရွာ ၊ပေါက်တောကျေးရွာ၊ပေါက်ကုန်းကျေးရွာ၊ သဲရိုးကျေး၇ွာနှင့် ဆိပ်သာ ကျေးရွာများတွင်ဖြစ်ပွားခဲ့ခြင်းဖြစ်ရာ ပြိုကျပျက်စီးအိမ် (၃၇)လုံးနှင့် အမိုးအကာများလန်ပျက်စီးအိမ်(၇၃)အိမ်ခြေ စုစုပေါင်း ( ၁၁၀ )ရှိခဲ့ပြီး ဆိပ်သာ တိုက်နယ် ဘုန်းတော်ကြီးကျောင်းဝင်း အတွင်းရှိ တန်ဆောင်းတော်နှင့်
နတ်လမ်းများအမိုးများကွာကျကာ စေတီတော်မှာ ရွှေထီးတော် စောင်းလျှက်ရှိ သည် ကျား(၁၉၈)၊မ(၄၃၂)ပေါင်း(၁၁၀) ဦးတို့ကိုယာယီ ကယ်ဆယ်ရေး လုပ်ငန်းဆောင်ရွက်ခဲ့ရသည်။

အဆိုပါဖြစ်ပွားရာနေရာသို့ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှုး ဦးတင်အောင်ဝင်း၊ ခရိုင်မီးသတ်ဦးစီးမှုး ဦးခင်ဝင်း၊ ခရိုင်သာသနာရေးမှုး ဦးမြင့်ဇော်၊ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဌာနမှ ၀န်ထမ်းများ၊ မြို့နယ်ကျန်းမာရေး အဖွဲ့များ၊ မြို့နယ်ကြက်ခြေနီနှင့် အရံမီး သတ်တပ်ဖွဲ့ဝင်များ ၊နယ်မြေခံ ရဲတပ်ဖွဲ့နှင့် အမှတ် (၁၈)ခြေလျင် တပ်ရင်းမှ စစ်သည်များ၊ ခြင်ဘို့ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှုး ဦးကျော်သန်း နှင့်ရပ်ရွာ ဖွင့်/ထောက် အဖွဲ့ ၀င်များမှ ယာယီနေထိုင်ရေးနှင့် ပျက်စီးနေအိမ်များပြန်လည်တည်ဆောက်ရေးလုပ်ငန်းများအတွက် ကူညီဆောင်ရွက် ပေးခဲ့ကြသည်။

ရုတ်တစ်ရက် လေပြင်းတိုက်ခိုက်ပြီး မိုးရွာသွန်းကာ မိုးသီး များကြွေကျမှုကြောင့် လူနှင့်တိရိစ္ဆာန်များ သေဆုံးမှုမရှိကြောင်း သိရှိရပါသည်။

MOI Webportal Myanmar




0 comments:

Post a Comment

.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙အကြောင်းအမျိုးကြောင့်ဆက်သွယ်လိုလျှင်.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙

foxyform