စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန်* အများအကျိုးပြုခြင်းဖြင့်ပျော်ရွှင်မှုရပါစေ...။ (မည်သူမဆို မျှဝေယူနိုင်ပါသည်- ရွှေအိမ်စည်)

ပင်မစာမျက်နှာ

ဗဟုသုတ

ဘုရားသမိုင်း

တရားဒါန

ပညာရေး

ကျန်းမာရေး

နည်းပညာ

ကဗျာများ

စီးပွား/စီမံ

ဘလော့ပိုစ်များ

ဟင်းချက်နည်း

ထူးခြားဆန်းပြား

mp3 သီချင်းများ

ဟာသလွင်ပြင်


စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန

Wednesday 30 April 2014

အမျိုးသမီးအင်္ဂါထဲ သေနတ်ဖွက်ယူလာတဲ့ ဆယ်ကျော်သက်မိန်းကလေး

အသက် ၁၉ နှစ်အရွယ် Dallas Archerဆိုသူ မိန်းကလေး တစ်ယောက်ကို ဆိုင်းငံ့ ထားတဲ့ ယာဉ်မောင်းလိုင်စင် ကိုင်ဆောင် မှုနဲ့ ရဲတွေက ဖမ်းဆီးခဲ့ပါတယ်။

Tennessee ပြည်နယ်၊ Kingsport မြို့ သူ Archer ကို ထောင်မိန့် ချပြီးနောက် အမျိုးသမီးထောင်အရာရှိ တစ်ယောက်က ရှာဖွေစစ်ဆေးခဲ့ရာ ပေါင်ခြံကြားက အမည်မသိအရာဝတ္ထုတစ်ခုကို တွေ့ ရှိခဲ့ပါတယ်။

ထောင်မှူးနဲ့ အမျိုးသမီးရဲဝန်ထမ်းတစ်ယောက်က သူမကို သန့် စင်ခန်းဆီခေါ်ဆောင်ပြီး စစ်ဆေးခဲ့ရာ Revolver သေနတ်တစ်လက်ကို သူမရဲ့ မိန်းမအင်္ဂါအတွင်းက တွေ့ ရှိခဲ့ကြောင်း သိရှိရပါတယ်။

လေးလက်မအရွယ်ရှိတဲ့ Revolver သေနတ်ကို ၂၀၀၃ ခုနှစ်က အသက်ကြီးအမျိုးသားတစ်ယောက်ရဲ့ ကားထဲကနေ ခိုးယူခဲ့တယ်လို့ ဆိုပါတယ်။

သေနတ်ပိုင်ရှင် အသက် ၇၀ အရွယ် John Souther က သေနတ်လေးကို ပြန်လည် တိုက်ချွတ်ပြီးမှ ပြန်ယူချင်တယ်လို့ ဆိုပါတယ်။

The Smoking Gun သတင်းဌာနရဲ့ အဆိုအရ Archer ကို သေနတ်လက်ဝယ်ထားရှိမှု ၊ အကျဉ်းထောင်ထဲ တားမြစ်ပစ္စည်း ခိုးသွင်းမှုနဲ့ အမှုဖွင့်ထားကြောင်း သိရပါတယ်။

Archer ကို အာမခံဒေါ်လာ ၆၀၀၀ နဲ့ အချုပ်ထောင်ကနေ လက်ရှိလွှတ်ပေး ထားကြောင်း ထောင်အာဏာပိုင် တစ်ယောက်က ပြောကြားခဲ့ပါတယ်။

တရားဝင်ရဲမှတ်တမ်းမှာ “ Ms.Archer ကို ရေချိုးခန်းတွင် ထောင်မှူးက စစ်ဆေးခဲ့ရာမှာ NAA 22 LR revolver အသေးစားတစ်လက်ကို Ms Dallas ရဲ့ မိန်းမအင်္ဂါအတွင်းကနေ ကျည်ဖြည့်ထားလျက်နဲ့ တွေ့ ရှိခဲ့ရတယ်” လို့  ဖော်ပြထားပါတယ်။

Ref: Mirror.co.uk
Tewand Myanmar

0 comments:

Post a Comment

.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙အကြောင်းအမျိုးကြောင့်ဆက်သွယ်လိုလျှင်.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙

foxyform