စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန်* အများအကျိုးပြုခြင်းဖြင့်ပျော်ရွှင်မှုရပါစေ...။ (မည်သူမဆို မျှဝေယူနိုင်ပါသည်- ရွှေအိမ်စည်)

ပင်မစာမျက်နှာ

ဗဟုသုတ

ဘုရားသမိုင်း

တရားဒါန

ပညာရေး

ကျန်းမာရေး

နည်းပညာ

ကဗျာများ

စီးပွား/စီမံ

ဘလော့ပိုစ်များ

ဟင်းချက်နည်း

ထူးခြားဆန်းပြား

mp3 သီချင်းများ

ဟာသလွင်ပြင်


စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန

Tuesday 29 April 2014

အင်းလျားကန်ပေါင်လုယက်မှုတွင် ပါဝင်သည်ဟု သံသယရှိသူ လေးဦးကို ဖမ်းဆီး စစ်ဆေးနေ

ရန်ကုန်၊ ဧပြီ ၂၇- အင်းလျားကန် ပေါင်တွင် ရွှေထည်နှင့် ကားကို အုပ်စု ဖွဲ့ကာ အကြမ်းဖက် လုယက်ခဲ့ရာတွင် ပါဝင်သည်ဟု သံသယရှိသူ လေးဦး ခန့်ကို ဖမ်းဆီး စစ်ဆေး နေကြောင်း ရန်ကုန်အနောက်ပိုင်း ခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ ဒုရဲမှူးကြီးဝင်းကြည်က ပြော သည်။

ဒုရဲမှူးကြီးဝင်းကြည်က''မသင်္ကာ လို့ စစ်ဆေးတဲ့သူ လေးဦးလောက် တော့ ရှိတယ်။ တချို့စစ်ဆေးပြီး ပြန် လွှတ်ပေး ထားတာတွေလဲ ရှိပါတယ်။ အသေး စိတ် ကို စုံစမ်းဖော်ထုတ်ရဦး မှာဆိုတော့ လတ်တလောအခြေအနေ ကို ပြောလို့ မရသေးဘူး'' ဟု ပြောသည်။

ထိုသို့ သံသယရှိသူများကို ဖမ်း ဆီးစစ်ဆေးနေသော်လည်း လတ်တ လော အခြေအနေများအရ ပျောက် ဆုံးနေသော လင်ခရူဆာ အမျိုး အစား မော်တော် ယာဉ်မှာ ရှာဖွေ၍ မရအောင် ပင် အစ အနပျောက်နေကြောင်း တိုင်း၊ ခရိုင်မြို့နယ် အဆင့်ဆင့်ပါဝင်သော သက်ဆိုင် ရာအဖွဲ့အစည်းများက ပူး ပေါင်းကာ တရားခံဖမ်းဆီးရမိရေးနှင့် သက်သေခံ ကားကို ရန်ကုန်အနှံ့ ပိုက် စိပ်တိုက် ရှာဖွေနေကြောင်း ရန်ကုန် တိုင်း ရဲတပ်ဖွဲ့မှူးရုံး မှ သိရသည်။

ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူးရုံးမှ ရဲ အရာရှိတစ်ဦးက ''မကြာခင် ဒီအမှုက မိတော့မှာပါ''ဟု ပြောကြားခဲ့သည်။

လှိုင်မြို့နယ် အင်းလျားကန်ပေါင် တံတားဖြူမှတ်တိုင် အနီးတွင် ဧပြီ ၂၄ရက် နံနက် ၄နာရီခွဲခန့်က အင်း လျားကန်ပေါင်ပေါ်တွင် လာအပန်း ဖြေသည့် ကိုအောင်ငြိမ်းခန့်နှင့် သူ ငယ်ချင်းတစ်ဦးတို့ကို အမည်မသိ လူငါးဦးခန့်က ဓားဖြင့် တိုက်ခိုက် ပြီး ရွှေထည် ပစ္စည်းများနှင့် ၎င်းတို့စီးလာ သည့် လင်ခရူ ဆာ ကားကို ဓားမြတိုက် လုယူထွက်ပြေးသွားကြောင်း၊ ကိုအောင် ငြိမ်းခန့်နှင့် ၎င်းသူငယ်ချင်းတွင် ဓား ဖြင့်တိုက်ခိုက်ခံရသောကြောင့် လက်ဖျံ နှင့် လက်မောင်းများတွင် ဒဏ်ရာ အနည်းငယ်ရရှိသွားပြီး အဆိုပါ အမှု ကိုလှိုင်မြို့နယ်ရဲစခန်းတွင် ကိုအောင် ငြိမ်းခန့်က တရားလိုပြုလုပ်ကာ အမှု ဖွင့်ထားကြောင်း သိရသည်။

KMZ
[--Democracy today Daily Newspaper--]

Myanmar News Network

0 comments:

Post a Comment

.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙အကြောင်းအမျိုးကြောင့်ဆက်သွယ်လိုလျှင်.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙

foxyform